နေတိုးရဲ့ငယ်ဘဝအမှတ်တရအိမ်ကလေး

နေတိုးရဲ့ငယ်ဘဝအမှတ်တရအိမ်ကလေး

နေတိုးဟာ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပြီး နှစ်ပေါင်းကြာရှည်စွာအောင်မြင်မှုကိုထိန်းထားနိုင်တဲ့ဝါရင့်မင်းသားတစ်ဦးဖြစ်တဲ့အပြင် သရုပ်ဆောင်ပညာမှာ မှော်အောင်ထားသလားမှတ်ရအောင် အသက်ဝင်လွန်းတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ နေတိုးဟာလက်ရှိမှာလည်း ဇာတ်ကားတွေဇယ်ဆက်သလိုရိုက်နေရပြီး နေတိုးပါဝင်တဲ့ကားတွေဟာ မြန်မာနိုင်ငံမှာတင်မက အိမ်နီးချင်းနိုင်ငံတွေအထိပါသွားရောက်ပြသပြီးအောင်မြင်မှုတွေရရှိနေဆဲပါ။

ပရိသတ်တော်တော်များများသတိထားမိမှာကတော့ နေတိုးဟာ ဘယ်လောက်ကြီးပဲနာမည်ကြီးနေပါစေ အတွင်းစိတ်က အေးချမ်းတဲ့ သန္တာန်က မျက်နှာမှာလာပေါ်နေသလို လူတကာနဲ့ဆက်ဆံရာမှာလည်း အေးဆေးစွာဆက်ဆံတတ်တာပါ။ အင်တာဗျူးတွေဖြေချိန်မှာ စကားလုံးတွေအစ ရွေးချယ်ပြီး အေးချမ်းစွာပြောတတ်တဲ့ နေတိုးကို ပရိသတ်တွေက အလွန်အေးချမ်းသူကြီးလို့ မှတ်ချက်ချထားကြပါတယ်။ အဲဒီလိုပဲ နေတိုးရဲ့ မွေးရပ်မြေကအိမ်ကလေးဟာလည်း နေတိုးလိုပဲ အေးချမ်းနွေးထွေးတဲ့ အငွေ့အသက်တွေနဲ့ လွှမ်းခြုံထားတဲ့ အိမ်ကလေးမှန်းမြင်တာနဲ့သိသာပါတယ်။

ယဉ်ယဉ်နှောင်း ဆိုတဲ့ လူမှုကွန်ယက်အကောင့်ပိုင်ရှင်က Facebook မှာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်က နေတိုးရဲ့ မွေးရပ်မြေက အိမ်ကလေးရဲ့ ဓာတ်ပုံတွေကို Facebook မှာတင်ထားခဲ့ပါတယ်။ အိမ်ကလေးက မြေစိုက်အိမ်ကလေးဖြစ်ပြီး သစ်ရိပ်ဝါးရိပ်အုံ့အုံ့ဆိုင်းဆိုင်းနဲ့ မြင်လိုက်တာနဲ့ နွေရဲ့ သင်းမြတဲ့မွှေးရနံ့ကိုခံစားမိစေမယ့် ချစ်စဖွယ်အိမ်လေးဖြစ်ပါတယ်။ အိမ်လေးမှာ နေတိုးရဲ့ ငယ်စဉ် အနုပညာစလုပ်စဉ်ကတည်းက ကြော်ငြာတွေပိုစတာတွေကို ခန်းလုံးပြည့် အိမ်လုံးပြည့်အာင်ကပ်ထားလို့ နေတိုးကိုမြင်နိုင်မယ့် ပြတိုက်သေးသေးလေးလို ပုံစံလေးတောင်ဖြစ်လို့နေပါတယ်။ နေတိုးရဲ့ပရိသတ်တွေကတော့ တစ်ခါတစ်ခေါက်သွားကြည့်ချင်မယ့်အိမ်လေးဖြစ်မှာသေချာပါတယ်။

နေတိုးရဲ့ပရိသတ်တွေအတွက် နေတိုးရဲ့မွေးရပ်မြေက အိမ်လေးရဲ့ဓာတ်ပုံတွေကိုကူးယူဖော်ပြပေးလိုက်ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော နေတိုးကိုချစ်ကြလား။ နေတိုးရဲ့ မွေးရပ်မြေက အိမ်လေးကို သွားလည်ချင်ကြလား။ အိမ်လေးကိုမြင်ပြီးဘယ်လိုခံစားမိလဲပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.