၂၀၁၈ခုနှစ် အကယ်ဒမီဆုချီးမြင့်ပွဲအတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် စကာတင် စာရင်းဝင်သူများ

၂၀၁၈ခုနှစ် အကယ်ဒမီဆုချီးမြင့်ပွဲအတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် စကာတင် စာရင်းဝင်သူများ

တစ်နှစ်တစ်ခါ ပရိသတ်တွေရော အနုပညာရှင်တွေရော ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြတဲ့ အကယ်ဒမီ ဆုပေးပွဲကြီးကို လာမယ့် မတ်လ(၂၃)ရက်နေ့ မှာ ကျင်းပမှာ ဖြစ်ပါတယ်။ (၂၀၁၉)ခုနှစ်ရဲ့ အကယ်ဒမီဆုပေးပွဲကြီးကို ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းကြီးမှာ ခမ်းခမ်းနားနားကျင်းပတော့မှာ ဖြစ်ပါတယ်။ အကယ်ဒမီဘုတ်အဖွဲ့မှ နယ်ပယ်အသီးသီးမှ အကောင်းဆုံး အနုပညာရှင်တွေကို သေသေချာချာလေး ရွေးချယ်စိစစ်ပေးနေတာဖြစ်ပြီး (၂၀၁၈)ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု စကာတင်စာရင်းကို ထုတ်ပြန်ပေးလိုက်ပြီ ဖြစ်ပါတယ်။

“ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကြီး နဲ့ “မုန်းစွဲ”မှ ဖွေးဖွေး

“ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးမှ ဝတ်မှုံရွှေရည်

“မီ” ရုပ်ရှင်ဇာတ်ကားကြီးမှ ပိုင်ဖြိုးသု

“နောင်တွင်ဥဒါန်းတွင်စေသတည်း” ရုပ်ရှင်ဇာတ်ကားကြီးမှ ထွန်းအိန္ဒြာဗို

“ငယ်ကျွန်” ရုပ်ရှင်ဇာတ်ကားကြီးမှ ရွှေမှုံရတီ

စကာတင် စာရင်းဝင်တဲ့ မင်းသမီးတွေကတော့ တကယ်ဒိတ်ဒိတ်ကြဲနဲ့ အပြိုင်အဆိုင်တွေပဲနော်။ မင်းသားတွေနဲ့အတူ ပရိသတ်တွေလဲ ရင်ခုန်စောင့်မျှော်နေကြမယ် ထင်ပါတယ်။ (၂၀၁၈)ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအတွက် ဘယ်သူရသွားမလဲဆိုတာကိုတော့ လာမယ့် မတ်လ(၂၃)ရက်နေ့မှာ စောင့်ကြည့်ပေးကြပါဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.