အသက် ၄၀ ပြည့်မွေးနေ့မှာသားဆေးထိုးတာခံလိုက်ရတဲ့ မင်းမော်ကွန်း

အသက် ၄၀ ပြည့်မွေးနေ့မှာသားဆေးထိုးတာခံလိုက်ရတဲ့ မင်းမော်ကွန်း

သရုပ်ဆောင်အဆိုတော်မင်းမော်ကွန်းဆိုတာနဲ့ နေကမွေးတဲ့လ ၊ အမေနို့ဖိုး ၊ နှလုံးလှလူမိုက်စ တဲ့ရုပ်ရှင်ကားတွေမှာ ပီပီပြင်ပြင်သရုပ်ဆောင်မှုတွေကို ပြန်လည်သတိရမိမှာသေချာပါ။ 90 Kid’s တွေကတော့ သူရဲ့အဆိုတော်အဖွဲ့ဖြစ်တဲ့မြေပဲယို သီချင်းတွေနဲ့လည်းကောင်းကောင်းကြီးဖြတ်သန်းခဲ့ရပါတယ် ။ သူရဲ့အနုပညာဖြတ်သန်းမှုဟာလည်း ဆယ်စုနှစ်နှစ်ခုစာနည်းပါးရှိနေပါပြီ။ သူရဲ့ဖြတ်သန်းမှုတွေနဲ့ အတူ သူ့ရဲ့အသက်အရွယ်ဟာလည်းနံပါတ်တွေတစ်ခုပြီးတစ်ခု တိုးလာပါတယ်။

မနေ့ သူအသက်က ၄၀ ပြည့်သွားခဲ့ပါပြီ ဖြစ်ပါတယ်။ သူရဲ့မွေးနေ့မှာ အမှတ်တရရယ်ဆိုလို့ Facebook အကောင့်မှာ မြေပဲယိုရဲ့သီချင်းတစ်ပုဒ်သာတင်ထားတာတွေ့ရပါတယ်။ နောက်ပြီးတော့ “အသက်၄၀ပြည့်ပြီ ဘဝစပြီ”ဆိုပြီးတော့ သူ့စတေးတပ်တင်ထားတာတွေ့ရပါသေးတယ်။ သူရဲ့သားကြီးကလည်း Happy Birthday mom ဆိုပြီးစနောက်ဆုတောင်းစကားပြောခဲ့ကြားခဲ့ပါသေးတယ်။ သားရဲ့အဖေကိုဆေးထိုးချက်ကိုကြည့်ပြီးတော့လည်း သူ့တို့သားအဖရဲ့ပွင့်လင်းတဲ့ဆက်ဆံရေးကိုသိမြင်နိုင်မှာပါ။

ပရိသတ်တွေကလည်းသူ့ကို မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။ အဲ့ဒီလိုပဲ ကျွန်တော်တို့ ပြောချင်လွန်းလို့ အဖွဲ့သားများကလည်း မင်းမော်ကွန်းရဲ့အသက်၄၀ပြည့်မွေးနေ့မှစပြီး ချစ်ရတဲ့မိသားစုနဲ့ဘဝတလျောက်လုံးပျော်ရွှင်စွာ ဖြတ်သန်းပြီး အနုပကညာအလုပ်တွေကိုလည်း ဒီထက်ပိုလုပ်နိုင်ပြီး အောင်မြင်မှုတွေလည်း ဒီထက်ပိုရပါစေ လို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.