KNU တပ်မဟာ ၅ ရောက်ကာ သေနတ်ပစ်သင်နေတယ်ဆိုပြီး အွန်လိုင်းပေါ်ပြန့်နှံ့နေတဲ့ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးနဲ့ မေပန်းချီတို့ရဲ့ ဗီဒီယို
KNU တပ်မဟာ ၅ ရောက်ကာ သေနတ်ပစ်သင်နေတယ်ဆိုပြီး အွန်လိုင်းပေါ်ပြန့်နှံ့နေတဲ့ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးနဲ့ မေပန်းချီတို့ရဲ့ ဗီဒီယို
လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ အနုပညာရှင်တွေတော်တော်များများကလည်း ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ် သားတည်း ရပ်တည်ကာ အမှန်တရားဘက် မားမားမတ်မတ်ရပ်တည်နေကြတာ တွေ့ရပါတယ်..။
၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တချို့ဟာ ဖမ်းဆီးထိန်းသိမ်း အကျဉ် းချခံနေရသ လို တချို့ကတော့ GZ လူင ယ် တွေနဲ့အတူ တောထဲမှာ စစ်ရေးလေ့ကျင့်မှုတွေ စစ်ပညာသင်နေကြပြီး အန္တရာယ်အခက်အခဲ တွေကြာ းက ရှောင်တိမ်းနေကြရတဲ့ အနုပညာရှင်တွေကလည်း အများအပြားပါပဲ..။
​တော်လှန်ရေးအတွက် အမှန်တကယ်လုပ်ဆောင်နေကြသူတွေရှိသလို သတင် းအမှားတွေ လည်း တွေ့မြင်နေ ရပြီး ညီထွဋ် ခေါင်၊ ဆုမြ တ် နိုးဦးနဲ့ မေပန်းချီတို့ဟာ KNU တပ်မဟာ ၅ ကိုရောက်ရှိနေကာ သေနတ်ပစ်သင်နေတယ်ဆိုပြီး လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဗီဒီယိုဖိုင်တွေပြန့်နှံ့နေတာ တွေ့ရပါတယ်..။
ဒီဗီဒီယိုဖိုင်ကို လက်ရှိမှာတော့ ပြန်လည် ဖြန့်ဝေသူတွေများစွာ ရှိနေပေမယ့်လည်း တကယ်တော့ ဒီဗီဒီယို ဟာ အရ င်တုန် းက ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင် တစ်ခုပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ သရုပ်ဆောင်ဆုမြတ်နိုးဦးနဲ့ မေပန်းချီတို့ဟာ အခြေအ နေအမျိုးမျိုး ကြောင့် အခ က်အခဲတွေရှိပေမယ့် စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေကြတာကိုလည်း သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှ ာတွေ က နေ တစ်ဆင့် တွေ့မြင်နေရပါတယ်။
၅၀၅ က ဖြင့် အမှုဖွင့်ခြင်း ခံထားရတဲ့ သရုပ်ဆောင်ညီထွဋ်ခေါင်ကတော့ လတ်တလောမှာ ဘေးလွတ်ရာ ကို ရှောင်တိမ်း နေတာ ဖြစ်ပါတယ်..။အရင်တုန်းက တင်ခဲ့တဲ့ ဗီဒီယိုအဟောင်းလေးသာဖြစ်ပေမယ့် အွန်လိုင်းပေါ်ပြန့်နှံ့နေကြတဲ့ အနုပညာရှင်သုံးယောက်ရဲ့ တောထဲသေနတ်ပစ်နေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်..။
[Zawgyi]
Comments are closed.