Gym သွားဖို့ပျင်းတဲ့ ဇနီးလေးကို ကလေး မူကြိုပို့သလို ချော့ပြီးပို့နေရတဲ့ ရွှေထူး

Gym သွားဖို့ပျင်းတဲ့ ဇနီးလေးကို ကလေး မူကြိုပို့သလို ချော့ပြီးပို့နေရတဲ့ ရွှေထူး

ပရိသတ်​​တွေရဲ့ ချစ်ခင်​​အား​ပေးခြင်းကို အပြည့်​အဝရရှိထားတဲ့ အဆို​တော်​​ရွှေထူးနဲ့ မင်းသမီး​ချော​လေး ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့တစ်​ဦးနဲ့တစ်​ဦးအ​​ပေါ်တစ်​ဦး စစ်​မှန်​တဲ့ ချစ်​ခြင်း​မေတ္တာ​တွေအပြည့်​​ပေးပြီး အခက်​အခဲ​တွေကို အတူ​ကျော်​ဖြတ်​ရင်း နှစ်​ကိုယ်​တူ ​ပျော်​ရွှင်​စရာ​ကောင်းတဲ့ အိမ်​​ထောင်​​ရေးတစ်​ခုကို ပုံ​ဖော်​​နေကြတာပါ။ ချစ်​တတ်​လွန်းသူကြီး ​ရွှေထူးက​တော့ ချစ်​ဇနီး​ချော​လေးကို အသေးစိတ်ကအစ ဂရုစိုက်တတ်လွန်းလို့ ပရိသတ်တွေကြားမှာ နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ လတ်​တ​လောမှာ​တော့ ​ရွှေမှုံရတီက Gym သွားရမှာ ပျင်းတဲ့ သူမကို ကလေးမူကြိုပို့သလို ချော့ပြီး ပို့ပေးနေရတဲ့ ခင်ပွန်းရဲ့အကြောင်းကို လူမှုကွန်ယက်ပေါ်မှာ ချစ်စဖွယ်လေး ရေးသားထားတာ တွေ့ရပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် ချွဲနေတတ်လွန်းတဲ့ ဇနီးချောလေးကို ဂရုစိုက်လွန်းတဲ့ ရွှေထူးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေမှုံလေးကတော့ “😏ကိုရွှေထူးတစ်ယောက် သူ့မိန်းမကို gym တစ်ခါပို့တာ ကလေးမူကြို ပို့သလို ပဲ 🤨” ဆိုပြီး ချစ်စဖွယ်လေး ကြည်နူးစွာ ရေးသားထားတာပါ။

ရွှေထူးနဲ့ ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့ ပြီးခဲ့တဲ့ ​အောက်​တိုဘာလ ၃၀ရက်​​နေ့က လက်​ထပ်​လက်​မှတ်​ထိုးခဲ့ပြီး နိုဝင်​ဘာလ ၁၁ရက်​​နေ့ညမှာ မင်္ဂလာပွဲ ကျင်းပခဲ့တာပါ။ သူတို့ဇနီးမောင်နှံနှစ်ဦးကတော့ မကြာခဏဆိုသလို အလှူတွေလည်း လုပ်လေ့ရှိပါတယ်။ အနုပညာမှာ ပါရမီပါပြီး ထူးချွန်​တဲ့​ရွှေနှစ်​​ရွှေက​တော့ မတူညီတဲ့ နယ်​ပယ်​​တွေမှာ ​ကိုယ်​စီ​အောင်​မြင်​မှု​တွေကို ပိုင်​ဆိုင်​ထားကြတာပဲ ဖြစ်​ပါတယ်​။ ချစ်​ပရိသတ်​​တွေလည်း ​အရမ်းချစ်​စရာ​ကောင်းတဲ့ ​ရွှေနှစ်​​ရွှေစုံတွဲ​လေးကိုချစ်​ရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.