ချစ်သူကို အမြဲတမ်း ပြန်ချော့ရတယ်ဆိုတဲ့ နေခြည်ဦး

ချစ်သူကို အမြဲတမ်း ပြန်ချော့ရတယ်ဆိုတဲ့ နေခြည်ဦး

ပရိသတ်အချစ်တော် Beauty Blogger ၊ သရုပ်ဆောင် နေခြည်ဦးက Sunday နဲ့အင်တာဗျူးတွေမှာပြောပြသွားခဲ့တာရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေ ကို ပြောချင်လွန်းလို့ပရိသတ်ကြီးကို ပြန်ပြောပြလိုက်ပါတယ်နော်။

ချစ်သူနဲ့နှစ်ယောက်တွဲပုံလေးတွေခဏခဏတင်ဖြစ်တာက ဆိုတဲ့မေးခွန်းကို “ အဓိကချစ်သူတွေဖြစ်ရင် နေခြည်တို့ အတွဲမှဖြစ်ဖြစ် အခြားFacebook Celeဘယ် အတွဲပဲဖြစ်ဖြစ် ချစ်နေကြတာမြင်လို့ရှိရင် ချစ်တဲ့ပရိသတ်တွေက ချစ်တဲ့စိတ်နဲ့ကြည်နူးစရာကောင်းတယ် မုန်းတဲ့ပရိသတ်တွေကတော့ အပိုတွေလုပ်ပြတယ်လို့ထင်မှာပေါ့နော်.။နေခြည်တို့အတွက်ကကျတော့လည်းနေခြည်တို့ ကိုယ်ချစ်တဲ့ Moment လေးတွေပဲပြတာပါ နေခြည်တို့နှစ်ယောက် သတ်တဲ့အချိန်တွေလည်းအများကြီးရှိတယ်လို့နေခြည်အမြဲတမ်းပြောဖူးတယ်။ ဒါပေမယ့်အဲ့တာကျတော့ မုန်းတဲ့သူတွေကလည်း ဒါဝမ်းသာသွားလိမ့်မယ် ချစ်တဲ့သူတွေကြစိတ်မကောင်းဖြစ်လိမ့်မယ်။ ပုံမှန်ကတော့ ကိုယ်တွေချစ်နေတဲ့အချိန်တွေပဲ နေခြည်တင်တာပါ။နေခြည်တို့နှစ်ယောက်ကဝေးနေတာပိုကောင်းတယ်။ (ရယ်လျက်) ဘာဖြစ်လို့လဲဆိုတော့ ဘာလို့ဝေးနေတာပိုကောင်းလဲပြောပြမယ် ။

နေခြည်တို့နှစ်ယောက်စလုံးက Traveling အရမ်းကြိုက်တယ် ။ ပြီးတော့ နှစ်ယောက်စလုံးက ကိုယ့်ခြေထောက်ကိုယ်ပေးကိုရပ်တည်ချင်တဲ့စိတ်ရှိတယ်။ နေခြည်ကသူကိုအမြဲတမ်းပြောတယ် တကယ်လို့နင်နဲ့ငါ အိမ်ထောင်ပြုဖြစ်လို့ရှိရင် နင်ဘာပိုင်ဆိုင်လည်းပဲ ငါမသိချင်ဘူး ငါဘာပိုင်ဆိုင်လည်းပဲငါမသိချင်ဘူး ငါ့တို့နှစ်ယောက် တကယ်ကို ကိုယ့်ခြေထောက်ပေါ်ကိုရပ်တည်နိုင်တဲ့ အနေအထားတစ်ခုမှလက်ထပ်မယ်ပေါ့နော်။”ဆိုပြီးပြောပြခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.