ကောင်မလေး ချောချောလေးနဲ့အတူ အခွီ Tik Tok ဗီဒီယိုအမိုက်စားလေး ရိုက်ကာတင်လိုက်တဲ့ Banana

ကောင်မလေး ချောချောလေးနဲ့အတူ အခွီ Tik Tok ဗီဒီယိုအမိုက်စားလေး ရိုက်ကာတင်လိုက်တဲ့ Banana


 

 




Video ကြည့်ရန်။

ယူတို့ Banana ရဲ့ Tik Tok

Posted by Moe Thauk on Wednesday, December 5, 2018

credit – myanmarload

Banana လို့ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ အဆိုတော်ခြိမ့်ကေကိုကတော့ အခုဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်တွေရဲ့ အားပေးမှုတွေအခိုင်အမာနဲ့ တဖြည်းဖြည်းအောင်မြင်မှုတွေ ရရှိလာတာတွေ့ရပါတယ်။လတ်တလောမှာလည်း သီချင်းတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ ခြိမ့်ကေကိုကတော့ မြန်မာအိုင်ဒေါမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း မြန်မာပြည်သိန်းတန် ဌက်ပျော်သီးခွံကျွေးခဲ့တာနဲ့ ပတ်သက်ပြီး Banana ဆိုပြီး ပရိသတ်တွေကြား လူသိများလာသူပဲ ဖြစ်ပါတယ်။

မကြာသေးခင်ကမှ သူ့ရဲ့ ကိုယ်ပိုင် သီချင်းဖြစ်တဲ့ “မမရေ.. လွမ်းလို့” သီချင်း MTV လေး ရိုက်ကူးပြီးစီးတာလည်းဖြစ်ပါတယ်။

“မမရေ လွမ်းလို့” MTV သီချင်းလေးမှာဆိုရင်လည်းလည်း ခြိမ့်ကေကိုကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း ကောင်မလေးချောချောလေးနဲ့အတူတွဲကာ tik tok အခွီလေးရိုက်ကာ ဖော်ပြထားတာတွေ့ရပါတယ်။

Tik Tok ကစားနည်းဟာ လူငယ်လူကြီးတွေကြားမှာ အရမ်းရေပန်းစားပြီး စိတ်အပန်း ဖြေစရာ ကစားနည်းတစ်ခုဖြစ်လာတာတွေ့ရပါတယ်။ ခြိမ့်ကေကိုတစ်ယောက် အရင်ကလည်း Tik Tok လေးတွေဆော့ပြီး ပရိသတ်တွေကိုဖျော်ဖြေပေးခဲ့တာဖြစ်ပြီး လူကြိုက်များရေပန်းစားတာလည်းတွေ့ရပါတယ်။ချစ်ပရိသတ်ကြီးတွက် banana ရဲ့ tik tok ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Comments are closed.