ညောင် (၁၀)ပင် (၁၀)ရက်အဓိဌာန်ကို (၂၅)ကြိမ်တိတိ အောင်မြင်ခဲ့ပြီးပြီးဖြစ်တဲ့ ပွင့်နဒီမောင်

ပရိသတ်ကြီးရေ ပွင့်နဒီမောင်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားပြီး ယနေ့အချိန် ထိလည်း ပရိသတ်အချစ်တော်တစ်ယောက်အဖြစ်ရပ်တည်နေနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ပွင့်နဒီ မောင်က အနုပညာအလုပ်တွေနဲ့အတူ ကိုယ်ပိုင်အလုပ်လေးကို လုပ်ကိုင်ပြီး ဘာသာရေးတွေကိုပိုမိုလုပ်ဆောင်ကာ ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေပါတယ်။

ပွင့်နဒီမောင်ကတော့ အလှူအတန်းတွေကိုလည်း အမြဲလိုလိုပြုလုပ်ပြီး ဒါနပါရမီကိုလည်း ဖြည့်ကျင့်သလို ဘာသာတရားကိုလည်း ကိုယ် တိုင်ကိုင်းရှိုင်းက သီလပါရမီကိုလည်း ဖြည့်နေခဲ့ပါတယ်။ အမြဲတမ်းလိုလို အဓိဌာန်ဝင်ပုတီးစိတ်ကုသိုလ်တွေကိုပြုလုပ်လေ့ရှိပြီး ဒီနေ့မှာ လည်း ညောင် (၁၀)ပင်(၁၀)ရက်အဓိဌာန်ကို အောင်မြင်စွာ အဓိဌာန်ဝင်နိုင်ခဲ့ကြောင်း ပွင့်နဒီမောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကြည်နူးပီတိဖြစ်စွာနဲ့ မျှဝေလာခဲ့ပါတယ်။

ပွင့်နဒီမောင်ကတော့ ညောင် (၁၀)ပင် (၁၀)ရက်အဓိဌာန်ကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့တာကတော့ ဒီတစ်ခေါက်နဲ့ဆို (၂၅)ကြိမ်တိတိအော င်မြင်ခဲ့တာပါတဲ့။CeleZone ပရိသတ်ကြီးရေ ပွင့်နဒီမောင်ကတော့ သူရဲ့ညောင်(၁၀)ရက် (၁၀)ရက်အဓိဌာန်အောင်မြင်တဲ့ ကုသိုလ်ရဲ့ အဖို့ဘာဂတွေကြောင့် (၇)ရက်သားသမီးတွေ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကျပါစေဖို့ ဆုမွန်ကောင်းတောင်းထားခဲ့ပါ သေးတယ်။

Source – Pwint Nadi Maung

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*