ဆရာဖြစ်သူဒါရိုက်တာအောင်ဗပါဝါကို နောက်ဆုံးအ ချိန်ထိကူညီခဲ့ပေမယ့် ဆုံးပါးသွားတာကြောင့် ဖြေမ ဆည် နိုင်အောင် ဝမ်းနည်းနေရတဲ့ ဟန်ထူးဈာန်

ဆရာဖြစ်သူဒါရိုက်တာအောင်ဗပါဝါကို နောက်ဆုံးအ ချိန်ထိကူညီခဲ့ပေမယ့် ဆုံးပါးသွားတာကြောင့် ဖြေမ ဆည် နိုင်အောင် ဝမ်းနည်းနေရတဲ့ ဟန်ထူးဈာန်

ဇာတ်ကားကောင်းတွေများစွာ ရိုက်ကူးထားတဲ့ ဒါရိာက်တာအောက်ဗပါဝါကတော့ ဒီကနေ့ ဇူလိုင်လ(၃၀)ရက်နေ့မှာပဲ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်နော်..။

ဒါရိုက်တာအောင်ဗပါဝါ ဆုံးပါးကွယ်လွန်သွားတဲ့အတွက် စိတ်မကောင်းဖြစ်နေကြသလို အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်သရုပ် ဆောင်ဟန်ထူးဈာန်ကလည်း ဆရာဖြစ်သူအတွက် ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေရပါတယ်..။

ဟန်ထူးဈာန်ကတော့ ဒါရိုက်တာအောင်ဗပါဝါ မကွယ်လွန်မီ နောက်ဆုံးအချိန်လေးမှာ ကိုယ်တိုင်ပြုစုပေးပြီး အောက်ဆီဂျင်အိုးတွေ ကိုယ် တိုင် ထွက်ရှာခဲ့သလို ဆေးထိုးဖို့ ဆရာဝန်ကိုပါ ရှာပေးခဲ့ကာ စိတ်ချရလို့ အိမ်ပြန်သွားခဲ့တဲ့ ခဏလေးမှာ ဆုံးပါးသွားတာကြောင့် ယူကြုံးမရ ဝမ်းနည်းနေခဲ့တာ ဖြစ်ပါတယ်..။

ဆရာဖြစ်သူကို နောက်ဆုံးအချိန်ရှိခိုးကန်တော့ရင်း အတူဖန်တီးခဲ့တဲ့ အနုပညာအလုပ်တွေနဲ့ အမှတ်တရတွေကိုလည်း ဟန်ထူးဈာန်က လွမ်းမောစွာနဲ့ ပြောပြထားပြီး နောက်ဆုံးအချိန် ရှိခိုးကန်တော့ကာ ဆုတောင်းစကားတွေလည်း ပြောထားတာ တွေ့ရပါတယ်..။

“သားမငိုဘူးဆရာသားမှာဆရာနဲ့တသက်စာ အမှတ်တရတွေရှိတယ်သားဆရာကျိုတကယျခစြျတာ ဆရာသိတယျသား ရဲ့ ပထမဆုံး သရုပ်ဆောင်အဖြစ်ရိုက်ခဲ့တဲ့ မှော်ပလ္လင် ဇာတ်လမ်းတွဲကို ဆရာရိုက်ပေးခဲ့တယ်စိတ်ဆိုတဲ့ မှော်ပလ္လင် ဇာတ်ဝင်တေးသီချင်း အတူတူဖန်တီး ခဲ့တယ်

ပထမဆုံးဆိုတော့ လိုမှာဆိုးလို့ ဘယ်လိုသရုပ်ဆောင်ရမလည်း လုပ်ရမလည်း မေးတိုင်းစကြာ ဇာတ်ကောင်က မင်းနဲ့တကယ်တပုံစံတည်း ဘာအိုက်တင်မှလုပ်မနေနဲ့တဲ့ ဆရာအမြဲပြောတယ်ဆရာနောက်ဆုံးအခုရိုက်ခဲ့တဲ့ 

မကြေးစည် ဇာတ်လမ်းတွဲအတွက် ဇာတ်ဝင်တေး သားဆရာကို သွင်းပေးခဲ့တယ် ဆရာနားထောင်သွားပြီး အရမ်းအားရနေခဲ့တာ ဆရာ နားချင်ပြီ မြန်မြန်သွင်းပေးပါကွာတဲ့ တရားကျင့်ဖို့ ထွက်တော့မှာတဲ့လေအခုတော့အပြီးကိုထွက်သွားပြီ

ဒီနေ့မနက်သားဆရာကို အားရှိအောင်ကိုယ်တိုင်ဝယ်ပြီးကြက်သံပုရာတိုက်ခဲ့တယ် ဆရာထသောက်ရှာတယ်ရင်တွေပူလို့တညလုံးမ အိပ်ခဲ့ ရဘူး အန်တီဘယ်အချိန်ဖုန်းဆက်မလည်း မသိလို့စိတ်ပူလို့မနက်တည်းက အကုန်စီစဉ်ထားပြီး 

အိမ်က မသိအောင်ခိုးထွက်ပြီး အန်တီနဲ့ အောက်စီဂျင်လိုက်ရှာပေးခဲ့တာနှစ်အိုးလုံးရခဲ့တော့ စိတ်ချပြီး ခနအိမ်ပြန်လာဆေးထိုးပေးဖို့ ဆရာ ဝန်ရှာ လိုလိုမယ်မယ် Oxygen တွေရှာနေတာအခုထိပါဆရာသမားတိုင်းကို ကိုယ့်အဖေလိုကို ရင်ထဲကချစ်တာပါ

အဖေတယောက်လိုချစ်ရတဲ့ဆရာတယောက်ကိုဆုံးရှုံးလိုက်ပြန်ပါပြီမှော်ပလ္လင် ဒုတိယတွဲရိုက်ဖို့ရှိတယ်တဲ့လေ အခုတော့ ဆရာရော ဘထွေး ရော (ဦးလူမုန်း)ဦးအောင်ဇော် (တထွာန)ကြီးရော သုံးယောက်တောင် မရှိတော့ဘူး သားချစ်တဲ့သူတွေအတွက်ဆို 

ဘာရောဂါမှလည်း မကြောက်ပါဘူး တကယ်ပါသူတို့အသက်ရှင်နေရင် တော်ပြီဆိုတဲ့ စိတ်နဲ့ ဆရာဆီသား လာခဲ့တာလေဆရာရယ်ဆရာ ရွတ်ခိုင်းတဲ့ သံဗုဒ္ဓေ ဂါထာတော်ကို သားဝါတွင်းသုံးလ အဓိငှာန်ထားတယ်နော်ဆရာလို့ပြောခဲ့တယ်

ဆရာရွတ်ခိုင်းတာမလို့ အဲ့ကုသိုလ်တွေဆရာရမှာနော်လို့ တဖွဖွပြောပေးနေတာသားတကယ်လုပ်နေတာမလို့ အဲ့ကုသိုလ်တွေတကယ်ရမှာ နော် ဆရာ ကောင်းရာဘုံဘဝမှာ အေးချမ်းနေမှာ ယုံကြည်ပါတယ်..” ဝမ်းနည်းစွာ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

အခုလို ကပ်ရောဂါဆိုးကြီးကြောင့် ကွယ်လွန်ဆုံးပါးသွားရတဲ့ ဒါရိုက်တာအောင်ဗပါဝါအတွက် ကောင်းရာသုဂတိလားစေဖို့ ပရိသတ်တွေက လည်း စိတ်မကောင်းစွာ ဆုတောင်းမေတ္တာတွေ ပို့ပေးထားကြတာလည်း တွေ့ရပါတယ်..။

သတင်းအရင်းမြစ်: Han Htoo Zen’s Fb Acc

Comments are closed.