ချစ်သူနှစ်ဦးကြား ရှေ့ဆက်သင့် မဆက်သင့် သိစေနိုင် တဲ့ အချစ်ရေးဗေဒင်တွက်နည်း

ချစ်သူနှစ်ဦးကြား ရှေ့ဆက်သင့် မဆက်သင့် သိစေနိုင် တဲ့ အချစ်ရေးဗေဒင်တွက်နည်း

ချစ်သူနဲ့ဒီနှစ်ဖူးစာဆုံနိင်မှာလားလို့ဗေဒင်ဆရာတွေမကြာခဏအမေးခံရတတ်ပါတယ်။ဗေဒင်ပညာကိုလေ့လာချင်ရင်ဒီတွက်နည်းကိုသိထားသင့်ပါတယ်။တွက်နည်းကလွယ်ပါတယ်မြန်မာ့ရိုးရာတွက်နည်းပါပဲ။ဒီတွက်နည်းကိုလက်တွေ့ဟောပြောတဲ့အခါအခက်အခဲလေးတွေရှိပါတယ်နားလည်အောင်ရှင်းပြပေးပါ့မယ်နားမလည်တာရှိခဲ့ရင်ပြန်လည်မေးမြန်းပါ။ရှင်းပြပေးပါ့မယ်။

တွက်နည်း….အသက်၃၄နှစ်ရှိတဲ့ကြာသာပတေးသမီးကဒီနှစ်ထဲမှာချစ်သူနဲ့အိမ်ထောင်ကျကိန်းရှိမရှိမေးလာတယ်။မေးသူရဲ့အသက်ကိုတည်နေ့နံနဲ့ပေါင်းအမျိုးသားရဲ့နေ့နံနဲ့ထပ်ပေါင်းပြီးရလဒ်ကို၈နဲ့စား ဥပမာ=မေးသူအသက် ၃၄, နေ့နံ=ကြာသာပတေး ၅, ချစ်သူနေ့နံ=တနလာင်္ ၂, ပေါင်းခြင်းရလဒ် ၃၄+၅+၂=၄၁, ၄၁ကို၈နဲ့ပြန်စား၄၁÷၈=၁ကြွင်း ။

ကြွင်း၁၊၃၊၅၊ဝကြွင်းရင်မရသေးပါဘူး။အစီအစဉ်လေးတွေနောက်ရွှေ့ရမယ်။ချစ်သူဘဝမှာဘဲတင်းတိမ်ကြပါဦး။နှစ်ယောက်ကြားမှာရှိတဲ့အဖုအထစ်လေးတွေပြေလည်အောင်ဖြေရှင်းကြပါဦး။တစ်ယောက်နဲ့တစ်ယောက်ကြားမှာဘေးစကားအနှောက်အယှက်တွေရှိနေပါတယ်။အိမ်ထောင်ပြုဖို့စီစဉ်ပါကပျက်ရွင်းတတ်ပါတယ်။၂၊၄၊၆ကြွင်းရင်ဟန်ကျပြီဗျို့ဘယ်သို့သောအနှောက်အယှက်မှနှစ်ယောက်ကြားမဝင်နိုင်တော့ဘူး။ရည်ရွှယ်ထားသူနဲ့ဒီနှစ်ထဲဖူးစာဆုံမှာပါ။

အချစ်ဗေဒင်

(၂)…..လက်တွေ့ဟောပြောတဲ့အခါမှာပြသနာအနည်းငယ်ရှိပါတယ်။ဘယ်သူ့အသက်ကိုယူရမှာလဲဆိုတဲ့ပြသနာပါ။ဖြေရှင်းနည်း၄နည်းရှိပါတယ်။ ၁။တစ်ယောက်ထဲလာမေးရင်မေးသူရဲ့အသက်(အမျိုးကမေးရင်အမျိုးသားအသက်)ကိုယူရပါတယ်။ ၂။နှစ်ယောက်ထဲပြီးကျွန်တော် ကျွန်မတို့ဆိုပြီးမေးရင်အမျိုးသမီးရဲ့အသက်ကိုယူရပါတယ်။ ၃။အမျိုးသမီးရဲ့အသက်ကိုအတိအကျမသိရင်အမျိုးသားရဲ့အသက် ကိုယူရပါ တယ်။

၄။နှစ်ယောက်လုံးရဲ့အသက်ကိုမသိဘူးဆိုရင်ယခုရောက်ဆဲကောဇာသက္ကရာဇ်ကိုအသက်နေရာမှာတည်ပြီးတွက်ရပါတယ်။ ဒီတွက် နည်း မှာနောက်ထပ်ပြသနာရှိတာကလူတစ်ယောက်ကသူ့မှာရည်းစားကနှစ်ယောက်အိမ်ကစီစဉ်တာကတစ်ယောက်ပေါင်းသုံးယောက်ရှိနေတယ်ဘယ်သူနဲ့အိမ်ထောင်ကျမှာလဲလို့မေးလာပြီဘယ်လိုတွက်မှာလဲ။

ဗေဒင်မေးသူကအသက်၂၄နှစ်ရှိစနေသားသူရည်ရွှယ်ထားတာကဗုဒ္ဓဟူးသမီးနဲ့သောကြာသမီးအိမ်ကစီစဉ်တာကအင်္ဂါသမီးဒီ၃ယောက်မှာဘယ်သူနဲ့ဖူးစာဆုံမလဲ။ လွယ်ပါတယ်။ပထမနည်းအတိုင်းတစ်ယောက်ပြီးတစ်ယောက်တွက်ရပါတယ်။ ၁။မေးသူအသက်၂၄+မေးသူနေ့ နံရ+ သူ လိုသူနေ့နံဗုဒ္ဓဟူး၄=၅၃÷၈=၃မညား။ ၂။မေးသူ၂၄+၇+သိလိုသူသောကြာ၆=၃၇÷၈=၅မညား။

၃။၂၄+၇+အင်္ဂါသမီး၃=၃၄÷၈=၂ညား အဖြေရပါပြီဒီနှစ်မှာချစ်သူတွေနဲ့မညားဘဲအိမ်ကစီစဉ်တဲ့အင်္ဂါသမီးနဲ့သာဖူးစာ ဆုံမှာပါ။ဒီနေရာမှာ ပြသနာတစ်ခုရှိပါတယ်။

အချစ်ဗေဒင်(၃)….အများထဲကတစ်ယောက်ကိုတွက်တဲ့အခါမှာလက်ထပ်ရမယ့်ကိန်း၊ညားတဲ့ကိန်းကနှစ်ယောက်ဖြစ်နေတယ် ဥပမာ။ အ သက်၂၄နှစ်ရှိတနလာင်္သမီးမှာရည်မှန်းထားတဲ့သူနှစ်ယောက်ရှိပါတယ်။တနင်္လာသားနဲ့ဗုဒ္ဓဟူးသား၊ဘယ်သူနဲ့ဒီကာလမှာဖူးစာစုံမှာလဲလို့တွက်ကြည့်တဲ့အခါ တနင်္လာသား-၂၄+၂+၂=၂၈၎င်းကို၈နဲ့စား၈÷၂၈=၄(ညား) ဗုဒ္ဓဟူးသား-၂၄+၂+၄=၃၀၎င်းကို၈နဲ့စား၈÷၃၀=၆(ညား) နှစ် ယောက်စလုံးနဲ့ညားမယ်လို့အဖြေထွက်နေပါတယ်။ဒီလိုပြဿနာနဲ့ကြုံတွေ့ရရင်အမျိုးသားရဲ့ဘက်ကပြန်တွက်ရပါတယ်။

ဥပမာ။တနလာင်္သားအသက်က၃၁ဆိုပါတော့၃၁ကို၎င်း၏နေ့နံနှင့်ပေါင်းတဖန်အမျိုးသမီးနေ့နံနှင့်ပေါင်း၊ပေါင်း၍ရသောကိန်းကို၈နဲ့စားပါ။ဥပမာ တနင်္လာသားအသက်၃၁+၎င်းနေ့နံ၂+အမျိုးသမီးနေ့နံ၂=၃၅၎င်းကို၈နဲ့စား၈÷၃၅=၁(မညား) ဗုဒ္ဓဟူးသားအသက်၂၈+၎င်း၏ နေ့နံ၄ +အ မျိုးသမီးနေ့နံ၂=၃၄၎င်းကို၈နဲ့စား၈÷၃၄=၂(ညား) အဖြေရပါပြီ။တနလာင်္သမီးအတွက်ဒီနှစ်ထဲမှာရွှေးရခက်အော င်နှစ်ယောက်ကိန်း ကြုံနေပေမယ့်ဗုဒ္ဓသားနဲ့သာဖူးစာစုံမှာဖြစ်ပါတယ်။

Comments are closed.