ကိုကျော်ထက်အောင်က ပါးချိုင့်လေးတွေနဲ့ဆိုတော့ ရင်ခုန်တယ်ဆိုတဲ့ နေခြည်ဦး

ကိုကျော်ထက်အောင်က ပါးချိုင့်လေးတွေနဲ့ဆိုတော့ ရင်ခုန်တယ်ဆိုတဲ့ နေခြည်ဦး


အခုနောက်ပိုင်းကာလတွေမှာ ပရိသတ်အားပေးလက်ခံမှုကို အများအပြားရရှိလာတဲ့ အပြင် ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ဆက်တိုက်ဆိုသလို ရိုက်လာနေပြီး မြန်မာနိုင်ငံရဲ့ Beauty Bloggerတစ်ဦးဖြစ်တဲ့ နေခြည်ဦးကတော့ နောက်ရိုက်မယ့်ကားမှာ ကျော်ထက်အောင်နဲ့ သရုပ်ဆောင်ရမှာ ဖြစ်ပြီးတော့ ကျော်ထက်အောင်က ပါးချိုင့်လေးဆိုနဲ့ဆိုတော့ ရင်ခုန်တာပေါ့လို့ Mediaတွေရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။



နေခြည်ဦးက “ကိုကျော်ထက်အောင်နဲ့ ကားလည်း လက်ခံလိုက်ပြီရှင့် အဲ့ကားက နေခြည်တို့ ဇန်နဝါရ်ီမှာ ရိုက်ပါမယ်။ ဦးမင်းဦး ရိုက်မှာပါရှင့်။ ဇာတ်လည်းသိရပါပြီ ဇာတ်သိပြီးမှ နေခြည်လက်ခံတာပါ။ အဓိက ကိုကျော်ထက်အောင် နဲ့လည်းနေခြည်တစ်ခါမှ မဆုံဖူးဘူး ပြီးတော့ ကိုမင်းဦးနဲ့လည်း တစ်ခါမှ မဆုံဖူးဘူးဆိုတော့ အဲ့ကားရဲ့ ဇာတ်ညွန်းကို ဖတ်ကြည့်တဲ့အချိန်မှာ အရမ်းကြိုက်တော့ ဦးမင်းဦးရိုက်မယ့်ဟာတွေက လုံးဝMusicalလိုမျိုးရိုက်မှာ သီချင်းတွေနဲ့သေချာကို ဘတ်ဂျတ်တော်တော်လေးသုံးပြီး ရိုက်မယ့်ကားဖြစ်တဲ့အတွက် အဲ့လိုကားမျိုးမှာ နေခြည်ပါရတယ် ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ပါရတဲ့အတွက်လည်း အရမ်းဂဏ်ယူတယ်။ အဲ့အတွက်အဲ့ကားလေးကို နေခြည်ရိုက်ဖြစ်မှာပါ။


ကိုကျော်ထက်အောင်ကျတော့ အရမ်းငြိမ်တယ် နေခြည်ကတော့ စကားပြောတာ အရမ်းမြန်တယ်လေ သူကတော့ နေခြည့်ကို အမှတ်တွေပေးတယ် နေခြည်က အရမ်းရိုးသားတယ် ပွင့်လင်းတယ်ပေါ့နော်။ တစ်ခါတစ်လေကျရင် အမြဲတမ်း အဲ့လိုကြီးပြောနေတော့လည်း အားနာတယ်။ သူနဲ့တွေ့ရင် ဝမ်းသာတယ် အရပ်အရှည်ကြီးလေ ပါးချိုင့်လေးနဲ့ဆိုတော့ ရင်တွေခုန်တာ။”လို့ ပြောသွားခဲ့ပါတယ်။


ကျော်ထက်အောင်နဲ့ရိုက်မယ့်ကားကို လက်ခံဖြစ်ပုံအကြောင်းနဲ့ ပတ်သက်ပြီး နေခြည်ဦးက “ဒီကားလေးရိုက်ဖြစ်တာက ဘယ်လိုပြောရမလဲ ဇာတ်လမ်းလေးက ဆန်းတယ် ပြီးတော့ နေခြည်မှာ ကိုကျော်ထက်အောင်နဲ့ကားဆိုရင် ၄ကားမြောက်ပေါ့နော်။ ၄ကားမြောက်ဆိုတော့ ၄ကားလုံးက ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် နေခြည်နေရာကောင်းတွေချည်းပဲ ရထားတာဆိုတော့ နေခြည့်ဘဝက ကံကောင်းတယ်လို့လဲ ပြောလို့ရတယ် နေခြည် ဆရာကောင်းသမားကောင်းတွေလည်း အများကြီးတွေ့တယ်။ အဓိကက နေခြည် စိတ်လေးကို ဖြူဖြူစင်စင်ထားတယ်။ အဲ့အတွက် နေခြည့်ကို ပေးတဲ့ နေရာလေးကလည်း အဲ့တာကြောင့်ကောင်းတယ်လို့ နေခြည်ထင်တယ်။ သင်ပေးမယ့်ဆရာတွေရောက နေခြည့်ကို သေချာသင်ပေးကြလို့ နေခြည်အရမ်းဝမ်းသာပါတယ်။”လို့ ပြောဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး နေခြည်ဦးက “၂၀၁၈မှာ နေခြည်ရုပ်ရှင်ပထမဦးဆုံး ရိုက်ရတယ် ၂၀၁၈ တစ်နှစ်ထဲမှာတင် မခိုင်ကြီးနဲ့ကားဆိုရင် နေခြည်၎ကားတောင်ရိုက်ရမှာပေါ့နော်။ အဲ့တော့ အသစ်တစ်ယောက်အနေနဲ့ နေခြည် အရမ်းဂုဏ်ယူတယ် ကိုယ်ကြိုးစားသမျှလေးတွေ အရာထင်တယ်လို့ ထင်တယ်။ နေခြည့် ချီလီတွေကလည်း နေခြည့်ကို ပိုချစ်လာကြတယ်။ အဲ့အတွက် ဆုံးရှုံးလိုက်ရတဲ့ အချစ်ရေးကိုတော့ နေခြည်က ကိုယ်ရဲ့အောင်မြင်မှုရယ် ကိုယ့်ကြိုးစားချင်စိတ်တွေနဲ့ ၂၀၁၉ကို နေခြည်ရဲရဲဝံ့ဝံ့လျှောက်လှမ်းမယ်လို့ ထင်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

Comments are closed.