အယူခံပယ်ချခံလိုက်ရတဲ့ မိုးအောင်ရဲ့ ရင်တွင်းစကားသံ

အယူခံပယ်ချခံလိုက်ရတဲ့ မိုးအောင်ရဲ့ ရင်တွင်းစကားသံ

သရုပ်ဆောင် မိုးအောင်ရင်ရဲ့ အယူခံလျှောက်ထားမှုကို ဖေဖော်ဝါရီလ ၂၇ရက်နေ့မှာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ပယ်ချလိုက်ပါတယ်။ မိုးအောင်ရင်ကို ပုဇွန်န်တောင်မြို့နယ်တရားရုံးက မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အလုပ်နှင့် ထောင်ဒဏ်၅နှစ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ရက်နေ့က ချမှတ်ခဲ့ပါတယ်။ မိုးအောင်ရင်က “ပရိသတ်ကြီးကို ဘာမှစိတ်မပူပါနဲ့လို့”လို့ ပြောသွားခဲ့ပါတယ်။

ဒီပြစ်ဒဏ်ချမှတ်ခဲ့မှုဟာ မှန်ကန်မှုရှိတယ်လို့ အရှေ့ပိုင်းခရိုင်တရားရုံးက သုံးသပ်တဲ့အတွက် မိုးအောင်ရင်ရဲ့ အယူခံကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။ မိုးအောင်ရင်ရဲ့ ဖခင်ဖြစ်သူ အောင်ရင်ကလည်း “အခုပဲ ကျွန်တော့်အသက် ၅၅နှစ်ပြည့်တော့မယ် ၁၅နှစ်ဆိုရင် ကျွန်တော့်သက် ၇၀အထိ ကျွန်တော်သားကို ကျွန်တော် ထောက်ပံ့ပေးနိုင်ပါ့မလား ကျွန်တော် အဲ့တာကိုစိတ်ပူတယ်။”လို့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

မိုးအောင်ရင်ဟာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ပုဒ်မ ၁၉ (က)ဖြင့် အလုပ်နဲ့ ထောင်ဒဏ် ၁၂နှစ်ကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ရက်နေ့က ချမှတ်ခဲ့ပါတယ်။ မီဒီယာတွေရဲ့ မေးမြန်းမှုကိုလည်း မိုးအောင်ရင်က “ပရိသတ်ကြီးကိုလည်း ကျွန်တော် ထွက်လာမှ တွေ့ကြတာပေါ့ဗျာ။”လို့ နှုတ်ဆက်သွားခဲ့ပါတယ်။

ဆက်လက်ပြီး ဖခင်ဖြစ်သူ အောင်ရင်က “လူငယ်တစ်ယောက်ပဲဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ်ဒါက တိုင်းပြည်မှာ ချမှတ်ထားတဲ့ ဥပဒေက ချမှတ်တယ် အဲ့အတွက် ပြစ်မှုကျူးလွန်ရင် ဒီပြစ်ဒဏ်ကိုသူက ခံရမှာပဲ။ ဒါကို ကျွန်တော်လက်ခံတယ် သူလည်း လက်ခံတယ်။ ဒါပေမဲ့ အခုဟာကျတော့ ဒီပြစ်မှုနဲ့ပြစ်ဒဏ်နဲ့ ကျွန်တော် မမျှတဘူးလို့ ကျွန်တော်ထင်တယ်။”လို့ ပြောသွားခဲ့ပါတယ်။ လက်ရှိအခြေအနေဟာ မိုးအောင်ရင်ဟာ ပြစ်ဒဏ်နှစ်ခုပေါင်း ထောင်ဒဏ်၁၇နှစ် ကျခံရဖွယ်ရှိနေပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.