သေနတ်အစစ်တွေနဲ့ရိုက်ပေမယ့် အကယ်ဒမီစာရင်းမပါဘူးဆိုတဲ့ ခန့်စည်သူ

သေနတ်အစစ်တွေနဲ့ရိုက်ပေမယ့် အကယ်ဒမီစာရင်းမပါဘူးဆိုတဲ့ ခန့်စည်သူ

အကယ်ဒမီပွဲနီးလာလေ အကယ်ဒမီနဲ့ပတ်သတ်တဲ့သတင်းတွေများလာလေပါပဲ။ ခန့်စည်သူက ဒီနှစ်အကယ်ဒမီဆုပေးပွဲနဲ့ပတ်သတ်ပြီး Cele ရပ်ကွက်နဲ့အင်တာဗျူးတစ်ခုမှာပြောပြထားတာရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီး သိအောင်ပြောပြပေးလိုက်ပါတယ်။

အကယ်ဒမီရင်ခုန်သံ နဲ့ပတ်သတ်ပြီးတော့ “ ဒီနှစ်ကတော့ ရင်ခုန်စရာမရှိပါဘူး ။စကာတင်၂၅ကားရွေးသွားပြီလေ ။ အဲ့ဒီ၂၅ ကားထဲကကားတွေပဲပါဖို့များပါတယ်။ပြီးခဲ့တဲ့နှစ်ကဆိုရင် ဟာသကားတော်တော်များတယ် ဒရာမဆိုလို့ သုံးရောင်ခြယ်တကားပဲရှိတယ် ။ သုံးရောင်ခြယ်လဲပြုတ်တယ်ဆိုတော့ အဲ့ဒီတော့ ရင်ခုန်စရာမရှိပါဘူး ။ ဒါတော့မတတ်နိုင်ဘူးပေါ့။ သူတို့အင်တာဗျူးမှာ အကယ်ဒမီအကဲဖြတ် လူကြီးတွေဖြေကတည်းကိုကအဖြေပါနေပြီးသားလေ။ အရည်ချင်းရှိတဲ့ကား ပါသွားမယ် ။ အရည်ချင်းမရှိတဲ့ကားမပါဘူးပေါ့။ ဘာလို့လည်းဆိုတော့အဲ့ဒီကားမှာသရုပ်ဆောင်လည်းအရည်အချင်းမရှိလို့ပေါ့နော်။

ပြီးတော့ ကျန်တဲ့ဒီ(စဉ်းစားလျက်)ပြောမယ်ဆိုရင် ဇာတ်ညွှန်း ၊ တည်းဖြတ် ၊နောက်ခံတေးဂီတ၊ ဓာတ်ပုံတစ်ခုမှ ကွာလတီမမီဘူးပေါ့။ စိတ်မကောင်းပါဘူး ။ အဲ့ဒီကားမှာ နေမျိုးအောင်တို့လည်းတော်တော် အားထုတ်ထားပါတယ်။ ရွှေသမီးတို့အိချောပိုတို့လည်းတော်တော်အားထုတ်တာတွေ့ရပါတယ်။ ဒါရိုက်တာက လည်းတော်တော်ကြိုးကြိုးစားစား မြဝတီ ၊ မဲဆောက် ဘက်မှာရော ဟိုးဘက်ထိုင်းထဲထိရော သွားရိုက်တာတွေလည်းရှိတယ်ပြီးတော့ အဲ့ဒီဘက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကလည်း ကူညီပေးတဲ့အတွက် တကယ့်သေနတ်အစစ်တွေ ၊ ကျည်အစစ်တွေနဲ့ရိုက်ခဲ့တာတွေပေါ့ခက်ခက်ခဲခဲပင်ပင်ပန်းပန်းရိုက်ခဲ့တာတွေလည်းကိုယ်ကိုယ်တိုင်ပင်ပင်ပန်းပန်းတွေ့ရတော့ ဒါနေမျိုးအောင်တို့ဒါရိုက်တာတို့အတွက်တော့စိတ်မကောင်းပါဘူး ။

နောက်ပြီးတော့ထုတ်လုပ်သူပေါ့။ ထုတ်လုပ်သူကလည်း ဒီဇာတ်ကားကိုငွေရေးကြေးရေးကြောင့်ထုတ်လုပ်တာမဟုတ်ဘူး ။ကွာလတီရှိတဲ့ကားလေးရိုက်ချင်တယ်ဆိုပြီးတော့ ဆုံးဖြတ်ပြီးရိုက်ကြတာပေါ့နော်။ အားလုံးအတွက်စိတ်မကောင်းပါဘူး ။ဒါကတော့ အနုပညာသမားဖြစ်တယ်။ ရုပ်ရှင်သမားဖြစ်တယ် ကိုယ်နဲ့မထိုက်တန်ဘူး ကိုယ်တွေကအရည်အချင်းမရှိလို့အရွေးမခံဘူးဆိုရင်လည်း နောက်နှစ်ထပ်ကြိုးရုံပေါ့။” ဆိုပြီးပြောပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.