မြန်မာပရိသတ်တွေ ဖိုက်နယ်ပွဲမှာ အလှမယ်ရွှေအိမ်စည်ကို အားပေးမရအောင် ပိတ်လိုက်ခဲ့တဲ့ Miss Supranational အဖွဲ့အစည်း

မြန်မာပရိသတ်တွေ ဖိုက်နယ်ပွဲမှာ အလှမယ်ရွှေအိမ်စည်ကို အားပေးမရအောင် ပိတ်လိုက်ခဲ့တဲ့ Miss Supranational အဖွဲ့အစည်း

လက်ရှိမှာ မြန်မာအလှမယ် ရွှေအိမ်စည် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ “Miss Supranational 2018” ပြိုင်ပွဲကြီးက ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ဖိုင်နယ်ပွဲကြီးကို ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအဆင့်ဆင့်ကို အခက်အခဲတွေကြားက ကျော်ဖြတ်ယှဉ်ပြိုင်နေရတဲ့ အိမ်စည်အတွက်တော့ နောက်ဆုံးပြိုင်ပွဲကြီးက အရမ်းကိုရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းနေသလို မြန်မာနိုင်ငံက အားပေးနေတဲ့ ပရိသတ်တွေအတွက်လည်း ကြီးမားတဲ့ မျှော်လင့်ချက်တွေနဲ့ ရင်ခုန်နေခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့မှာပဲ ပရိသတ်တွေအတွက် သတင်းဆိုးကြီးတစ်ခုက ထွက်ပေါ်လာခဲ့ပါတယ်။

ဒါကတော့ သရဖူဆုအတွက် အဆုံးအဖြတ်ပေးမယ့် ဖိုင်နယ်ပွဲစဉ်ကြီးမှာ ပရိသတ်တွေအနေနဲ့ အိမ်စည်ကို အားပေးခွင့်ရရှိတော့မှာ မဟုတ်ပါဘူး။ “Miss Supranational” အဖွဲ့အစည်းက ကြေညာလိုက်တဲ့ ဖိုင်နယ်ပွဲစဉ်ကို တိုက်ရိုက်ကြည့်ခွင့်မရတဲ့ နိုင်ငံ(၂၀)စာရင်းမှာ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အခုလိုမျိုး ကန့်သတ်ထုတ်ပြန်လိုက်တဲ့ နိုင်ငံတွေစာရင်းနဲ့ ပတ်သက်ပြီးတော့ အကြောင်းပြချက် တစ်စုံတစ်ရာကိုလည်း ပြောပြထားခြင်း မရှိခဲ့ပါဘူး။ ပြိုင်ပွဲဝင်တွေထဲမှာ ပရိသတ်အားပေးမှုအများဆုံး ရရှိထားတဲ့ ရွှေအိမ်စည်အတွက်ရော မြန်မာပရိသတ်တွေအတွက်ပါ အရမ်းကို ခံပြင်းနေရတဲ့သတင်းတစ်ခု ဖြစ်ပါတယ်။ မနေ့ကတော့ ပရိသတ်တွေ voting ပေးမှုကြောင့် “Miss and Mister Supranational 2018 The Royal Dinner” ပွဲကို ရွှေအိမ်စည်လည်း တက်ရောက်ခဲ့ရပါတယ်။

လက်ရှိမှာတော့ အိမ်စည်က “I am very disappointed” ဆိုပြီး သူမရဲ့ခံစားချက်ကို ပြောပြထားသလို ပြိုင်ပွဲအတွက် “ပရိသတ်တွေရဲ့အားပေးမှုကြောင့် အိမ်စည့်အတွက် motivation အရမ်းရှိသလို pressure လဲအရမ်းများပါတယ် အားသွန်ခွန်စိုက် အားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် ” ဆိုပြီးလည်း ကျေးဇူးတင်စကားဆိုထားပါတယ်။ “Miss Golden Myanmar” ကတော့ “နှစ်စဉ် Live လွှင့်နေကျကို ပရိသတ်အများဆုံး မြန်မာအပါအဝင် စိတ်ဝင်စားမှုအရှိဆုံးအာရှနိုင်ငံများအတွက် ဒါဟာ ပထမဆုံး Live ကြည့်ခွင့်မရခြင်းဖြစ်ပါတယ်” ဆိုပြီး စိတ်မကောင်းစွာ ပြောပြထားတာ တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ပရိသတ်တွေကတော့ ရွှေအိမ်စည်ကို ဆက်လက်အားပေးကြဖို့ တောင်းဆိုလိုက်ပါတယ်နော်။

Source:Miss Supranational;

Credit – myanmarload

Comments are closed.