ပရိသတ်တွေ ကြားချင်နေကြတဲ့ အရာလေးတွေကို အစ် မဖြစ်သူကနေတစ်ဆင့် စကားလက်ဆောင်ပါး လိုက်တဲ့ ပိုင်တံခွန်

ပရိသတ်တွေ ကြားချင်နေကြတဲ့ အရာလေးတွေကို အစ် မဖြစ်သူကနေတစ်ဆင့် စကားလက်ဆောင်ပါး လိုက်တဲ့ ပိုင်တံခွန်

ပိုင်တံခွန်ကတော့ ဒီအရေးတော်ပုံကြီးစတင်ထဲက အားကြိုးမာန်တတ်နဲ့လမ်းပေါ်ထွက်ကာ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်ခဲ့သူတစ်ယောက်ဖြစ် သ လို ပြည်သူတွေကိုလည်းရှေ့ကနေ ကာကွယ်စောင့်ရှောက်ပေးမှုတွေလည်းပြုလုပ်ခဲ့ပါသေးတယ်။ဒါ့အပြင်သူရဲ့ များပြားလှတဲ့ Follower တွေကိုအသုံးချကာမြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကိုလည်း ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့တာလည်းဖြစ်ပါတယ်။

တံခွန်ကတော့ အောင်မြင်ကျော်ကြားမှုတွေကို ဘေးချိတ်ထားပြီး လူငယ်ပီပီ တိုင်းပြည်အရေးကို တက်တက်ကြွကြွ လှုပ်ရှားခဲ့တဲ့ အနုပညာ ရှင် တစ် ယော က်ပဲ ဖြစ်ပါတယ်။ ဒီလိုစိတ်ရောကိုယ်ပါနှစ်ပြီး နွေဦးတော်လှန်ရေးကြီးမှာ ပါဝင်ခဲ့တာကြောင့် ခုဆိုရင် ပုဒ်မ (၅၀၅-က) နဲ့ ဖမ်း ဆီး ထိန်းသိမ်း ခံထားရတာလည်းဖြစ်ပါတယ်။

သူ့ကိုချစ်တဲ့ ပရိသတ်တွေကတော့ ဒီနေ့အထိပိုင်တံခွန်ပြန်လည်လွန်မြောက်လာမယ့် ရက်ကိုလက်ချိုးရည်ကာ စောင့်ဆိုင်းနေကြတာပါ ။ ဒီ နေ့မှာတော့ ပိုင်တံခွန်ရဲ့ အစ်မဖြစ်သူက သူရဲ့အကောင့်ကနေပြီး ပိုင်တံခွန် ပြောကြားလိုက်တဲ့ စကားလေးတွေကို ခုလို တစ်ဆင့်ရေး သား ဖော် ပြလာပါတယ် ။ “  နေကောင်းကျန်းမာကြောင်း အသိပေးရင်း ” ပရိသတ်တွေကိုလည်း လွမ်းနေပါပြီ” တဲ့ အမှာစကား ပါးလိုက်ပါတယ် ဗျာ… ” ဆိုတဲ့ စာလေးကို ရေးဖွဲ့ထားရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – May Chit Thway

Comments are closed.