ရေဘေးသင့်‌ဒေသတွေကို ကူညီဖို့အတွက် ညဘက်ထိ မနားမနေပစ္စည်းတွေစစ်ကာပို့ပေးနေတဲ့ ခိုင်နှင်းဝေ
ရေဘေးသင့်‌ဒေသတွေကို ကူညီဖို့အတွက် ညဘက်ထိ မနားမနေပစ္စည်းတွေစစ်ကာပို့ပေးနေတဲ့ ခိုင်နှင်းဝေ
သရုပ်ဆောင်မင်းသမီး ခိုင်နှင်းဝေကတော့ ပရဟိတလုပ်တဲ့နေရာမှာ ပြည်သူတွေရဲ့ ချစ်ခင်လေးစားမှုတွေနဲ့ ချီးကျူးခံနေရပြီး ဒုက္ခရောက် နေသူ တော်တော်များများကို ဖေးမကူညီနေသူပဲ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ပြည်သူတွေကြုံတွေ့နေရတဲ့ ရေကြီးမှုပြဿနာ အခက်အခဲတွေကို တစ်ဖက်တစ်လမ်းကနေ ဖေးမပါဝင်ကာ ကူညီလှူဒါန်း မှုတွေ ပြုလုပ်နေတာလည်းတွေ့ရပါတယ်….။
မြန်မာပြည်တွင်းရှိ ပြည်နယ်အချို့မှာ ရေကြီးရေလျှံမှုတွေကြောင့် နေအိမ်တွေတောင်မြုပ်ကာ ဒုက္ခပင်လယ်ဝေနေရတဲ့ ပြည်သူတွေအများ အပြားရှိနေပါတယ်။ မိမိတို့ရဲ့အိုးအိမ်တွေစွန့်ခွာကာ ယာယီကယ်ဆယ်ရေးစခန်းတွေမှာသွားရောက်နေနေကြရပြီး ရေနစ်မြုပ်မှုတွေကြောင့် အသက်ဆုံးရှုံးရတဲ့ကလေးတွေလည်းရှိနေတာတွေ့ရပါတယ်…..။
အခုလို ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့အတွက် ခိုင်နှင်းဝေဟာ မကြာသေးခင်ကသူမရဲ့ Facebook စာမျက်နှာလေးကနေ “ရေကြီးနေ သော နေရာများကို လှူဒါန်းရန် အတွက် မှာယူထားတဲ့ ပစ္စည်းများ ပထမ အသုတ် ရောက်လာပါပီရှင်….လိုအပ်သော နေရာများ သို့ ခွဲဝေ လှူဒါန်းထားပါတယ်…ဒီထက်မက လှူဒါန်းကူညီနိုင်အောင် ဆက်လက် ကြိုးစားသွားပါမယ်..ခုနှစ်ရက် သားသမီး အလှူလေး အဖြစ် စု ပေါင်း၍ ကုသိုလ်ယူ လှူဒါန်းခြင်း ဖြစ်ပါတယ်..သာဓု ခေါ်ဆို၍ ပီတီကုသိုလ် ရရှိနိုင်ကြပါစေရှင်..🙏🙏🙏” ဆိုပြီးရေးသား မျှဝေထားခဲ့ပါ တယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်းအရင်းမြစ်: Khine Hnin Wai’s Facebook acc
[zawgyi]
Comments are closed.