ရေကြီးနေတဲ့ ဒေသ က ဒုက္ခသ ည်ပြည် သူ တွေအ တွက် အသက်ကယ်လှေတွေ လှူဒါန်းလိုက်တဲ့ ခိုင်နှင်းဝေ
ရေကြီးနေတဲ့ ဒေသ က ဒုက္ခသ ည်ပြည် သူ တွေအ တွက် အသက်ကယ်လှေတွေ လှူဒါန်းလိုက်တဲ့ ခိုင်နှင်းဝေ
သရုပ်ဆောင်မင်းသမီး ခိုင်နှင်းဝေကတော့ ပရဟိတလုပ်တဲ့နေရာ မှာ ပြည်သူ တွေ ရဲ့ ချစ် ခင်လေးစာ းမှုတွေနဲ့ ချီးကျူ းခံ နေရပြီး ဒုက္ခ ရောက်နေသူ တော်တော်များများကို ဖေးမကူညီနေသူပဲ ဖြစ်ပါ တယ်..။လက်ရှိမှာလည်း တချို့နေရာတွေမှာပြည်သူ တွေကြုံ တွေ့ နေရတဲ့ ရေကြီးမှုပြဿနာ အခက်အခဲတွေကို တစ်ဖက်တစ်လမ်းကနေ ဖေးမပါဝင်ကာ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြန်ပါတယ်..။ 
မြန်မာပြည်တွင်း တချို့ပြည်နယ်တွေမှာ ရေးကြီးရေလျှံမှုတွေကြောင့် နေအိမ်တွေတောင်မြုပ်ကာ ဒုက္ခပင်လ ယ်ဝေနေ ရ တဲ့ ပြည်သူတွေအတွက် အသက်ကယ်လှေတွေ လှူဒါန်းကူညီခဲ့တာ ဖြစ်ပါတယ်..။ဈေးချိုတာလေးတွေ လှူဖို့ စဉ်းစားထားပေမယ့် တ ကယ် အသုံးဝင်ပြီးရေရှည် အတွက် အဆင်ပြေမယ့် လှေမျိုးက်ုပဲ လှူဖြစ်ခဲ့တဲ့အကြောင်းတွေနဲ့ ဈေးနှုန်းအမျိုးမျိုးကိုလည်း ခိုင်နှင်းဝေ က ပြော ပြထား ပါသေးတယ်..။
“လိုအပ်နေသော ရေကြီးနေတဲ့ နေရာများ အတွက် အသက်ကယ်လှေလေးတွေ လှူဖြစ်ပါတယ်ရှင်.ပထမ စျေးနှုန်းချိုတာ လေး တွေ လှူမယ်ဆိုပေမဲ့ တကယ် အသုံးတဲ့ပြီး ရေရှည်အတွက် အဆင်ပြေစေမဲ့ လှေမျိုးပဲ လှူဖြစ်ပါတယ်..စျေးနှူန်းများ မှာ မော် တော် တစ် စီးလျှင် သိန်း (၅၀)၊ လှေ တစီးလျှင် (၁၂)သိန်း (၅)သောင်း ပါရှင်…လောလောဆယ် မော် တော် (၅)စီးကို လို အပ်နေ သော နေရာ များသို့ အရင် လှူပေးပါမယ်…ခုနှစ်ရက် သားသမီး အားလုံးရဲ့ စုပေါင်း အလှူဒါနလေး လည်း ဖြစ်ပါ တယ်ရှင်.. 🙏🙏🙏..” ဆိုပြီး သူမရဲ့ အ လှူကို အသိ ပေးဝေမျှထားတာ ဖြစ်ပါတယ်..။
အခုလို လိုအပ်နေတဲ့နေရာတွေမှာ ပြည်သူတွေအတွက် လိုအပ်သလို ဖေူမကူညီဖို့ အမြဲအသင့်ရှိနေတဲ့ ခိုင်နှင်းဝေရဲ့ အလှူလေးကို အား လုံးက လေးစားချီးကျူးနေကြတာလည်း တွေ့ရပါတယ်..။
သတင်းအရင်းမြစ်: Khine Hnin Wai’s Fb Acc
[Zawgyi]
“လိုအပ်နေသော ရေကြီးနေတဲ့ နေရာများ အတွက် အသက်ကယ်လှေလေးတွေ လှူဖြစ်ပါတယ်ရှင် .ပထမ ဈေးနှုန်းချို တာ လေး တွေ လှူမယ်ဆိုပေမဲ့ တကယ် အသုံးတဲ့ပြီး ရေရှည်အတွက် အဆင်ပြေစေမဲ့ လှေမျိုးပဲ လှူဖြစ်ပါတယ်..ဈေးနှူန်းများ မှာ မော် တော် တစ် စီးလျှင် သိန်း (၅၀)၊ လှေ တစီးလျှင် (၁၂)သိန်း (၅)သောင်း ပါရှင်…လောလောဆယ် မော် တော် (၅)စီးကို လို အပ်နေ သော နေရာ များသို့ အရင် လှူပေးပါမယ်…ခုနှစ်ရက် သားသမီး အားလုံးရဲ့ စုပေါင်း အလှူဒါနလေး လည်း ဖြစ်ပါ တယ်ရှင်.. 🙏🙏🙏..” ဆိုပြီး သူမရဲ့ အ လှူကို အသိ ပေးဝေမျှထားတာ ဖြစ်ပါတယ်..။
Comments are closed.