ပထမအကြိမ်မြောက် သိန်းတစ်သောင်းခွဲဆုကြီးမှာ ထီဆုတစ်ဆုဆွတ်ခူးနိုင်ခဲ့တဲ့ ပပဝင်းခင်

ပထမအကြိမ်မြောက် သိန်းတစ်သောင်းခွဲဆုကြီးမှာ ထီဆုတစ်ဆုဆွတ်ခူးနိုင်ခဲ့တဲ့ ပပဝင်းခင်

အသံသြသြလေးနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့တဲ့ မင်းသမီးချောလေး ပပဝင်းခင်က အခုဆိုရင် အနုပညာလုပ်ငန်းတွေကို သိပ်မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေကတော့ သူမကို အားပေးချစ်ခင်ကြဆဲပါပဲ။ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ပပဝင်းခင်က အခုချိန်ထိ အိမ်ထောင်မပြုသေးပဲ ချစ်ရတဲ့ မိသားစုတွေနဲ့အတူတူ ပျော်ရွှင်လွတ်လပ်စွာ နေထိုင်နေဆဲဖြစ်ပါတယ်။ ဒီကနေ့ မတ်လ(၁) ရက်နေ့မှာတော့ မင်းသမီးချောလေး ပပဝင်းခင်က သူမရဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းကို မျှဝေပေးထားပါတယ်။

ပပဝင်းခင်က “(၁ ) ကြိမ်မြောက်မှာ မင်္ဂလာနဲ့စတင် မြတ်စွာဘုရားက 50000ဆု ချီးမြှင့်တယ်လေ . ပပတို့မိသားစု ကျောမခင်းဆရာတော်ကြီး ပဲခူးကျောင်းမှာ ဘုရားတည်နေတာ ဘုရားမုဒ်တမုဒ် နဲ့ အသောကတံခွန်တိုင် လှူထားပါတယ် . ချစ်ပရိသတ်များ ထပ်တူကုသိုလ်များရကြပါစေ။ အမြဲ အလှူမပြတ် လှူခွင့်ရပါစေ။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်မှာ မျှဝေထားပါတယ်။

ပပဝင်းခင်က ဒီကနေ့ မတ်လ(၁)ရက်နေ့မှာ ပထမဆုံးအကြိမ် သိန်းတစ်သောင်းခွဲ ထီဆုကြီးမှာ ကျပ်(၅၀၀၀၀)ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

ပပဝင်းခင်က အရင်ကလဲ ထီဆုကြီးတွေ ခဏခဏပေါက်ဖူးပြီး ထီနဲ့အကျိုးပေးသူလို့ ဆိုရမယ်နော်

ပပဝင်းခင်ကတော့ စိတ်ကောင်းစေတနာကောင်းရှိပြီး ဘုရားတရားတွေ အမြဲမပြတ်လုပ်တာမို့ အခုလို ကံကောင်းနေတာဖြစ်နိုင်တယ်နော်။ ပပဝင်းခင်လဲ ဒီထက်မက ကုသိုလ်ရေးတွေ အများကြီးလုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.