ယနေ့ထက်တိုင် ရှင်သန်နေဆဲဖြစ်တဲ့ ဒိုးလုံးရဲ့ နာမည်ကျော်သီချင်းကောင်းများ

ယနေ့ထက်တိုင် ရှင်သန်နေဆဲဖြစ်တဲ့ ဒိုးလုံးရဲ့ နာမည်ကျော်သီချင်းကောင်းများ

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်ခန့်က မြန်မာနိုင်ငံရဲ့ ဂီတရေစီးကြောင်းကြီးကို ထူးထူးခြားခြား ပြောင်းလဲပေးခဲ့တဲ့ သူတစ်ဦးပေါ်ထွက်လာခဲ့ပါတယ်။ သူကတော့ နာမည်ကျော် အော်တာနေးတစ်ဗ်နဲ့ ရက်ဂေးဂီတကို အကောင်းဆုံးချပြနိုင်ခဲ့တဲ့ အဆိုတော် ဒိုးလုံးပဲ ဖြစ်ပါတယ်။ ကွယ်လွန်သွားခဲ့တာ ၁၅နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် ဒိုးလုံးရဲ့ တေးသီးချင်းကောင်းများဟာ ယနေ့ထက်တိုင် နားဆင်သူရဲ့ ရင်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်ဆဲပါ။ ဂီတပညာပိုင်းမှာ အဆိုတော်အချင်းချင်းကတောင် လေးစားခံရတဲ့ ဒိုးလုံးကို အမှတ်ရစေဖို့အတွက် သူ့ရဲ့တေးသီချင်းကောင်းများကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။

ဒိုးလုံးကို ၁၉၇၈ခုနှစ် ဇန်နဝါရီလမှာမွေးဖွားခဲ့ပြီး မွေးချင်း၅ယောက်မှာ အကြီးဆုံးသားဖြစ်ပြီး ငယ်နာမည် ” နေလင်းနိုင် ” လို့ခေါ်တွင်ခဲ့ပါတယ်။ ဒိုးလုံးဟာ ဆယ်တန်းကို ၁၉၉၇ခုနှစ်မှာ အောင်မြင်ခဲ့တာဖြစ်ပြီး ဂီတပိုးကတော့ ၈တန်းကတည်းက စတင်နေခဲ့တာပါ။ ဆယ်တန်းအောင်မြင်ပြီး ၁၉၉၈ခုနှစ်မှာ သူ့ရဲ့ ပထမဆုံးအယ်လ်ဘမ် ‘ အရိုးထိအောင်ရူး ‘ ကို စတင်ဖြန်ချိခဲ့ပြီး မြန်မာနိုင်ငံအနှံ့ အထူးသဖြင့် ဒိုးလုံးရဲ့ဇာတိမြို့ဖြစ်တဲ့ တောင်ကြီးမှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပါတယ်။ လူငယ်ထုရဲ့ လက်ခံအားပေးမှုကို တစ်မဟုတ်ချင်း ရရှိခဲ့ပြီး တေးရေး၊ တေးဆို ဒိုးလုံးဆိုတဲ့ နာမည်ဟာ ဂီတလောကမှာ အထူးရေပန်းစားခဲ့ပါတယ်။

ဒိုးလုံးရဲ့ ဘဝတစ်လျှောက်မှာ အကောင်းအဆိုး ၊ အနိမ့်အမြင့်များစွာ ဖြတ်ကျော်ခဲ့ရပြီး အသက် (၂၅)နှစ်အရွယ် ၂၀၀၃ခုနှစ် စက်တင်ဘာလ ၂ရက်နေ့မှာတော့ ရုတ်တရက်ကွယ်လွန်ခဲ့ပါတယ်။ လူသာကွယ်လွန်ခဲ့ရပေမယ့် သူ့ရဲ့အနုပညာဖန်တီးမှုတွေကတော့ ဆက်လက်ရှင်သန်နေဆဲဖြစ်ပြီး ယနေ့ထက်တိုင် ပါးစပ်ဖျားမှာ စွဲထင်ကျန်ရစ်နေစေမယ့် သီချင်းကောင်း ၁၀ပုဒ်ကို မိုမိုလေးပရိသတ်ကြီး အမှတ်တရ ပြန်လည်ခံစားနားဆင်နိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။

မချစ်ဘူးမပြောပါနဲ့

ချစ်ဦးမေ

အရိုးထိအောင်ရူး

ပရိသတ်ကြီးလည်း ဒိုးလုံးရဲ့ သီချင်းဟောင်းတွေကို ပြန်လည်ခံစားနိုင်ဆင်ပြီး သဘောကျနှစ်ခြိုက်မယ်လို့ မျှော်လင့်ပါတယ်။ သူ့သီချင်းတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် share သွားပေးဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.