Line walker2 ရိုက်ရင်းအိမ်သာတက်ချိန်တောင်မရကြောင်းရင်ဖွင့်တဲ့ လင်းအောင်ခေတ်

Line walker2 ရိုက်ရင်းအိမ်သာတက်ချိန်တောင်မရကြောင်းရင်ဖွင့်တဲ့ လင်းအောင်ခေတ်

မန်မာတနိုင်ငံလုံးမှာတအားနာမည်ကြီး လူစိတ်ဝင်စားမှုများနေတဲ့ Line Walker 2 ရိုက်ကူးရေးမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် လင်းအောင်ခေတ် က သူရိုက်ကူးနေစဉ်ကအတွေ့အကြုံတွေနဲ့ ဘယ်လိုပါဝင်ဖြစ်တယ်ဆိုတဲ့အကြောင်းတွေကို 8daysမီဒီယာရဲ့အင်တာဗျူးအစီစဉ်တစ်ခုမှာ ပြောပြသွားခဲ့ပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကိုပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ပြောပြလိုက်ရပါတယ်။

Line Walker 2 မှာပါဝင်ဖြစ်ပုံနဲ့ ရိုက်ကူးနေစဉ်ကအတွေ့အကြုံတွေကို သူက “ကျွန်တော်ကို ဒီကားရဲ့ Assistance Director ပေါ့နော် မ စနိုးမိုင်လေးက ကျွန်တော်ကို ဒီAction ကားတစ်ကားရိုက်ဖို့ရှိတယ်ပေါ့ Line Walker လို့လည်းမပြောဘူး ။အဲ့ဒီလိုAction ကားတစ်ကားရိုက်ဖို့ရှိတယ် Castin ရှိတယ် လာရွေးမလားဆိုတော့ အိုကေပေါ့ကျွန်တော်လည်း ရွေးမယ်ဆိုပြီးတော့Casting သွားပြီးအရွေးရင်းနဲ့ပါဖြစ်သွားတာပါ ။ Casting ရွေးတဲ့အခါမှာအဓိကကတော့ သူတို့က ပါဝင်ပြီးတော့ သရုပ်ဆောင်ရမယ့် အခန်းတွေကိုပေါ့နော် ကြိုပြီးတော့လုပ်ခိုင်းတယ် ။ ချီတက်တဲ့အခန်းတွေ စစ်သားချီတက်တဲ့အခန်းတွေ ၊ သေနတ်မှန်တဲ့အခန်းတွေ၊ ပြီ်းတော့ရုံးမှာတရားခံကိုစစ်တဲ့အခန်းတွေကိုအဲ့ဒီလိုကြိုလုပ်ခိုင်းတယ်။ အတွေ့အကြုံကတော့အများကြီးပဲရတယ် အစကပြောတာ သုံးရက်ပြောတာပေါ့နော် ပြီးတော့ ကျွန်တော်တို့ကိုရိုက်တာနှစ်ရက်တည်းနဲ့ပြီးသွားတယ်။ နှစ်ရက်တည်းပြီးသွားတော့ အတွေ့ကြုံတွေကတော့ အများကြီးပဲ သူတို့တွေကကြိုတင်ပြင်ဆင်မှုရှိတယ်။

ကြိုတင်ပြင်ဆင်မှုရှိတယ်ဆိုတာကကျွန်တော်ဒီကားရိုက်တော့ Line Walker 1ကိုပြန်ကြည့် လိုက်တယ်။ Line Walker 1ကိုပြန်ကြည့်လိုက်တော့ ဘယ်လိုလဲဆိုတော့ Line Walker 1 မှာကတည်းကသူတို့မြန်မာနိုင်ငံမှာလာရိုက်ဖို့အစီစဉ်ရှိတယ်။ အဲ့ဒီကားထဲမှာပါတယ်။ ဒီလူကိုမြန်မာနိုင်ငံမှာတွေ့လိုက်တယ်ဆိုပြီးတော့ ။အဲ့ဒီအချိန်ကတည်းကသူတို့မြန်မာနိုင်ငံမှာလာရိုက်ဖို့အစီစဉ်ရှိပြီးသား။ ဒီလိုလမ်းတွေပိတ်ရိုက်ဖို့ ၊ လက်နက်တွေသယ်လာဖို့ဆိုတာလည်း လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက ကြိုတင်စီစဉ်ထားတယ်။ အဓိကကတော့ကြိုတင်ပြင်ဆင်မှုတွေအများကြီးရှိတယ် ။ပြီးတော့အချိန်ကိုလည်းသူတို့တွေအရမ်းတန်ဖိုးထားတယ်။ ကျွန်တော်တို့ကိုဆိုလုံးဝ ထမင်းစားချိန်ကအစ ငါးမိနစ် လောက်ပဲပေးတယ်။ မနက် ခုနှစ်နာရီကနေပြီးတော့ ညရှစ်နာရီထိလုံးဝမနားရဘူး တောက်လျှောက်ရိုက်ခိုင်းတယ်။ပြီးတော့ အများကြီးပဲဗျ။ ပြောပြရမယ်ဆိုရင်တော့ ။

ကိုယ့်အတွက်အကျိုးမြတ်ရမယ့် အတွေ့အကြုံဆိုတဲ့မေးခွန်းနဲပတ်သတ်ပြီး “ နောက်ထပ်လာပြီးကျွန်တော့်ကို အက်ရှင်ကားတွေဘာတွေလာရိုက်မယ်ဆိုရင်တော့ သေနတ်ကိုင်ပုံကိုင်နည်းတွေ စစ်သားတစ်ယောက်ရဲ့ချီတက်ပုံချီတက်နည်းတွေ စကားပြောနည်းတွေ ၊ ဟန်တွေနည်းနည်းတော့ကျွမ်းသွားမှာပေါ့ သေသေချာချာTrain တာ ။ ရီဟာဇယ်မှာတောင်မှကျွန်တော်တို့တစ်ခါတစ်ခါလုပ်ရရင် အခါ၃၀၊၄၀ လောက်လုပ်ရတယ်။ကားပေါ်ကခုန်ဆင်းတဲ့အခန်းတွေ လှေကားတက်တဲ့အခန်းတွေပေါ့။ဒုတိယရက်ဆိုရင် ကျွန်တော်မနက်စောစောစီးစီး ထမင်းစားပြီးဗိုက်အောင့်ရော ကျွန်တော်ကဗိုက်အောင့်တယ်ပေါ့ အိမ်သာသွားချင်တယ်လို့ပြောတော့မရဘူးဒီဟာပြီးအောင်လုပ်ပြီးအောင်လုပ်ပြီးမှသွားရမှာဆိုတော့ ဗိုက်အောင့်အောင့်နဲ့ပဲ လှေကားတွေတက်ရတာပေါ့ အဲ့တာကတော့အမှတ်တရပါပဲဆိုပြီးပြောပြသွားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.