အဘဦးဖိုးနီပြောတဲ့ လက်ဖဝါးပေါ်မှာ လျှို့ဝှက်ဆန်း ကြယ် ဂမ္ဘီရကြက်ခြေ ပါသူများအကြောင်း

အဘဦးဖိုးနီပြောတဲ့ လက်ဖဝါးပေါ်မှာ လျှို့ဝှက်ဆန်း ကြယ် ဂမ္ဘီရကြက်ခြေ ပါသူများအကြောင်း

ဒီမနက်လဲ နံနက် (၁-၀၀)လောက်မှာနိုးလာပါတယ်။ခါတိုင်းဆို ဘုရားကန်တော့သစ္စာပြုပြီး စာဖတ်၊ပြီးရင် တရားထိုင်ပြီးကရေးခြင်တဲ့ စာ ရေး တင်ပါတယ်။ပြီးရင်ပြန်လှဲပါတယ်။

ဒီမနက်ကတော့ စာမဖတ်အားဘဲ ရေးခြင်ဖော်ပြခြင်နေတဲ့ကိစ္စရပ်လေး တစ်ခု ရှိနေပါတယ်။

ဒါကတော့ ငါးပါးသီလ လုံစွာနေထိုင်နေပေမဲ့ လောကဓံဒါဏ်ကိုခံနေရတဲ့ မိတ်ဆွေများအတွက်ပါ။မနေ့ကတော့ ဘုရားစာတွေရွတ်ပေမဲ့ ဘဝ မ တိုးတက်သူတွေအနှောင့်အရှက်ခံနေရသူတွေကို ပရိကံလိုအပ်ချက်ဖြန့်ဝေပေးခဲ့ပြီးပါပြီ။

ဒီနေ့ကတော့ ငါးပါးသီလ လုံပါလျက် မပြည့်မစုံဖြစ်နေကြရသောမိတ်တွေအတွက်ပါ။စာတွေလိုက်ဖတ်တဲ့အခါမှာ ဂမ္ဘီရ ကြက်ခြေ ပါရင် အ ရာ ရာပြည့်စုံမယ် ကြီးပွားမယ်လို့ ရေးထားတာတွေ ဖတ်ရပါတယ်။သုတေသနအရတဝက်မှန်တဝက်မှားပါတယ်လို့ကျွန်တော် အခိုင်အမာ ပြောပါမယ်။

ဘာကြောင့်ပြောနိုင်သလဲဆိုရင်လက်ခဏာပညာရပ်ကို(၁၃)နှစ်သားကစတင်ရင်းနှီးပြီး ယနေ့အချိန်အထိ အဆက်မပြတ်သုတေသနလုပ်ခဲ့ လို့ပါဘဲ။လက္ခဏာပညာရဲ့အားသာချက်က တွက်ချက်နေစရာဘာပစ္စည်းဘာအထောက်အကူမှမလိုဘဲလက်ကိုယူကြည့်တာနဲ့ ခြုံငုံပြော နိုင် ပါတယ်။ မွေးနှစ် မွေးလ ရက်နေ့ဘာမှမလိုပါ။

လက်ခဏာနဲ့အသေးစိတ်ကတော့ အတိုင်းအထွာ လိုပါတယ်။ဒါပေမဲဗေဒင်ပညာလောက်အနုမစိတ်နိုင်ပါဘူး။ သယ်ဆောင်ရတဲ့ပစ္စည်းပ စ္စယ တာ ဝန်နည်းပါတယ်။မှန်ဘီလူးတစ်ချပ်ပါရင်ရပါပြီ။ဝန်ကျဉ်းပေမဲ့ဒီပညာလဲ မိမိမှာအတွေ့အကြုံ ရှိသလောက်မှန်ဘီလူးကောင်းရင် ကောင်းသလောက် သိနိုင်ပြောနိုင်တဲ့ပညာတွေအများကြီး ရှိ ပါ တယ်။

သမထ နဲ့ပေါင်းရင်တော့ လက်ကိုကိုင်တာနဲ့အပူအအေးအရှိန်အဟုန်ရိုက်ခတ်မှု့ကြောင့် ၃၀% လောက်ပြောနိုင်နေပါပြီ။ရုပ်ရှင်တွေထဲမှာ လ က္ခဏာဆရာ လက်ကိုင်ရင် အသားယူတယ်ဆိုတဲ့ ပြကွက်တွေ ဟာသနှော ရိုက်ထားတာတွေ့နေကြမို့လူအများက အထူး သဖြင့် (မိန်းခ လေး)တွေ မနှစ်သက်ပါဘူး။ဒါပေမဲ့ လက်ရေစာ ကြမ်း မကြမ်းက အဓိက အချက်ပါ။မကိုင်ဘဲ မပွတ်သပ်ဘဲမသိနိုင်ပါဘူး။နုရင်ပင်ပန်း ဆင်း ရဲနည်းပါတယ်။

ကြမ်းရင် သူဌေးတောင် မနေနိုင်မထိုင်နိုင် ဖုန်သုတ်နေရမှနေတတ်ပါတယ်။လက်ရေစာကြဲရင် လဲ ပင်ပန်းပါတယ်။ လက်ရေစာစိတ်ရင်သ က် သာ ပါတယ်။အားလုံးလဲ အခြေခံသိအောင်ထည့်ပြောနေတာပါ။အရောင်အသွေးမှာလဲ ပန်းရောင်ဖြစ်ရင် အေးချမ်းပြီး အနီရောင်ဆိုရင် လောဘ ဒေါသ မောဟ များလာပါပြီ ခရမ်းရောင်ဆိုရင် ပြစ်မှု့နီး စပ်နေပြီး ဖြူဖျော့နေရင်ကျန်းမာရေးကျနေတာ ဖော်ပြနေပါတယ်။

အနီရောင်သန်းပြီး အဖြူစကတွေများနေရင် အသည်းကိုဒုက္ခပေးနေပါပြီ။စာလေးမှာစိုးလို့အခြေခံသဘောတွေကိုရပ်ပါပြီ။ဂမ္ဘီရ ကြက်ခြေ ပါတာ ကောင်းတဲ့အမှတ်အသားဆိုတာထောက်ခံပါတယ်။ဒါပေမဲ့ ဒီဘဝမြာ လောကဓံအတော်ခံရမဲ့သူတွေလို့ကျွန်တော် တိတိက်က် ပြောပါ တယ်။သက်သက်သာသာနဲ့ ဘာတခုမှအချောင်မရပါဘူး။ တခါလုပ်ရုံနဲ့လဲ အဆင်မပြေပါဘူး။အနည်းဆုံး ၂ကြိမ်ကြိုးစားရသူတွေပါ။

ဒီအမှတ်ပါလာရင

  • ၁။အများအတွက် လူပင်ပန်း စိတ်ပင်ပန်းရပါမယ်။အကျိုးဆောင်လက်ပါ။
  • ၂။အများအားကိုးခံရပါမယ်။ပဲခူးဆားပါ။
  • ၃။အိပ်မက်ထူးများမြင်မက်ပါတယ်။
  • ၄။တခါမှမရောက်ဘူတဲ့နေရာ ရောက်သွားရင် ရင်းနှီးစွာသိနေပါတယ်။
  • ၅။မသန့်တဲ့နေရာ အသုံးအဆောင်နဲ့ကြုံရင် ချက်ခြင်းစိတ်ကသိပြီး ဓါတ်ပြင်းသူတွေဆို ယားယံလာပါမယ်။
  • ၆။လူတစ်ယောက်ကို ချက်ခြင်း အကဲခတ် မသိစိတ်​က ပုံဖော်ပြီးလူကောင်းဟုတ် မဟုတ်ချက်ခြင်းသိပါတယ်။
  • ၇။ဓါတ်ပြင်းသူများ ဆိုရင် စုန်းတတစ္ဆေ ပူးသူနားရောက်တာနဲ့ချက်ခြင်းရောဂါပျောက်ပါတယ်။
  • ၈။မွေးမြူရေးလုပ် အရင်းပြုတ်ပါတယ်။
  • ၉။အကုသိုလ်အလုပ် ဘာမှအကျိုးမပေးပါ။
  • ၁၀။မီးလောင် ရေနစ် ဓါတ်လိုက် accident မျိုးစုံကြုံဘူးပါမယ်။
  • ၁၁။အိမ်ထောင်ရေးသာယာမှု့နည်းပါတယ်။ကွဲတတ်ပါတယ်။မကွဲရင်ခွဲနေရပါမယ်။
  • ၁၂။အခက်အခဲသိပ်ကြုံလာရင် နောက်ဆုံးအချိန်မှာ ကူညီသူပေါ်လာပါတယ်။
  • ၁၃။အချုပ်အနှောင်ကိန်းတွေလဲကြုံရပါတယ်။
  • ၁၄။သွားပုပ်လေလွင့်လဲအပြောခံရပါမယ်။
  • ၁၅။ဘဝနေဝင်ချိန်မှ ဥစ္စာချမ်းသာ တရားအသိ ချမ်းသာရပါတယ်။
  • ၁၆။ပထမ ဒုတိယ တတိယ အရွယ်တွေမှာခံရပြီးစတုထ္ထအရွယ်မှာမှ အေးချမ်းရပါမယ်။ဒါကိုကောင်းတယ်ပြောမှာလား လို့မေးရင် ကောင်း တယ်လို့ ဖြေပါမယ်။

ဒါကြောင့် ဂမ္ဘီရကြက်ခြေပါပြီး လောကဓံကြုံနေသူတွေကိုပြောပြခြင်တာက ဝဋ်ကြွေးအကုန်ဆပ်ရအောင်အကြွေးတောင်းခံနေရတာ ပါလို့။ လောကဓံတွေက သင့်ကို အတိတ်အကြွေးတွေ ဆပ်ခိုင်းနေသလို သံသရာပြတ်ခြင်အောင် တွန်းပို့နေတာပါလို့ မှာပါရစေ။စိတ်ဓါတ် မကျပါ နဲ့။ဘယ်တော့မှ ထမင်းမငတ်တဲ့လက်ပါ။ကိုယ်စိတ်ကတော့အနားမရဘဲ ပင်ပန်းပါမယ်။သူများလက်ချက်နဲ့ ဘယ်တော့မှမသေပါဘူး။ Accident ကြောင့်လဲမသေပါဘူး။တွဲလျက်အရံအသက်လမ်းကြောင်းလဲပါမှာပါ။

ခွဲစိတ် ဖြတ်တောက်ကုသ ခံရမှာတော့၁၀၀% အပြည့်ပါလို့မှာရင်းသူတော်ကောင်းလက်၊ဒါမြ မဟုတ်သူတော်ကောင်းဖြစ်တော့မဲ့လက် လို့ အာ မခံ ပြောရဲပါတယ်။တရားထိုင်ရင်တရားထူးအမြန်ရပါမယ်။ထူးခြားသူများနဲ့ ထူးခြားဖြစ်စဉ်များကိုကြုံရမြင်ရပါမယ်။နိတ်ဗာန်ကိုမြင်နေ ရပါပြီ။ရောက်ဖို့ အ တွက် အားထုတ်ဖို့ကမိမိတာဝန်ပါ။သူများတွေ ဝေးနေသေးတဲ့ နိဗ္ဗာန် မြင်နေရတဲ့လမ်းပေါ်ခြေချမိနေမှတော့ ဘာစိတ် ည စ္စရာ လိုပါသေးလဲ။မြန်မြန်သွားရင်မြန်မြန် ရောက်မယ် နှေးနှေးသွားရင် နှေးနှေးရောက်မယ်။ဒါဘဲကွာပါတော့တယ်။

ဒီလက်ပိုင်ရှင်ဟာ သောတာပန် အဆင့်အနည်းဆုံးကူးပြောင်းတော့မဲ့ သူမို့ပါ။ သံသရာပြတ်ဖို့ငါး ဘဝသာ ကျန်တော့တယ်လို့ရှေးဟောင်း ကျမ်း တွေက ဆိုပါတယ်။

မိတ်ဆွေအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ။

Credit..ဘဘဦးဖိုးနီ

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။Photo Credit to Owners

Comments are closed.