ရေဘေးကြောင့် အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု (၁၀၀) စာအတွက် မိတ်ဆွေတွေနဲ့ စုပေါင်းကာ လိုအပ် တာ တွေ လှူဒါန်းခဲ့တဲ့ နေဝင်းတို့ ဇနီးမောင်နှံ

ရေဘေးကြောင့် အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု (၁၀၀) စာအတွက် မိတ်ဆွေတွေနဲ့ စုပေါင်းကာ လိုအပ် တာ တွေ လှူဒါန်းခဲ့တဲ့ နေဝင်းတို့ ဇနီးမောင်နှံ

ခုလတ်တလောမှာဆိုရင် တစ်ချို့ တောင်တန်း ဒေသတွေမှာ မိုးရွာသွန်းမှုတွေကြောင့် ရေကြီး ၊ ရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ် ။ နေအိမ် တွေ နစ်မြှပ်သည်အထိ ရေဘေးကို ကြုံတွေ့နေရတာကြောင့် ဒေသခံတွေ ခက်ခဲစွာ နေထိုင်နေကြရပါတယ် ။

ဆေးရုံတွေလည်း ရေတွေဝင်လို့ ကိုဗစ်လူနာတွေကို ရွှေ့ပြောင်းနေကြတဲ့ ပုံတွေက တကယ် စိတ်မကောင်းစရာပါ ။ ဒါ့ကြောင့် မြို့ကြီးတွေက ပြည်သူတွေက တန်နိုင်သလောက် ထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်ပေးနေကြပါတယ် ။ဒီအထဲမှာ အဆိုတော် နေဝင်းတို့ ဇနီးမောင်နှံလည်း အပါအဝင်ပါပဲ ။

မိတ်ဆွေတွေနဲ့ စုပေါင်းကာ အိမ်ထောင်စု (၁၀၀) စာအတွက် အခြေခံစားသောက်ကုန်များစွာကို ရေဘေးသင့် ပြည်သူတွေကို လှူဒါန်းခဲ့ပါ တယ် ။ ခက်ခဲနေတဲ့ အချိန်မှာ ခဏတာပဲဖြစ်ဖြစ် အဆင်ပြေသွားရင်ကို လှူဒါန်းသူရော လက်ခံရရှိသူပါ ကြည်နူး ပီတိဖြစ်စရာပါပဲ ။ ပရိ သတ်ကြီးအတွက် နေဝင်းတို့ ဇနီးမောင်နှံရဲ့ အလှူလေးကို ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Nay Win

Comments are closed.