မေမေချစ်သုဝေကို အဖေနဲ့ပေါင်းလိမ်နေကြတဲ့ ခေတ်နဲ့သစ်လေး

မေမေချစ်သုဝေကို အဖေနဲ့ပေါင်းလိမ်နေကြတဲ့ ခေတ်နဲ့သစ်လေး

ခေတ်လေးနဲ့သစ်လေးတို့နှစ်ယောက်ဟာ စပြီးမမွေးခင် ဗိုက်ဗိုက်ထဲမှာရှိနေကတည်းက တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ချစ်ခြင်းကိုခံခဲ့ရတာပါ။အမြွှာလေးတွေမွေးလည်းလာရော အရင်ကထက်တိုးပြီးဝိုင်းအုံချစ်ကြတော့တာပါပဲ။ ခေတ်နဲ့သစ်လေးဟာ တစ်နေ့တစ်ခြားမျက်စိရှေ့တင်ကြီးပြင်းလာလိုက်တာ အခုဆိုရင် ကြော်ငြာတွေဘာတွေပါလက်ခံရိုက်ကူးနေကြပါပြီ။ ဒီနေ့တော့ လင်းလင်းက ချစ်စရာကောင်းပြီးပျော်ရွှင်တဲ့မိသားစုအချိန်လေးတွေကို Video ရိုက်ထားပြီး သူ့ရဲ့ လူမှုကွန်ုယက်မှာတင်လာခဲ့ပါတယ်။

လင်းလင်းက မေမေချစ်သုဝေရဲ့နောက်ကွယ်မှာ သမီးလေးကို စပျစ်သီးခြောက်လေး ခိုးကျွေးပြီး သမီးလေးက အသံထွက်သွားလို့ မေမေချစ်သုဝေကလှည့်ကြည့်ပြီး “ဘာတွေလဲ ဘာတွေစားနေတာလဲ”လို့မေးတဲ့အခါ သမီးလေးက ပါးစပ်ထဲမှာဝါးနေရင်းနဲ့ ချစ်စဖွယ်ခေါင်းခါပြပါတယ်။ အဲ့တော့ မေမေချစ်သုဝေက “သမီးက မလိမ်တတ်ဘူး မေမေ့ကို ပါးစပ်ကလေးဟပြလိုက်”လို့ ချော့ကာမော့ကာမေးရှာပါတယ်။ အဲ့တော့မှ သမီးလေးက ပါးစပ်ဟပြပါတယ်။

အမြွှာထဲကနောက်တစ်ယောက်ကလည်း နို့နို့သောက်မယ်ဆိုပြီး ချစ်သုဝေနားကပ်လာပြန်ပါတယ်။ အဲဒီမှာ မေမေက “ဖေဖေ့ကိုပြောလိုက် naughty လို့”ပြောခိုင်းတော့  သမီးလေးက naughty လို့ ပြောပြီး လင်းလင်းက ပြန်ပြောစမ်းလို့ပြောတဲ့အခါ “နို့နို့သောက်မယ်”ဆိုပြီး လူကြီးလေးလိုမသိချင်ယောင်ဆောင်စကားလွှဲလိုက်တာဟာ ချစ်ဖို့ကောင်းလွန်းလို့ မေမေရောဖေဖေရောက မနေနိုင်တော့ပဲ ဝိုင်းအုံပြီးနမ်းလိုက်ကြပါတော့တယ်။

ချစ်သုဝေက သမီးလေးကို မေမေအပြင်သွားနေတုန်း ကာတွန်းကားကြည့်လားလို့မေးပြီး သမီးလေးက ညာတော့ ချစ်သုဝေက “အမှန်အတိုင်းပြောရင် နို့တိုက်မယ်။ အမှန်အတိုင်းပြောတဲ့ကလေးကိုပဲ ဘုရားသခင်ကလည်း ချစ်တယ်။ မေမေကလည်းချစ်တယ်။ လူဆိုတာအမှန်အတိုင်းပြောရဲရမယ်။ မေမေက သဲကိုဘာအပြစ်မှမပေးဘူး။ သမီးလေးကာတွန်းကားကြည့်လား”လို့ စိတ်ရှည်လက်ရှည်ရှင်းပြပြီးမှမေးတော့ ကလေးက ခေါင်းငြိမ့်ပါတယ်။ သဲကိုဘယ်သူကာတွန်းကားပြလဲဆိုတော့ “ဖေဖေ”လို့ ပြောလိုက်လို့ လင်းလင်းတစ်ယောက် လန့်ဖျပ်သွားပုံဟာ မြင်သူတိုင်းမရယ်ပဲမနေနိင်အောင်ဖြစ်စေမှာအသေအချာပါပဲ။  “လင်းလင်းက အဖေ နဲ့ သမီး ဆိုတာ အမေကို ပူးပေါင်း လိမ်ဖို့ ( အဲ ဟုတ်ပါဘူး )ပူးပေါင်း ကူညီဖို့”လို့ရေးသားပြီးတင်ထားတဲ့ Video လေးကို ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

့ပရိသတ်ကြီးရော ခေတ်နဲ့သစ်လေးကိုချစ်ကြလား။ ခေတ်လေးနဲ့သစ်လေးအသက်ကြီးလာလို့ အနုပညာလုပ်ငန်းတွေဆက်လုပ်နေရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.