အမေကြိုက်တာတွေပဲလုပ်တော့မယ်ကြက်ဖ

အမေကြိုက်တာတွေပဲလုပ်တော့မယ်ကြက်ဖ

မြန်မာနိုင်ငံရဲ့ 90Kid’s တွေရဲ့ အသည်းစွဲသီချင်းတွေထဲမှာ အသံခပ်ပြင်းပြင်းနဲ့ HipHop အဆိုတော်ဆိုရင် ကျနော်တို့ကတော့ ကြက်ဖကိုပဲသွားမြင်မိမှာပါ ။ သူက ၂၀၁၈ နှစ်ကုန်ပိုင်းလောက် ကလည်း တစ်ယောက်တည်းတိုက်တဲ့တိုက်ပွဲ ဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီးထွက်ထားပါတယ်။ သူရဲ့လတ်တလော လှုပ်ရှားမှုတွေနဲ့နောက်ထပ်ဘာထပ်လုပ်ရမလဲဆိုတဲ့ ကိစ္စတွေကို Myanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာ ပြောပြသွားတာရှိပါတယ်။ အဲ့ဒီလိုပြောပြသွားတဲ့အကြောင်းအရာတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ပြောပြပေးလိုက်ပါတယ် နော်။

သင်္ကြန်မှာ ဘာအစီစဉ်ရှိလဲဆိုတဲ့ မေးခွန်းကို “တရားစခန်းဝင်ဖြစ်ဖို့များတယ် ။ နှစ်တိုင်းဝင်ဖြစ်တယ်။ တရားစခန်းဝင်ဖြစ်တာလည်း ရှိတယ် ဒုလ္လဘ ဝတ်ဖြစ်တာလည်းရှိတယ်။ ပြီးခဲ့တဲ့သင်္ကြန်ကတော့ အမေတို့နဲ့ ဗုဒ္ဓဂါယာ သွားတယ်။ လို့ပြောသွားပြီး ဘာကြောင့်ဘုရားတရားတွေလုပ်ဖြစ်နေတာလဲဆိုတဲ့မေးခွန်းကို “ (ရယ်လျက်)မဖြေပြန်ရင်လည်းမကောင်းဘူး ဖြေပြန်ရင်လည်းဒီအဖြေပဲရှိတယ်။ (စဉ်းစားလျက်) အလွယ်ဆုံးပြောရရင်တော့ အမေတို့ကသိပ်ပြီးတော့ ကြာကြာရှိမှာမဟုတ်တော့ဘူးဗျ ။အဲ့ဒါကြောင့်သူတို့နဲ့အတူတူလုပ်လို့ရမယ် ကုသိုလ်ကောင်းမှုမှန်သမျှကို ဦးစားပေးလုပ်ဖြစ်ပါတယ်။ သူတို့ကြိုပြောထားတဲ့ ဘုရားဖူးသွားမယ် ဥပမာ ဘယ်အလှူသွားမယ်အဲ့ဒီလိုပြောထားတဲ့ရက်တွေဆိုရင် ဘာလာလာအဲ့ဒါကိုရအောင်ရှောင်ကြည့်တယ် ။ ကျနော်အဲ့ဒီနေ့မအားဘူးအဆင်ပြေမလား အဲ့ဒီလိုမျိုးချိတ်ဖြစ်တယ်။”လို့ပြောပြသွားပါတယ်။

သီချင်းအသစ်တွေလုပ်ဖို့ရှိလားဆိုတဲ့မေးခွန်းကိုလည်း “နောက်ခွေတွေ နောက်လုပ်မဲ့ဟာလေးတွေ တော့ရှိတာပေါ့ အဲ့ဒီလိုမျိုးတွေကျရင်တော့ (စဉ်းစားလျက်) ဒီတစ်ခါတော့ အမေကြိုက်တာလုပ်ရတော့မှာပေါ့ ။ ဘာဖြစ်လို့လဲဆိုတော့ အမေက ဒီပျော်စရာလေးတွေဖန်တီး ပါပေါ့နော် ။ တောလိုသီချင်းလေးတွေပေါ့ ။အဲဒီလိုလေးတွေများများရေးဖို့တော့ပြောပါတယ် ။”လိုပြောသွားပြီး ရုပ်ရှင်နဲ့ပတ်သတ်ပြီးတော့လည်း “ရုပ်ရှင်ကတော့Theme Song ပေါ့ဇာတ်ဝင်သီချင်းလေးတွေရေးဖြစ်ပါတယ်.။ပြောသွားပြီး ရုပ်ရှင်ရိုက်ဖို့လည်းရှိတဲ့အကြောင်း ၊ ရိုက်ထားတာတွေလည်းရှိကြောင်းပြောပြသွားခဲ့ပါတယ်။

လက်တလောလုပ်ဖြစ်နေတာတွေကိုလည်း – လက်ရှိကတော့ ကြော်ငြာသီချင်း ၂ပုဒ်၃ပုဒ်ရေးတယ်။ တခြားဇာတ်လမ်းတွဲဇာတ်ဝင်သီချင်းတွေ ၊ ရုပ်ရှင်ဇာတ်ဝင်သီချင်းတွေရေးနေတယ်။ အခွေမထွက်ခင်က၁၃ပုဒ်လောက်ရေးဖြစ်တယ်။ အခွေထွက်ပြီးသွားမှာ ၁၀ပုဒ်လောက်ရှိတော့မယ် ။ ဆိုတော့ ၂၀တော့ကျော်ပြီ ။ ရုပ်ရှင်သီချင်းတွေပေါ့ ဆိုပြီးပြောပြသွားပါတယ် ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.