တစ်ယောက်တည်း ကလေးထိန်းရတယ်ဆိုပြီး ညည်းနေတဲ့ ဖေဖေလင်းကို တစ်ခွန်းတည်းအပြတ်ပြောလိုက်တဲ့ ချစ်သုဝေ

တစ်ယောက်တည်း ကလေးထိန်းရတယ်ဆိုပြီး ညည်းနေတဲ့ ဖေဖေလင်းကို တစ်ခွန်းတည်းအပြတ်ပြောလိုက်တဲ့ ချစ်သုဝေ

ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာရှင် စုံတွဲလေးဖြစ်တဲ့ ချစ်သုဝေနဲ့ လင်းလင်းက ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက ချစ်စရာကောင်းတဲ့ သမီးလေး နှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ကို ပြုစုပျိုးထောင်ရင်း ပျော်ရွှင်တဲ့ အချိန်လေးတွေကို အတူတူ ဖြတ်သန်းနေကြတာဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ဦးစလုံးက အနုပညာရှင်တွေဖြစ်ပြီး မအားလပ်ကြပေမယ့် တစ်ယောက်ကိုတစ်ယောက် အချိန်ပေး ဂရုစိုက်ကြပါတယ်။

ဒီနေ့မှာတော့ လင်းလင်းက မေမေချစ်သုဝေ အပြင်သွားတုန်း ချစ်သမီးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့ သစ်ကို ထိန်းနေရတဲ့ ပုံလေးကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

“သူ့အမေကတော့ သူ့ခွေတွေ နယ်အော်ဒါအများကြီးတက်တာ ပျော်လို့ဆိုပြီး အပြင်မှာ ဘော်ဒါတွေနဲ့မုန့်ထွက်စားတာ။ အိမ်မှာကျန်ခဲ့တဲ့ ကိုယ့်ရဲ့ နေ့လည်ခင်းက ဒီလို ခိခိ :)) Luv u မေမေ” ဆိုပြီး ပြောထားပါတယ်။

ချစ်သုဝေကလဲ “ဟယ်သနားလိုက်တာ ရက်၁၀၀ , ၁ရက်နှုန်ူး ,အဲ့၁ရက် ၁နာရီလောက်ထိန်းတာများအေ…ထိန်းပေါ့…မုန့်စားတာမဟုတ်ဘူး အလုပ်ကိစ္စထွက်တာ🙄🤔😤😤😤” ဆိုပြီး ချစ်ခင်ပွန်း လင်းလင်းကို ပြန်ပြီး အထွန့်တက်ထားပါသေးတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ တစ်ယောက်ကိုတစ်ယောက် စစနောက်နောက်နဲ့ တကယ်ကို ချစ်စရာလေးပဲနော်။ အမြဲလိုလို ပျော်ရွှင်ကြည်နူးတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ မိသားစုလေးလဲ ဒီထက်ပိုပြီး ပျော်ရွှင်သာယာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.