ပါကစ္စတန်က F-16s တိုက်လေယာဉ်တွေနဲ့ ကြားဖြတ်ဟန့်တားပေမယ့် အိန္ဒိယလေယာဉ်အုပ်ရဲ့ ဖွဲ့စည်းမှု ကြီးမားတာကြောင့် တပ်ခေါက်ခဲ့ခြင်း ဖြစ်

ပါကစ္စတန်က F-16s တိုက်လေယာဉ်တွေနဲ့ ကြားဖြတ်ဟန့်တားပေမယ့် အိန္ဒိယလေယာဉ်အုပ်ရဲ့ ဖွဲ့စည်းမှု ကြီးမားတာကြောင့် တပ်ခေါက်ခဲ့ခြင်း ဖြစ်

အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံထိန်းချုပ်မျဉ်း Line of Control ကို ဖြတ်ပြီး အကြမ်းဖက်အဖွဲ့ရဲ့ စခန်းကို အိန္ဒိယက ပါကစ္စတန်မြေပေါ်မှာ လေကြောင်းထိုးစစ်ဆင်ခဲ့တာနဲ့ ပတ်သက်ပြီး ပါကစ္စတန်စစ်တပ်ဟာ အိန္ဒိယရဲ့ Mirage 2000 တိုက်လေယာဉ်တွေကို အစပိုင်းမှာ F-16s တိုက်လေယာဉ်တွေနဲ့ ကြားဖြတ်ဖို့ လုပ်ခဲ့ပေမယ့် အိန္ဒိယလေယာဉ်အုပ်ရဲ့ ဖွဲ့စည်းမှု ကြီးမားတာကြောင့် တပ်ခေါက်ခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပါကစ္စတန်မြေပေါ်က Jaish-e-Mohammed JeM အကြမ်းဖက်အဖွဲ့ရဲ့ စခန်းကို အိန္ဒိယလေတပ်က အနောက်ပိုင်းတိုင်းလေတပ်စစ်ဌာနချုပ်က စစ်ဆင်ရေးဆင်နွှဲခဲ့တာဖြစ်တယ်လို့ ယင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒီကနေ့ နံနက် သုံးနာရီခွဲ ၀န်းကျင်မှာ ပါကစ္စတန်က ဘာလာကော့၊ ချာကိုသီနဲ့ မူဇာဖာရာဘတ်အရပ်တွေက အကြမ်းဖက်စခန်းတွေကို အိန္ဒိယက Mirage 2000 တိုက်လေယာဉ် ၁၂ စင်းနဲ့ ကီလိုဂရမ် ၁၀၀၀ ဗုံးတွေ ကြဲပြီး တိုက်ခိုက်ခဲ့တာပါ။

ဒီလေကြောင်းတိုက်ခိုက်မှုမှာ အသေခံဗုံးခွဲသမားတွေကို မွေးထုတ်ပေးနေတဲ့ JeM အကြမ်းသမား ၃၀၀ ကျော်ထက်မနည်းကို သုတ်သင်နိုင်ခဲ့ကြောင်း အမည်မဖော်တဲ့ အိန္ဒိယတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီလအစောပိုင်းက အိန္ဒိယစစ်ယာဉ်တန်းကို အသေခံတိုက်ခိုက်ပြီး အရံတပ်သား ၄၀ သေဆုံးခဲ့ရတဲ့ လက်သည်တရားခံ JeM အဖွဲ့ဟာ နောက်ထပ်တိုက်ခိုက်မှုတွေ လုပ်ဆောင်မယ်လို့ ထောက်လှမ်းရေးသတင်းတွေ ရတာကြောင့် ဒီလေကြောင်းစစ်ကို ဆင်နွှဲခြင်းဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗီဂျေးက အတည်ပြုပြောပါတယ်။

“အန္တရာယ်နဲ့ တွေ့ရတော့မယ် အခြေအနေမှာ လက်ဦးမှု တိုက်ခိုက်ဖို့ လိုအပ်တယ်။ ဒီစစ်ဆင်ရေးအတွင်းမှာ JeM အစွန်းရောက်တွေ တော်တော်များများကို သုတ်သင်လိုက်နိုင်တယ်။”လို့ ၎င်းက ပြောပါတယ်။ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှုနဲ့ အသေအဆုံး မရှိဘူးလို့ ပါကစ္စတန်ဖက်က ငြင်းဆိုထားပါတယ်။ အစောပိုင်းကလည်း ပါကစ္စတန်ဟာ အိန္ဒိယတိုက်လေယာဉ်တွေကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တာကြောင့် ဘယ်လို ပျက်စီးမှုမှ မရှိခဲ့ဘူးလို့ ငြင်းဆန်ထားတာ ဖြစ်ပါတယ်။

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ်က ရုပ်သံသတင်းစာရှင်းလင်းပွဲ ကျင်းပပြီး “ထိန်းချုပ်မျဉ်းကို အိန္ဒိယက ချိုးဖောက်ပြီး ဒီကနေ့မှာ ပါကစ္စတန်ကို ရန်လိုမှု ပြုခဲ့တယ်။ လွန်ကျွံတဲ့ ရန်လိုမှုပဲ ဖြစ်တယ်။ ပါကစ္စတန်အနေနဲ့ အကြောင်းအကျိုးခိုင်မာတဲ့ လက်တုံ့ပြန်နိုင်တဲ့ အခွင့်အလမ်း ရှိထားပြီဖြစ်တယ်။”လို့ ပြောရင်း ၀န်ကြီးချုပ် အမ်မရန်ခန်းကလည်း လုံခြုံရေးအစည်းအဝေး ဆင့်ခေါ်ကျင်းပခဲ့ကြောင်း ဖြည့်စွက်ပြောသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Rf; Deccan Chronicle/ Bloomberg
Writer_မောင်သံဆင့် ( Daily Hot News )

Comments are closed.