အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ရောဂါအလူးအလဲခံ စား နေရှာတဲ့ ပိုင်တံခွန်ရဲ့မိခင်ဖြစ်သူကို ကြည့်ပြီး ဝမ်း နည်းစွာငိုကြွေးနေရတဲ့ မီးနို

အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ရောဂါအလူးအလဲခံ စား နေရှာတဲ့ ပိုင်တံခွန်ရဲ့မိခင်ဖြစ်သူကို ကြည့်ပြီး ဝမ်း နည်းစွာငိုကြွေးနေရတဲ့ မီးနို

မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကတော့ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ကာ လူထုလှုပ်ရှား မှု တွေ မှာပါဝင်ခဲ့တာကြောင့် ပုဒ်မ (၅၀၅)က ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်..။

ပိုင်တံခွန်ဖမ်းဆီးခံထားရတဲ့အတွက် မိသားစဝြင်တွေက စိုးရိမ်ပူပန်နေကြရပြီး မိခင်ဖြစ်သူကလည်း သားစိတ်နဲ့ ကျန်းမာရေးမကောင်းဖြစ် နေ သလို လက်ရှိမှာလည်း ကိုဗစ်ရောဂါကူးစက်ခံထားတာပါ..။

ဇူလိုင်လ(၂၉)ရက်နေ့မှာတော့ ပိုင်တံခွန်ရဲ့ မိခင်ကြီးအတွက် အရေးတကြီးဆေးဆိုအပ်နေကြောင်းကို အစ်မဖြစ်သူက ပြောပြလာခဲ့ပြီး သူမ ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ အကူအညီတောင်းခံထားတာ တွေ့ရပါတယ်..။

အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ရောဂါဝေဒနာကို အလူးအလဲခံစားနေရတဲ့ ပိုင်တံခွန်ရဲ့မိခင်ကြီးကိုကြည့်ပြီး အဆိုတော်မီးနိုကလည်း ဝမ်း နည်း စိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ်..။

မီးနိုကတော့ ရောဂါရဲ့ဖိစီးမှုတွေကို ခံစားနေရရှာတဲ့ ပိုင်တံခွန်မိခင်ကြီးရဲ့အဖြစ်ကိုကြည့်ပြီး ဝမ်းနည်းစွာငိုကြွေးခဲ့ရပြီး အမြန်ဆုံးနေကောင်း လာစေဖို့ကိုလည်း ဝိုင်းဝန်းဆုတောင်းပေးကြဖို့ ပြောပြထားပါသေးတယ်..။

မိခင်ဖြစ်သူ နေမကောင်းဖြစ်နေတဲ့အချိန်မှာ ဘေးမှာ မရှိနိုင်ရှာတဲ့ သားလိမ္မာလေး ပိုင်တံခွန်အတွက် စိတ်မကောင်းရသလို မိခင်ဖြစ်သူ နေ ကောင်းကျန်းမာစေဖို့ကိုလည်း ပရိသတ်တွေက ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်..။

သတင်းအရင်းမြစ်: Mee No’s Fb Acc

Comments are closed.