ဆီးခ်ိဳအနာမ်ား ေပ်ာက္ေစရန္ ေဆးနည္း

ဆီးခ်ိဳအနာမ်ား ေပ်ာက္ေစရန္ ေဆးနည္း

ဆီးခ်ိဳအနာေပ်ာက္ေစရာ

ဆီးခ်ိဳေဝဒနာရွင္တို႔ ထိခိုက္မႈမရွိေအာင္ အေတာ္သတိထားေနရပါသည္။ ထိခိုက္ပြန္းပဲ့ဒဏ္ရာသည္ ဆီးခ်ိဳေရာဂါမွ သၾကားဓာတ္အခ်ိဳ႕ ေၾကာင့္ အနာေျခာက္ေသြ႕ေပ်ာက္ကင္းမႈ မရွိဘဲ မလိုလားေသာ ပိုးမႊားမ်ား ဝင္ေရာက္၍ အသက္အႏၲရာယ္ ထိခိုက္သည္အထိ ျဖစ္တတ္ေသာေၾကာင့္ ျဖစ္ပါသည္။

ဆီးခ်ိဳအနာ ေပ်ာက္ကင္းေစရန္ နည္းလမ္းႏွစ္သြယ္

(၁) ခ်ဥ္ေပါင္႐ြက္ လက္တစ္ဆုပ္ခန႔္ကို ခူးယူ၊ ေရစင္ေအာင္ေဆးၿပီး ထမင္းျဖဴခဲႏွင့္ ပတ္စာသားက်ေအာင္ ညက္စြာႀကိတ္၍ အနာေပၚအုံေပး ကပ္ေပးရသည္။ တစ္ေန႔ႏွစ္ႀကိမ္ လဲကပ္ေပးပါ။ အနာက်က္ၿပီး ေပ်ာက္ကင္းေစပါသည္။

(၂) ဆိတ္ဖလူးပင္မွ အ႐ြက္လက္တစ္ဆုပ္ခူး၍ ေရစင္ေအာင္ေဆးၿပီး မီးဖိုေခ်ာင္သုံး ႐ိုး႐ိုးဆား အနည္းငယ္ ထည့္ႀကိတ္၍ သတၱဳရည္ ညႇစ္ယူပါ။ ထိုသတၱဳရည္ႏွင့္ ဆီးခ်ိဳရွိသူ၏ အနာမွန္သမွ် တစ္ေန႔သုံးခါ လိမ္းေပးပါ။ အနာအျမန္ဆုံး ေပ်ာက္ကင္းသြားပါလိမ့္မည္။

သိသူတို႔က ဆိပ္ဖလူးကို ဆိပ္ဘီးလူးဟုေခၚေၾကာင္း၊ လူကိုအႏၲရာယ္ေပးေသာ အဆိပ္တို႔ကို ဘီးလူးသဖြယ္ စုပ္ယူတတ္ျခင္းေၾကာင့္ဟုဆိုပါသည္။ ေဆးက်မ္းတို႔တြင္ အံၾသဖြယ္ဆိပ္ဖလူးပင္ေဆး စြမ္းအင္တို႔ကမ်ား လွပါသည္။

သိမီသမွ် အသုံးလိုသူတို႔အတြက္ မွ်ေဝေပးလိုက္ပါသည္။ သူရဇၹမဂၢဇင္းအတြဲ(၁၇)အမွတ္(၁၀) ဆီးခ်ိဳရွိသူမ်ား အနာက်က္ျမန္ေစရန္ (နတ္ေမာက္မင္းသန႔္ႏိုင္)

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)

ဆီးချိုအနာပျောက်စေရာ

ဆီးချိုဝေဒနာရှင်တို့ ထိခိုက်မှုမရှိအောင် အတော်သတိထားနေရပါသည်။ ထိခိုက်ပွန်းပဲ့ဒဏ်ရာသည် ဆီးချိုရောဂါမှ သကြားဓာတ်အချို့ ကြောင့် အနာခြောက်သွေ့ပျောက်ကင်းမှု မရှိဘဲ မလိုလားသော ပိုးမွှားများ ဝင်ရောက်၍ အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်တတ်သောကြောင့် ဖြစ်ပါသည်။

ဆီးချိုအနာ ပျောက်ကင်းစေရန် နည်းလမ်းနှစ်သွယ်

(၁) ချဉ်ပေါင်ရွက် လက်တစ်ဆုပ်ခန့်ကို ခူးယူ၊ ရေစင်အောင်ဆေးပြီး ထမင်းဖြူခဲနှင့် ပတ်စာသားကျအောင် ညက်စွာကြိတ်၍ အနာပေါ်အုံပေး ကပ်ပေးရသည်။ တစ်နေ့နှစ်ကြိမ် လဲကပ်ပေးပါ။ အနာကျက်ပြီး ပျောက်ကင်းစေပါသည်။

(၂) ဆိတ်ဖလူးပင်မှ အရွက်လက်တစ်ဆုပ်ခူး၍ ရေစင်အောင်ဆေးပြီး မီးဖိုချောင်သုံး ရိုးရိုးဆား အနည်းငယ် ထည့်ကြိတ်၍ သတ္တုရည် ညှစ်ယူပါ။ ထိုသတ္တုရည်နှင့် ဆီးချိုရှိသူ၏ အနာမှန်သမျှ တစ်နေ့သုံးခါ လိမ်းပေးပါ။ အနာအမြန်ဆုံး ပျောက်ကင်းသွားပါလိမ့်မည်။

သိသူတို့က ဆိပ်ဖလူးကို ဆိပ်ဘီးလူးဟုခေါ်ကြောင်း၊ လူကိုအန္တရာယ်ပေးသော အဆိပ်တို့ကို ဘီးလူးသဖွယ် စုပ်ယူတတ်ခြင်းကြောင့်ဟုဆိုပါသည်။ ဆေးကျမ်းတို့တွင် အံသြဖွယ်ဆိပ်ဖလူးပင်ဆေး စွမ်းအင်တို့ကများ လှပါသည်။

သိမီသမျှ အသုံးလိုသူတို့အတွက် မျှဝေပေးလိုက်ပါသည်။ သူရဇ္ဖမဂ္ဂဇင်းအတွဲ(၁၇)အမှတ်(၁၀) ဆီးချိုရှိသူများ အနာကျက်မြန်စေရန် (နတ်မောက်မင်းသန့်နိုင်)

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Comments are closed.