ပုံပြင်ထဲက မင်းသမီးလေးလို အလှဆုံးဂါဝန်လေးနဲ့ ပွဲတက်ခဲ့တဲ့ ပန်းရောင်ခြယ်

ပုံပြင်ထဲက မင်းသမီးလေးလို အလှဆုံးဂါဝန်လေးနဲ့ ပွဲတက်ခဲ့တဲ့ ပန်းရောင်ခြယ်

အဆိုတော်ကြီး ဂရေဟမ်ရဲ့ချစ်မဝတဲ့သမီးကြီး ပန်းရောင်ခြယ်ကတော့ ဆံနွယ်​ရှည်​ကြီး​တွေနဲ့ မဟာဆန်တဲ့အလှတရားကို ပိုင်​ဆိုင်​ထားသူလေးပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ ပန်း​ရောင်​​လေးက Samsung ရဲ့ Galaxy Series ထွက်ရှိတာ ၁၀ နှစ်ပြည့်ပွဲလေးမှာ ပုံပြင်ထဲက မင်းသမီးလေးလို အလှဆုံး ပွဲတက်​ဝတ်​စုံ​လေးနဲ့ တက်​​ရောက်​ခဲ့တာ တွေ့ရပါတယ်။ ဘယ်အချိန်ကြည့်ကြည့် ရင်အေးစေတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ ပန်းရောင်ခြယ်လေးကတော့ အဆိုပါပွဲလေးမှာ အတောက်ပဆုံးနဲ့ အထင်ရှားဆုံးဖြစ်နေခဲ့တာပါနော်။

ချစ်​ပရိသတ်​​တွေအတွက် ဒဏ္ဍာရီထဲက မင်းသမီးလေးလို လှနေတဲ့ ပန်း​ရောင်​ခြယ်လေး​ရဲ့ပုံရိပ်​​လေး​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ဖခင်​ဖြစ်​သူ ဂ​ရေဟမ်​နဲ့တူလို့ အဆိုပိုင်းမှာ ထူးချွန်​တဲ့ ပန်း​ရောင်​​လေးက​တော့ ချစ်​စရာ​ကောင်းတဲ့ သီချင်းချိုချို​လေး​တွေနဲ့ ပရိသတ်​ကို ဖမ်းစားထားနိုင်​သူတစ်​ဦးပါ။

ပန်းရောင်ခြယ်ကတော့ “10 Years With Galaxy 🌌💙 Samsung ရဲ့ Galaxy Series ထွက်ရှိတာ ၁၀ နှစ်ပြည့်ပြီ ဖြစ်ပါတယ် 💜” ဆိုပြီး သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

အဆိုပါပွဲလေးမှာတော့ ပန်းရောင်ခြယ်အပြင် တစ်ခြားသော နာမည်ကြီးအနုပညာရှင်တွေလည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

ပန်း​ရောင်​ခြယ်​က​တော့ လတ်​တ​လောမှာ သီချင်း​တွေဆက်​တိုက်​ ပြုလုပ်​ဖြစ်​​နေတာဖြစ်ပြီး ပရိသတ်တွေအတွက် သီချင်းသစ်တွေ ဖန်တီးဖြစ်နေတာပါ။ လိမ္မာရေးခြားရှိလွန်းလှတဲ့ ပန်းရောင်ကြောင့် ဖခင်ဖြစ်သူ ဂရေဟမ်တို့ကလည်း အမြဲဂုဏ်ယူနေရတာပဲ ဖြစ်ပါတယ်။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း ပုံပြင်တွေထဲက မင်းသမီးလေးတစ်ပါးလို လှနေတဲ့ ပန်း​ရောင်​​လေးကိုချစ်​ရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.