လာကြိုက်တဲ့သူတွေအများကြီးရှိပါတယ်ဆိုတဲ့စူးရှထက်

လာကြိုက်တဲ့သူတွေအများကြီးရှိပါတယ်ဆိုတဲ့စူးရှထက်

မော်ဒယ်စူးရှထက် က လတ်တလော သူရဲ့ဖြတ်သန်းမှုအခြေအနေတွေကို မီဒီယာတွေနဲ့အင်တာဗျူး တစ်ခုမှာ ပြောပြထားတာရှိပါတယ် ။ အဲ့ဒီလို ပြောပြသွားတဲ့ အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးကိုပြန်ပြောပေးလိုက်ပါတယ်။

လတ်တလောကြုံတွေနေရတဲ့ အချစ်ရေးအခြေအနေကိုတော့ “ရည်းစားမရှိဘူး (ရယ်လျက်) မထားသေးပါဘူး ။ထားရင်ပြပါ့မယ်။ ကြိုက်တဲ့လူတွေတော့အများကြီးရှိတယ်။ အများကြီးလာပြောထားတာရှိတယ်။ လိုက်နေတဲ့သူတွေလည်းအများကြီးရှိပါတယ်။ မထားချင်တော့ဘူး မယုံဘူး ။ ပြောပြီးသား ကိုယ်ထားတဲ့ရည်းစားသည် ပိုက်ဆံရှိတာမရှိတာကိုစိတ်မဝင်စားဘူး ။ ကိုယ်ထားမယ်ဆိုလို့ရှိရင်တောင် အပျော်မထား ဘူး ။အခုရည်းစားတွေကွာ အခုကြိုက် ၊ အခုသွား အခု … ပုံစံမျိုးကို စူးရှမကြိုက်ဘူး။ ကိုယ်ထားမယ်ဆိုလို့ရှိရင်ကိုယ်တကယ်အတည်ထားမယ် ကိုယ့်ဘဝလက်တွဲဖော်အတွက် တစ်ယောက်နဲ့တစ်ယောက် တိုင်တိုင်ပင်ပင် သူ့မိဘကိုယ့်မိဘ ကိုယ့်မိဘလိုသဘောထားမယ် ။ အဲ့ဒီလိုမျိုးအတွက်တွေကြောင့်ထားမှာပါ (စဉ်းစားလျက်)ဒါပေမယ့် မရှိသေးပါဘူး ။”လို့ပြောပြသွားခဲ့ပါတယ်။

သင်္ကြန်မှာဘာအစီစဉ်ရှိလဲ အရင်နှစ်တွေကဖြတ်သန်းမှုတွေကိုလည်း “သီချင်းဆိုရမယ်ထင်တယ်။ပွဲလာငှားမယ်လို့ပြောထားတာရှိတယ်။ ဒါပေမယ့်မသေချာသေးဘူးပေါ့နော်။ အနုပညာ လောကထဲမဝင်ခင်တုန်းက တော့ လမ်းထိပ်မှာ ကြာဇံကြော်ရောင်းတို့ ဒုတ်ထိုး တွေရောင်းပါတယ်။ ပြီးတော့ မဏ္ဍပ် အဲ့လိုမျိုးညနေဘက်လေးပေါ့နော် ခဏတစ်ဖြုတ်တစ်နာရီနှစ်နာရီလောက်သွားထိုင်ပါတယ်။ မနှစ်ကတော့နေမကောင်းလို့အိမ်မှာနေပါတယ်။”ဆိုပြီးပြောပြသွားပါတယ်။

ခွဲစိတ်ပြုပြင်ထားတွေနဲ့ပတ်သတ်ပြီး “ညီမကပြောပြီးသား ခွဲစိတ်ပြုပြင်ထားတာသည် ခွဲစိတ်ပြုပြင်ရင်ပြုပြင်တယ်။ မပြုပြင်ရင်မပြုပြင်ဘူး ။ကိုယ်သည်ခွဲစိတ်ပြုပြင်တာဟာ သူများကိုသွားပြီးစော်ကားတာမဟုတ်ဘူး ။ တကယ်လို့ညီမပြောပြီးသား ညီမသည် မျက်ရစ်ခွဲစိတ်ထားတယ်။ ရင်သားစီလီကွန်ထည့်ထားတယ်။ တချို့ကောင်မလေးဆိုလာလာမေးတယ် သူတို့မလုပ်ရဲဘူး ။ မစူးရှထက် ဒီလိုဒီလိုလေးဖြစ်တယ် အဆင်ပြေလား ကိုယ်သည်ကောင်းရင်ကောင်းတယ် မကောင်းရင်မကောင်းဘူး ။ဆိုးကျိုးကဘာ ကောင်းကျိုးကဘာ ကိုယ်ပြောပြရတယ်။ ပြောပြတဲ့ကောင်းကျိုးလေးတွေကြုံလာရတယ်ပေါ့။နောက်ပိုင်းခွဲစိတ်ပြုပြင်ထားရရင် နှာခေါင်းကို စီလီကွန်ထည့်ချင်ပါတယ်။”လို့ပြောပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.