Line Walker အဖွဲ့သားတွေ နောင်တတွေနဲ့ ပြန်သွားတယ်လို့ပြောကြတဲ့ အပေါ် လင်းအောင်ခေတ် ပြန်ပြော

Line Walker အဖွဲ့သားတွေ နောင်တတွေနဲ့ ပြန်သွားတယ်လို့ပြောကြတဲ့ အပေါ် လင်းအောင်ခေတ် ပြန်ပြော

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ သရုပ်ဆောင်မော်ဒယ်လ် လင်းအောင်ခေတ် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ လင်းအောင်ခေတ် က မော်ဒယ်လ် အလုပ်အပြင် သူပါဝင်သရုပ်ဆောင် ထားတဲ့ ဇာတ်ကားတွေရှိတာကြောင့် သူ့ကို အားပေးချစ်ခင်တဲ့ အမာခံပရိသတ်တွေ ရရှိပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ သူ့ရဲ့ Tik Tok Video လေးတွေကလည်း မိန်းကလေး ပရိသတ်တွေကြား အရမ်းကို နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ လင်းအောင်ခေတ်က လတ်တလော ပရိသတ်တွေကြား နာမည်ကြီးနေတဲ့ line Walker ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင် ခွင့်ရခဲ့ပါတယ်။ မိုမိုလေး ပရိသတ်တွေမတွက် လင်းအောင်ခေတ် က online ပေါ်မှာ ဂယက်ထနေတဲ့ သတင်းတွေကို ပြန်ပြောထားတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

လင်းအောင်ခေတ် က ” ဪ.. Line Walker 2 သာရိုက်လို့ပြီးလို့ပြန်သွားမယ်.. မြန်မာနိုင်ငံမှာက ဂယက်တွေကမပြီးသေးဘူးဒီရက်ပိုင်း ကျွန်တော်ကိုလာလာမေးကြလွန်းလို့ပါ ကျွန်တော်တို့ရိုက်ကူးရေး ၂ ရက်အတွင်း အရွေးခံထားတဲ့ ၇ ယောက်လုံးအကောင်းဆုံးကြိုးစားခဲ့ပြီးအောင်မြင်စွာရိုက်နိုင်ခဲ့ပါတယ်ကျွန်တော်တို့က အက်ရှင်မင်းသားတွေမဟုတ်ပေမဲ့ casting တုန်းက သေနတ်ပစ်တာတွေ စစ်တိုက်တဲ့အခန်းတွေအကုန်လုပ်ပြရပြီး သူတို့ကြိုက်နှစ်သက်မှအရွေးခံရတာဖြစ်ပါတယ် ဒီဇာတ်လမ်းမှာ တစ်ပိုင်းတစ်ဆလေးဝင်ပါရတဲ့ အကြောင်းရင်းကလည်း အတွေ့အကြုံနဲ့ပညာလိုချင်လို့ပါခင်ဗျာ့ ကမ္ဘာလည်းကျော်သွားမှာမဟုတ်ပါဘူးဗျ”

” ကျွန်တော်တို့မှာလိုအပ်ချက်တွေရှိပေမဲ့ ကျွန်တော်တို့နဲ့ရိုက်လို့ နောင်တရတဲ့လို့ ရိုက်ကူးရေးအဖွဲ့ကပြောတယ်လို့ ပါဝင်သရုပ်ဆောင်ထားတဲ့ကျွန်တောတောင်မကြားမိပါဘူးခင်ဗျ..အဲလိုပြောတဲ့လူကိုလည်းမေးချင်ပါတယ် ဒါ ရိုက်ကူးရေးအဖွဲ့ကပြောတာကော ဟုတ်ရဲ့လားလို့အဲ့ဒီ Page တွေကိုလည်းမေတ္တာရပ်ခံချင်ပါတယ် မဟုတ်မဟတ်ဂ ယက်တွေတော်ပါတော့လို့ လူတွေလည်း တစ်နေ့တနေ့ ဒီ Line Walker သတင်းဘဲမြင်ရလို့ စိတ်ညစ်နေလောက်ပြီဗျာဘယ်နဲ့ဗျာ ပြည်ပကလူတွေတောင်ဘာမှမဖြစ်တာ မြန်မာအချင်းချင်း တိုက်ခိုက်နေကြတယ် စည်းလုံးကြပါဗျာ..အားလုံး peace ✌🏼ကျွန်တော်လည်း ဒီထက်မက ပို၍ကြိုးစားသွားပါမယ်ခင်ဗျ ” ဆိုပြီး ပြောထားပါတယ်။

လင်းအောင်ခေတ် နဲ့အတူ မြန်မာနိုင်ငံရဲ့ နာမည်ကြီး မင်းသားဖြစ်တဲ့ မင်းရာဇာ၊ အောင်မြင့်မြတ်နဲ့ ကျန်အနုပညာရှင်များလည်း Line Walker ဇာတ်ကားမှာ အကောင်းဆုံး လုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။

သရုပ်ဆောင် လင်းအောင်ခေတ် ပြောပြတဲ့ အကြောင်းကို ပရိသတ်တွေသိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.