မနေ့က ဇေကမ္ဘာဝန်းထဲက မီးလောင်တဲ့ကိစ္စနဲ့ ပတ် သတ်ပြီး အထင်လွဲခံရသမျှကို ဘဝဟောင်းကဝဋ်ကြွေး လို့ပဲ မှတ်ယူပါတယ်ဆိုတဲ့ နန္ဒာလှိုင်ခင်ပွန်း ဇေသီဟ

မနေ့က ဇေကမ္ဘာဝန်းထဲက မီးလောင်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး အထင်လွဲခံရသမျှကို ဘဝဟောင်းကဝဋ်ကြွေးလို့ပဲ မှတ်ယူပါတယ်ဆိုတဲ့ နန္ဒာလှိုင်ခင်ပွန်း ဇေသီဟ…

သရုပ်ဆောင် အကယ်ဒမီနန္ဒာလှိုင်ကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေနဲ့ လုံးဝအလှမ်းဝေးသွားခဲ့တာပဲဖြစ်ပါတယ်။ ရုပ်ရှင်မရိုက်ကူးတော့ပေမယ့် သူမရဲ့မိသားစုအကြောင်းနဲ့ပက်သတ်ပြီး ပရိသတ်တွေက စိတ်ဝင်စားနေကြဆဲဖြစ်ပါတယ်။ နာမည်ကြီးသူဌေး တစ်ယောက်ဖြစ်တဲ့ နန္ဒာလှိုင်ရဲ့ခင်ပွန်း ဇေသီဟဟာ မနေ့ညက ဇေကမ္ဘာဝန်းထဲမှာမီးလောင်ခဲ့တဲ့ စက်ရုံနဲ့ပက်သတ်ပြီး အခုလိုပြောလာပါ တယ်။

“ဇေကမ္ဘာဝင်းလို့ ပြောလိုက်ရင် ဇေကမ္ဘာ ပိုင်တယ်ပဲ ထင်ကြတာ ဟိုအရင်ထဲကပါပဲ။ ကိုယ်နဲ့ ဘာမှ မသက်ဆိုင်တဲ့ မူးယစ်ဆေးဝါးတွေ မိတု န်းကလဲ ဒီအတိုင်းပါပဲ။ ကိုယ်တွေ မိသားစုအပေါ် တမင်တကာပဲ ဖြစ်ဖြစ် အထင်မှားပြီး ပြောကြတာပဲ ဖြစ်ဖြစ် ဘဝဟောင်းက ဝဋ်ကြွေးလို့ သာ မှတ်ယူပါတယ်။ မုန်းခြင်းထက် ပြုံးရင်းနဲ့သာ မေတ္တာပြန်ထားပါတယ်။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ဖြေရှင်းလာပါတယ်။

ဇေသီဟကတော့ မနေ့ညကမီးလောင်ပျက်စီးခဲ့တဲ့ ဇေကမ္ဘာဝန်းဟာ သူတို့မိသားစုပိုင် ဇေကမ္ဘာကုမ္ပဏီနဲ့ မသက်ဆိုင်ကြောင်းပြော လာတာပဲဖြစ်ပါတယ်။

Advertisement

Source: Zay Thiha’s fb

[zawgyi]



Advertisement



Source: Zay Thiha’s fb

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*