အိမ်ထောင်ရေး ဖောက်ပြန်မှုတွေကို ဝေဖန်လိုက်တဲ့ ဆုပန်ထွာ

အိမ်ထောင်ရေး ဖောက်ပြန်မှုတွေကို ဝေဖန်လိုက်တဲ့ ဆုပန်ထွာ

အိမ်ထောင်ကျပြီး ငြိမ်းချမ်းသာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကို လုပ်နိုင်သရွေ့ဆက်လုပ်နေတဲ့ ပြည်သူချစ်တဲ့ မင်းသမီးဆုပန်ထွာတို့ ဇနီးမောင်နှံနဲ့We Enterainment ရဲ့အင်တာဗျူးမှာ ပြောပြသွားတဲ့အကြောင်းလေးတွေရှိပါတယ်။ သူ့တို့ပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ပြောပြပေးလိုက်ပါတယ်။

Relationship တစ်ခုမှာ ဘယ်အရာကအရေးကြီးဆုံးလဲ ဆိုတဲ့မေးခွန်းကိုဆုပန်ထွာက “ အဓိကကတော့ အစ်ကိုအစ်မအပေါ်မှာအရမ်းချစ်လို့ပါ။ သူချစ်လို့လည်း အစ်မသူ့ကိုအိမ်ထောင်ဖက်အဖြစ်ရွေးချယ်ဖြစ်ခဲ့တာ။ဆိုတော့အစ်မအပေါ်မှာစိတ်ချမ်းသာအောင်သူထားတယ်။အစ်မပျော်အောင်သူနေပေးတယ် ။ အများကြီးသူပြုပြင်ပြီးတော့ သူ အစ်မစိတ်ကလေးနဲ့သူနေပေးလို့သာ အစ်မတို့( စဉ်းစားလျက်) အဓိကကတော့ အိမ်ထောင်ဦးစီးပေါ့နော် ဒါအစ်အသူ့ရှေ့မှာလည်းပြောတယ်။ သူကွယ်ရာမှလည်းပြောတယ်။  အစ်မကိုချစ်တဲ့အတွက်ကြောင့်မို့အစ်မရဲ့အိမ်ထောင်ဦးစီးသည် အစ်မတို့အားလုံးကိုစိတ်ချမ်းသာအောင်ထားလို့သာလျှင်အစ်မတို့ ပျော်စရာကောင်းနေတာပေါ့။  ဘာလို့လဲဆိုတော့ မိန်းမတစ်ယောက်ယူပြီးပြီဆိုရင် စိတ်ညစ်အောင်လည်းသူ လုပ်လို့ရတယ်။ စိတ်ဆင်းရဲအောင်လည်းသူကြည့်လို့ရတယ်။ ပျော်အောင်လည်းသူထားလို့ရတယ်။ ပျော်စရာကောင်းတဲ့စကားတွေလည်းသူပြောလို့ရတယ်။စိတ်ညစ်အောင်လည်းသူပြောလို့ရတယ်။ ဒါပေမယ့်သူက မမ ကိုပျော်စရာကောင်းတဲ့ စကားတွေနဲ့နွေးထွေးစွာသူ(စဉ်းစားလျက် ယောက်ျား နားကိုကပ်ပြုံးပြီး)နေပေးလိုပေါ့နော် ။(ရယ်လျက်)

Social Media ပေါ်က အိမ်ထောင်ရေးဖောက်ပြန်မှုတွေအပေါ်မှာလား “ မိန်းကလေးဆိုတာကတော့ အစ်မကမိန်းကလေးဆိုတော့ မိန်းကလေးဘက်ကနေပြီးတော့(စဉ်းစားလျက် ) ကိုယ်ချစ်ကိုရွေးတာထက် သူချစ်ကိုရွေးတာ မိန်းကလေးတစ်ယောက်အတွက် သူတို့ဘဝအတွက် စိတ်ခြရမယ်လို့ မမကတော့ မမရဲ့ဘဝအတွေ့အကြုံလေးကိုပြောပြချင်ပါတယ်။  ပန်ပန်ဆိုလည်းအစ်ကိုရဲ့ချစ်တာတစ်ခုတည်းနဲ့ အစ်မကိုသူအရမ်းချစ်တယ်ဆိုတဲ့ဟာတစ်ခုတည်းနဲ့အစ်မသူ့ကိုရွေးချယ်ခဲ့တာ။ မမပြောချင်တာက ပိုက်ဆံရှိတာတွေမရှိတာတွေ ဂုဏ်တွေရှိတာတွေမရှိတာတွေ ဒါတွေကိုမမမရွေးချယ်ဘဲနဲ့ သူချစ်တာတစ်ခုတည်းနဲ့မမသူ့ကို လက်ထပ်ခဲ့တာပေါ့နော်။ အဲ့ဒီကျမမ ဘာတွေ့ရလဲဆိုတော့ သူအရမ်းချစ်တဲ့အတွက် မမပေါ်မှာသူသစ္စာရှိတယ်။ မမလိုချင်တာတွေသူလုပ်ပေးတယ် မမကိုသူစိတ်ချမ်းသာအောင်ထားတယ်။  အဲ့ဒီချစ်တာတစ်ခုတည်းနဲ့မမအရာရာပြည့်စုံနေတယ်။ဆိုပြီးပြောပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.