အံ့မင်းညိုသမီးကို ခွဲစိတ်မှုလုပ်လို့မရကြောင်း ပြောလာတဲ့ ခိုင်နှင်းဝေ

အံ့မင်းညိုသမီးကို ခွဲစိတ်မှုလုပ်လို့မရကြောင်း ပြောလာတဲ့ ခိုင်နှင်းဝေ

ပရဟိတ လုပ်ငန်းတွေ ဆက်တိုက်လုပ်ကိုင်နေပြီး ပရဟိတမင်းသမီးလိုတောင် ဖြစ်နေတဲ့ ခိုင်နှင်းဝေကတော့ တလောတုန်းက အခက်ခဲဖြစ်နေတဲ့ အံ့မင်းညို သမီးနဲ့ ပတ်သက်ပြီး ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း သရုပ်ဆောင် အံ့မင်းညိုရဲ့ သမီးကတော့ ကုလို့မရတော့တဲ့ အခြေနေမှာ ရောက်ပြီး သူတို့အနေနဲ့ ဒီလိုမျိုး ကိစ္စတွေဖြစ်လာတာကြောင့် စိတ်မကောင်းဖြစ်မိတယ်လို့ ပြောကြားသွား ခဲ့ပါတယ်။

Sunday နဲ့ အင်တာဗျူးမှာတော့ ခိုင်နှင်းဝေ “ဟုတ်ပါတယ်။ အဲ့ဒါက မလုပ်ဖြစ်တော့ဘူး။ ကို အံ့မင်းညိုက အမကို ဖုန်းဆက်တယ်။ ကလေးလေးရဲ့ မျက်လုံးအထဲက မှန်ဘီလူးဆိုတာလား မသိဘူး။ အဲ့ဒါက ပျက်စီးသွားပြီးတဲ့ ကုလို့မရတော့ဘူးတော့။ အမလည်း စိတ်မကောင်း ဖြစ်လိုက်တာ။ အမကတော့ အကုန်လုံး လုပ်ပေးမယ်။ ကလေးရဲ့ ကံပဲပေါ့။ အမတို့ကလည်း ကုပေးတယ်။ ချစ်သုဝေတို့ရဲ့ ဖောင်ဒေးရှင်းကလည်း လုပ်ပေးမယ်ဆိုတော့လေ။ ဒါပေမယ့်လို့ ကလေးရဲ့ ကံကိုက မျက်လုံးက ကုလို့မရဘူးဆိုတော့ အမတို့ မကူညီပေးဖြစ်တော့ဘူးပေါ့”

“စိတ်မကောင်းဖြစ်တာပေါ့။ လုပ်ပေးမယ့် အလှူရှင်လည်း ရှိတယ်။ အမတို့လည်း အနုပညာသမား အချင်းချင်း ကူညီပေးရမယ်ဆိုပြီး လုပ်နေတဲ့ အချိန်မှာ ကလေးရဲ့ ကုသိုလ်ကံကိုက ကုလို့မရဘူးဆိုတော့ စိတ်မကောင်း ဖြစ်မိပါတယ်”

ပရဟိတ ဇာတ်ကား ရုံမတင်ရသေးတာနဲ့ ပတ်သက်ပြီး “အမတို့က မင်းသားအားတော့ နည်းတာပေါ့။ အမတို့လည်း အရမ်းချမ်းသာလို့ ရိုက်ထားတာ မဟုတ်ပါဘူး။ ရုပ်ရှင်ကားလေးက ကောင်းတယ်။ ပညာပေးလိုမျိုးလေးပါ။ ဒီထဲကရတဲ့ ပိုက်ဆံနဲ့ ဂေဟာ ဆောက်မယ်။ မြေလှူရှင်လည်း ရှိတယ်ဆိုတော့။ အမတို့ အခုကလေးတွေကို ထားဖို့နေရာမရှိဘူး။

ကလေးငှားထားရတယ်ဆိုတော့ တလကို တလ ကုန်တယ်။ နောက်ဆို ဂေဟာဆောက်ပြီး သူတို့လေးတွေကို ထားနိုင်ရင် ခိုင်နှင်းဝေရင်ခွင်ပိုက် ကလေးငယ်များဆိုပြီးတော့ မိဘမဲ့ဂေဟာဆိုပြီးတော့လည်း နာမည်မတပ်ချင်ဘူး။ အမ အိမ်မက်ထဲမှာ အများကြီး အကောင်ထည်ဖော်ထားတယ်။

အဲ့ဒါလေးကို တစိုက်မတ်မတ် လုပ်ချင်တယ်ပေါ့။ ရုံတင်ဖို့ကလည်း အမထက်ကားတဲ့ ကောင်းတဲ့ကားတွေလည်း ရှိနေလို့နေမှာပေါ့။ ပြီးတော့ ဒီကားလေးက ပညာပေးကားလေး ဖြစ်တယ်ဆိုတော့ ရုံတင်ရက်များများလေး ရပါစေပဲ ဆုတောင်းပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

Crd:nanmalgyi

Comments are closed.