လွှမ်းပိုင်ရဲ့မွေးနေု့ကို ရိုဆန်ဆန်လေးဆုတောင်းပေးလိုက်တဲ့ Bobby Soxer

လွှမ်းပိုင်ရဲ့မွေးနေု့ကို ရိုဆန်ဆန်လေးဆုတောင်းပေးလိုက်တဲ့ Bobby Soxer

လွှမ်းပိုင်နဲ့ B Sox တို့ချစ်သူစုံတွဲလေးကတော့ ဂီတလောကရဲ့သက်တမ်းအရှည်ကြာဆုံးချစ်သူစုံတွဲလေးလို့ဆိုရမှာပါပဲ။ သူတို့နှစ်ဦးဟာ လာမယ့် 2019 မေလ ဆိုရင် ချစ်သူသက်တမ်း (၁၀)နှစ်ပြည့်မြောက်တော့မှာဖြစ်ပါတယ်။ချစ်သူတစ်ယောက်တည်းနဲ့ တစ်နှစ်ပြည့်ဖို့တောင်မလွယ်တဲ့ ဒီနေ့ခေတ်ကြီးမှာ ဒီတစ်ယောက်တည်းနဲ့ ဘဝသက်တမ်းရဲ့တစ်ဝက်စာလောက် အတူဖြတ်သန်းနိုင်တာကတော့ အချစ်စစ်ရဲ့ပြယုဂ်ဖြစ်သလို လေးစားစရာပဲဖြစ်ပါတယ်။

လွှမ်းပိုင်က Bobby Soxer ကိုအရမ်းချစ်သလို စိတ်ထက်တဲ့ B Sox ကလည်း လွှမ်းပိုင်ကိုတော်တော်လေးချစ်တာ ပရိသတ်တွေမြင်ရမှာပါ။ ဒါ့အပြင် လွှမ်းပိုင်နဲ့ B Sox က အခြားသူတွေလိုပြတ်လိုက်တွဲလိုက်တွေရန်ဖြစ်သံတွေလည်းမကြားပဲ တည်ငြိမ်ပြီး over မလုပ်တတ်တဲ့ စုံတွဲလေးဆိုရင်လည်းမမှားပါဘူး။ ဒီနေ့ မတ်လ (၁) ရက်နေ့ဟာ လွှမ်းပိုင်ရဲ့ အသက် (၃၀) ပြည့်မွေးနေ့ဖြစ်ပြီး ချစ်သူ Bobby Soxer က လွှမ်းပိုင်ကို ချစ်စရာကောင်းလွန်းတဲ့ မွေးနေ့ဆုတောင်းလေးပေးထားပါတယ်။

Bobby Soxer က လွှမ်းပိုင်ရဲ့ မွေးနေ့ကိတ်လေးကိုင်ထားတဲ့ဓာတ်ပုံလေးနဲ့အတူ “မွေးနေ့ကိတ်ပေါ်မှာ အဲဒီဖယောင်းတိုင်တွေထွန်းဖို့မလိုတော့ပါဘူး.. ရှင်က ကျွန်မရဲ့နှလုံးသားကိုလောင်ကျွမ်းစေခဲ့ပြီးပါပြီ”လို့ အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ်စာတန်းလေးနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာပါ။ B Sox က သူ့ရဲ့ account မှာ “Do you really need to light those candles on your cake? U’ve already set my heart on fire. Happy birthday”လို့ ချစ်ဖို့ကောင်းတဲ့အီမိုဂျီလေးတွေနဲ့တင်ထားခဲ့တာပါ။ လွှမ်းပိုင်ကတော့ချစ်သူလေးရဲ့မွေးနေ့ဆုတောင်းကြောင့်ပျော်နေမှာအမှန်ပါပဲ။ ဒါ့အပြင်လွှမ်းပိုင်ဟာ Justin Bieber နဲ့လည်းမွေးနေ့တူသူပါ။ ဒီနေ့ဟာ Justin Bieber ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.