သူမဆီကို အကူအညီလာတောင်းခံကြသူတွေ အရမ်း များ ပြီး ပြန်လည် မကူညီနိုင်လို့ စိတ်မကောင်းဖြစ်ရ ကြောင်း ဝမ်းနည်းစွာ ပြောပြလာတဲ့ စူးရှထက်

သူမဆီကို အကူအညီလာတောင်းခံကြသူတွေ အရမ်း များ ပြီး ပြန်လည် မကူညီနိုင်လို့ စိတ်မကောင်းဖြစ်ရ ကြောင်း ဝမ်းနည်းစွာ ပြောပြလာတဲ့ စူးရှထက်

စူးရှထက်ကတော့ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့ အတူ အမှန်တရားဘက်ကနေ ရပ်တည်ကာ လူ ထု လှုပ်ရှားမှုကြီးကို အားကြိုး မာန်တက် လုပ်ဆောင်ခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။ပြည်သူတွေအားလုံး စည်းလုံးညီညွှတ်စွာ ပြုလုပ်ကြတဲ့ နွေဦးတော်လှန်ရေးမှာ စူးရှထက်က လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေ ပြုလုပ်သလို အလှူအတန်းမှာလည်း လက်မနှေးတဲ့ သူပဲ ဖြစ်ပါတ ယ်။

သူမရဲ့ ချွေးနည်းစာ ငွေကြေးနဲ့ အလှူအတန်းတွေ ပြုလုပ်နေတာ ဖြစ်ပြီး အလှူရှင်တွေနဲ့ စုပေါင်းကာ ဒီလိုကာလမှာ အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေ အတွက် ကိုယ်တိုင် သွားရောက် လှူဒါန်းကုသိုလ်ပြု နေတာလည်း ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ချွေတာခဲ့သလို သူမရဲ့ကား ကိုတောင် ရောင်းချကာ လိုအပ်တဲ့နေရာတွေကို လှူဒါန်းပေးနေသူ တစ်ယောက်ပါ ။

မကြာခင်နာရီပိုင်းလောက်က သူမရဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာ အကြောင်းအရာလေးတစ်ခုကိုရေးသားဖော်ပြလာပါတယ် ။ သူမဆီ ကို ဒုက္ခရောက်လို့ အလှူလာခံကြသူတွေ များပြားကြောင်းနဲ့ သူမအနေနဲ့လည်း ဖြစ်နိုင်ရင်အကုန်ကူညီချင်ပေမယ့် အခုအချိန်မှာ ဆိုင် လ ည်း မဖွင့်နိုင်သေးတာကြောင့် အဆင်မပြေမှုတွေများစွာရှိနေလို့ ပြန်လည်မကူညီနိုင်တာ များစွာစိတ်မကောင်းဖြစ်နေမိကြောင်းကို ” အခ က်ခဲ ဖြစ် နေတဲ့သူတွေကိုအကုန်ကူညီချင်တာပါ တကယ်စိတ်ရင်းနဲ့ပါ ကိုယ်ကလဲ သူဋ္ဌေးမဟုတ်တော့အကုန်မကူညီနိုင်တော့လို့ပါ

အမှန်တိုင်းပြောပြမယ် အမှန်တိုင်းပြောလို့လဲအထင်သေးမယ်ဆိုလဲအထင်သေးလို့ရပါတယ် ကိုယ့်မှာပိုင်ဆိုင်တာဆိုလို့ ဆိုင်လေးရယ် ကား လေးရယ် ကားလေးကလဲ ရောင်းလှူလိုက်လို့ကုန်သွားပါပြီ ရှိတဲ့ဆိုင်လေးကလဲနိုင်ငံရေးမကောင်းလို့ ပိတ်ထားရတယ် ဆိုင်ဖွင့်liveလွှင့် ရော င်း လို့ရပေမဲ့ အများဒုက္ခရာက်နေချိန် မိုးခါးရေ မသောက်ရက်ပါဘူး ဆိုင်ကလဲ ဒီလကုန် စာချုပ် ချုပ်ရမယ်ဆက်ဖွင့်ရမလား ပိတ်လိုက် ရမလားမသိနဲ့ ကျွန်မ လမ်းတွေပျောက်နေပါတယ်  ကျွန်မကရှိလို့လှူတာမဟုတ်ပါဘူး ကိုယ့်စားမဲ့ထဲက လျှော့စားပြီလှူတာပါ

ဒုက္ခရောက်နေတဲ့ သူတွေဘယ်လောက်များနေလဲဆိုတာ  သိပါတယ် တစ်နေ့တစ်နေ့ ကျွန်မ cb မှာ စာတွေအဆောင်ပေါင်းမနည်းဘူး ကူ ညီချင်ပါတယ် အရမ်းကို ကူညီချင်တာပါ ကျွန်မမှာ တကယ်မရှိတော့လို့ပါ ဒီစာရိုက်ရင်း ကျွန်မဆန္ဒ တွေမပြည့်ဝလို့ မျက်တွေကျနေ ရပါ တယ် မကူညီနိုင်တော့ လို့ တောင်းပန်ပါတယ်ရှင့် ” ဆိုပြီးရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း စူးရှထက် တစ်ယောက်လည်း အဆဆအရာရာ အဆင်ပြေပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Zar Chi

[zawgyi]

စူးရွထက္ကေတာ့ လက္ရွိ ျမန္မာႏိုင္ငံမွာ ျဖစ္ပြားေနတဲ့ အေျခအေနေတြမွာ ျပည္သူေတြနဲ႔ အတူ အမွန္တရားဘက္ကေန ရပ္တည္ကာ လူ ထု လႈပ္ရွားမႈႀကီးကို အားႀကိဳး မာန္တက္ လုပ္ေဆာင္ခဲ့တဲ့ သူလည္း ျဖစ္ပါတယ္။ျပည္သူေတြအားလုံး စည္းလုံးညီၫႊတ္စြာ ျပဳလုပ္ၾကတဲ့ ေႏြဦးေတာ္လွန္ေရးမွာ စူးရွထက္က လမ္းမေပၚထြက္ကာ လႈပ္ရွားမႈေတြ ျပဳလုပ္သလို အလႉအတန္းမွာ လည္း လက္မေႏွးတဲ့ သူပဲ ျဖစ္ပါတ ယ္။

သူမရဲ႕ ေခြၽးနည္းစာ ေငြေၾကးနဲ႔ အလႉအတန္းေတြ ျပဳလုပ္ေနတာ ျဖစ္ၿပီး အလႉရွင္ေတြနဲ႔ စုေပါင္း ကာ ဒီလိုကာလမွာ အခက္အခဲ ျဖစ္ေနတဲ့ ျပည္သူေတြ အတြက္ ကိုယ္တိုင္ သြားေရာက္ လႉဒါန္းကုသိုလ္ျပဳ ေနတာလ ျဖ စ္ပါ တယ္။ သူကိုယ္တိုင္လည္း ေခြၽတာခဲ့သလို သူမရဲ႕ကား ကိုေတာင္ ေရာင္းခ်ကာ လိုအပ္တဲ့ေနရာေတြကို လႉဒါန္းေ ပးေနသူ တစ္ေယာက္ပါ ။

မၾကာခင္နာရီပိုင္းေလာက္က သူမရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာထက္မွာ အေၾကာင္းအရာေလးတစ္ခုကိုေရးသားေဖာ္ျ ပလာပါတယ္ ။ သူမဆီ ကို ဒုကၡေရာက္လို႔ အလႉလာခံၾကသူေတြ မ်ားျပားေၾကာင္းနဲ႔ သူမအေနနဲ႔လည္း ျဖစ္ႏို င္ ရင္အကုန္ကူညီခ်င္ေပမယ့္ အခုအခ်ိန္မွာ ဆိုင္ လ ည္း မဖြင့္ႏိုင္ေသးတာေၾကာင့္ အဆင္မေျပမႈေတြမ်ား စြာရွိေန လို႔ ျပန္လည္မကူညီႏိုင္တာ မ်ားစြာစိတ္မေကာင္းျဖစ္ေနမိေၾကာင္းကို ” အခ က္ခဲ ျဖစ္ ေနတဲ့သူေတြကိုအကုန္ကူညီခ်င္တာပါ တကယ္စိတ္ရင္းနဲ႔ပါ ကိုယ္ကလဲ သူေ႒းမဟုတ္ေတာ့အကုန္မကူညီႏိုင္ေတာ့လို႔ပါ

အမွန္တိုင္းေျပာျပမယ္ အမွန္တိုင္းေျပာလို႔လဲအထင္ေသးမယ္ဆိုလဲအထင္ေသးလို႔ရပါတယ္ ကိုယ့္မွာပိုင္ဆိုင္တာဆိုလို႔ ဆိုင္ေလးရယ္ ကား ေလးရယ္ ကားေလးကလဲ ေရာင္းလႉလိုက္လို႔ကုန္သြားပါၿပီ ရွိတဲ့ဆိုင္ေလးကလဲႏိုင္ငံေရးမေ ကာ င္းလို႔ ပိတ္ထားရတယ္ ဆိုင္ဖြင့္liveလႊင့္ ေရာ င္း လို႔ရေပမဲ့ အမ်ားဒုကၡရာက္ေနခ်ိန္ မိုးခါးေရ မေသာက္ရက္ပါဘူး ဆိုင္ကလဲ ဒီလကုန္ စာခ်ဳပ္ ခ်ဳပ္ရမယ္ဆက္ဖြင့္ရမလား ပိတ္လိုက္ ရမလားမသိနဲ႔ ကြၽန္မ လမ္းေတြေပ်ာက္ေနပါတယ္ ကြၽန္မကရွိလို႔ လႉ တာမဟုတ္ပါဘူး ကိုယ့္စားမဲ့ထဲက ေလွ်ာ့စားၿပီလႉတာပါ

ဒုကၡေရာက္ေနတဲ့ သူေတြဘယ္ေလာက္မ်ားေနလဲဆိုတာ သိပါတယ္ တစ္ေန႔တစ္ေန႔ ကြၽန္မ cb မွာ စာေတြအေဆာ င္ေပါင္းမနည္းဘူး ကူ ညီခ်င္ပါတယ္ အရမ္းကို ကူညီခ်င္တာပါ ကြၽန္မမွာ တကယ္မရွိေတာ့လို႔ပါ ဒီစာ႐ိုက္ရင္း ကြၽန္မဆႏၵ ေတြမျပည့္ဝလို႔ မ်က္ေတြက်ေန ရပါ တယ္ မကူညီႏိုင္ေတာ့ လို႔ ေတာင္းပန္ပါတယ္ရွင့္ ” ဆိုၿပီးေရးသားေဖာ္ျပ ထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးရင္း စူးရွထက္ တစ္ေယာက္လည္း အဆဆအရာရာ အဆင္ေျပ ပါေစ ဆုေတာင္းေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Zar Chi

Comments are closed.