ဆဲတဲ့ ဗီဒီယိုကိုဖြေရှင်းရင်းထပ်ဆဲလိုက်တဲ့စည်သူပလပ်ကျွတ်

ဆဲတဲ့ ဗီဒီယိုကိုဖြေရှင်းရင်းထပ်ဆဲလိုက်တဲ့စည်သူပလပ်ကျွတ်

စူပါဟီးရိုးဝတ်စုံတွေ Anime ဇာတ်ကောင်တွေရဲ့ဝတ်စုံတွေ တစ်စုံပြီးတစ်စုံဝတ်ပြီးပွဲတွေတက်နေတဲ့ သရုပ်ဆောင်စည်သူပလပ်ကျွတ်နဲ့ ပေါ်ပြူလာရဲ့အင်တာဗျူးတစ်ခုမှာ ပြောပြသွားတဲ့အကြောင်းတွေရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို့ ပရိသတ်ကြီးသိအောင်ပြန်ပြောပြပေးလိုက်ပါတယ်။

Online မှာပျံ့မှာနေတဲ့မဆဲတတ်ဘူးဆိုတဲ့ဗီဒီယိုလေးအကြောင်းကို “ ဘယ်သူတင်လိုက်မှန်းလဲမသိဘူး ဖြတ်ပြီးတော့တင်လိုက်တာ။ ကျွန်တော်ကဘယ်လိုအဓိပ္ပာယ်နဲ့ပြောတာလည်းဆိုတော့ ဆဲရင်ငရဲကြီးတယ် သူများကိုဆဲရင်ကိုယ့်ပြန်ဆဲမယ် ။ သူများကိုစိတ်ဆင်းရဲရင်ကိုယ့်ပြန်စိတ်ဆင်းရဲမယ်ဆိုတဲ့အတွေးအသီးသီးကိုကျနော်ကပေးတာ ။ သူကဆဲတာကိုပဲဖြတ်ပြီးတော့ (အရင်ဗီဒီယိုဖိုင်ထဲကအတိုင်းဆဲပြ )အဲ့တာကိုပဲဖြတ်ပြီးတော့သူကယူလိုက်တာ ဖွချင်တော့။ ဘာပဲဖြစ်ဖြစ်ကျနော် နာမည်ပိုကြီးသွားတာပေါ့ လူပိုသိသွားတာပေါ့။အဲ့ဓိအတွက်ဝမ်းသာပါတယ်ဟုတ်။

အတိတ်ကကျနော်မကောင်းခဲ့လို့ အတိတ်ဘဝက သူများကိုလုပ်ကြံခဲ့လို့သူများကိုမနာလိုဖြစ်ခဲ့လို့ ဒီဘဝမှာ ပြန်ခံရတာလို့ပဲသတ်မှတ်ပါတယ်။ အဲ့ဒီတော့ ကျနော့်စိတ်ထဲမှာ ဘာမှမရှိဘူး ဘာမှမရှိတဲ့အတွက်ဖြူစင်ပါတယ်။ မေတ္တာတရားကြီးမှားတဲ့အတွက်ဖြူစင်တယ်။ အေးချမ်းတယ် ကျနော်ကတော့ အဲ့ဒီတော့ သူတို့တွေဝဋ်မလည်ပါစေနဲ့ကျနော်ကဆုတောင်းတာပေါ့နော်။ သူတို့တွေစိတ်ချမ်းသာသာနဲ့ဖြတ်သန်းနိုင်ပါစေလို့ ကျနော်ဆုတောင်းပေးလိုက်ပါတယ်။နောက်ပြီးတော့လည်း ကပ္ပတိန်အမေရိကာ ၊ Iron Man စတဲ့ဝတ်စုံတွေဝတ်ဖို့ရှိပြီးတော့ Showပွဲတစ်ပွဲလုပ်ဖို့ရှိသေးကြောင်းပါပြောပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.