နာရီပိုင်းအတွင်း လူကြိုက်များသွားခဲ့တဲ့ X-Box ရဲ့ သီချင်းအသစ်စက်စက် “ချော့”

နာရီပိုင်းအတွင်း လူကြိုက်များသွားခဲ့တဲ့ X-Box ရဲ့ သီချင်းအသစ်စက်စက် “ချော့”

ဒီ​ဖက်​​ခေတ်​လူငယ်​​တွေရဲ့ကြားမှာ ​ရေပန်းစား​နေတဲ့ အဆို​တော်​တစ်​ဦးဖြစ်​တဲ့ X-box ဟာ underground ​လောကမှာ ကျင်​လည်​ကြိုးစားခဲ့ပြီး အခုလို ​အောင်​မြင်​လာသူ​တစ်​ဦးဖြစ်​ပါတယ်​။ X-box ဟာ Lil’Z, ​ရွှေထူး, ထက်​ယံတို့နဲ့အတူတူ 4 ဆိုတဲ့ Album မှာကတည်းက ​​အောင်​မြင်​မှုများစွာ ရရှိခဲ့ပြီး X-box in 9, 99 စတဲ့ Album ​တွေအပြင်​ Single Album ​​တွေများစွာလဲ ထွက်​ရှိထားပါတယ်​။ X-box က လက်ရှိမှာလဲ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာဖြစ်ပါတယ်။

ဒီနေ့မှာတော့ X-Box က သူ့ရဲ့ သီချင်းအသစ်စက်စက်ဖြစ်တဲ့ “ချော့” ဆိုတဲ့ သီချင်းလေးကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ သီချင်းလေးက အချစ်သီချင်းလေးဖြစ်ပြီး နားထောင်လို့ကောင်းတာမို့ တစ်နာရီအတွင်းမှာ ကြည့်ရှုသူ အမြောက်အများရှိနေတာ ဖြစ်ပါတယ်။

X Box က ထိုသီချင်းလေးကို ပရိသတ်တွေ နားထောင်ရလွယ်အောင် lyrics video နဲ့တကွ တင်ပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေလဲ X Box ရဲ့ သီချင်းအသစ်လေး “ချော့” ကို နားဆင်နိုင်ဖို့ မျှဝေလိုက်ပါတယ်နော်။

X-Boxin – ချော့ ( Lyrics Video )

X-box ရဲ့ သီချင်းအသစ်လေးကတော့ တကယ်ကို ချစ်စရာကောင်းပြီး စိတ်ကောက်နေတဲ့ ကောင်မလေးနဲ့ ချစ်သူကိုလိုက်ချော့နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ အသွင်ကို မြင်ယောင်မိစေပါတယ်။ မိုမိုလေးပရိသတ်တွေလဲ X-box ရဲ့ “ချော့” ဆိုတဲ့ သီချင်းလေးကို သဘောကျတယ်ဆိုရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.