အချင်းချင်း ချီးမွှမ်းခန်းဖွင့်နေကြတဲ့ ဖြူဖြူထွေးနဲ့ ခြိမ့်ကေကို

အချင်းချင်း ချီးမွှမ်းခန်းဖွင့်နေကြတဲ့ ဖြူဖြူထွေးနဲ့ ခြိမ့်ကေကို

ဖေ့ဘုတ်မှာ ဟာသဗီဒီယိုလေးတွေတင်ပြီး ပရိသတ်တောင့်လာတဲ့ ဖြူဖြူထွေးကတော့ လက်ရှိမှာတော့ အနုပညာလောကထဲမှာ ခြေချနေပြီး ကြော်ငြာတချို့ကိုလည်း ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖြူဖြူထွေးဟာ ဦးသိန်းတန် ငှက်ပျောသီး ကျွေးလိုက်ရာမှ နာမည်ကြီးလာတဲ့ ခြိမ့်ကေကို ခေါ် ဘနားနားနဲ့ တွေ့ဆုံခဲ့ပြီး တယောက်အကြောင်း တယောက် ပြောကြားလိုက်ပါတယ်။

ခြိမ့်ကေကိုကတော့ “တယောက်နဲ့တယောက် စိတ်ထားဖြူစင်းတယ် ရိုးသားတယ် ပွင့်လင်းတယ် ပျော်တတ်တယ်။ ခင်တတ်ပါတယ်။ အပြင်မှာ ပိုချောတယ်။ ကြည့်လိုက်ရင်ချစ်စရာကောင်းတယ်။ တကယ်ပါ။ ရိုးလည်းရိုးသားပါတယ်”

ဖြူဖြူထွေးကတော့ “တူတူပါတယ်။ သူကအထဲမှာဆိုရင်တော့ တမျိုးလေးပေါ့နော်။ အပြင်မှာတွေ့မှာ ရိုးရိုးသားသားပုံမှန်လေးပါ။ တို့ရွာက နွားကျောင်းသားလေးနဲ့ ကိုယ်ကတော့ ဆိတ်ကျောင်းသူလေးပေါ့နော်”

သင်္ကြန်အစီစဉ်နဲ့ ပတ်သက်ပြီး ဖြူဖြူထွေးက “ကြိုပြောလို့တော့မရပါဘူး။ ၃ လပိုင်းထဲမှာတော့ သူ့အလုပ်နဲ့သူရှိတယ်ပေါ့နော်။ သင်္ကြန်နဲ့ပတ်သက်တာတော့ လက်မခံဖြစ်သေးဘူး။ စင်ကာပူမှာ ဖြစ်ဖို့များတယ်။ မောင်လေးအမမြို့တက်လိုက်ဦးမယ်နော်”

ခြိမ့်ကေကိုကတော့ “ကျွန်တော်သင်္ကြန်အတွင်းမှာတော့ သီချင်းအသစ်လုပ်မယ်။ သင်္ကြန်သီချင်းပေါ့။ ကျွန်တော့်ကိုချစ်ပြီးအားပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ရှေ့ဆက်လည်းကျွန်တော်အများကြီး ကြိုးစားသွားပါဦးမယ်။ အခုဆိုလည်းဂီတာတီးတာ တော်တော်ရနေပါပြီ။ သိပ်မကြာခင် ကျွန်တော်ဖောက်ထွက်တော့မှာပါ” ဟု ပြောကြားသွား ခဲ့ပါတယ်။

သူတို့နှစ်ယောက်လုံးကတော့ လူမှုကွန်ယက်စာမျက်နှာတွေမှာ အားပေးတဲ့ ပရိသတ်တွေများသလို ဝေဖန်တဲ့ပရိသတ်တွေလည်း များပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်လုံး ကတော့ဝေဖန်မှုတွေကို လျစ်လျူရှုပြီး လက်ရှိမှာတော့ အောင်မြင်တဲ့ နေရာတခုကိုတော့ ရောက်ခါစပြုနေတာလည်း ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာလည်း သူတို့နှစ်ယောက်ကို အားပေးကြတဲ့သူတွေရှိလား။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.