ဝတ်လစ်စလစ်ပုံမျိုးဖြစ်အောင်ရိုက်မယ့် ရွှေအိမ်စည်ရဲ့ရုပ်ရှင်

ဝတ်လစ်စလစ်ပုံမျိုးဖြစ်အောင်ရိုက်မယ့် ရွှေအိမ်စည်ရဲ့ရုပ်ရှင်

နာမည်ကြီး Miss တစ်ယောက်ဖြစ်တဲ့ ရွှေအိမ်စည်ကို လူတိုင်းနီးပါသိကြမယ်ထင်ပါတယ်။ Music Video တွေမှာတွေ့နေကျဖြစ်ပေမယ့်အခုရုပ်ရှင်ကား တစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖြစ်ပုံနဲ့ သူရဲ့သရုပ်ဆောင်မှုအပေါ်ခံယူထားတဲ့ ခံယူချက်တွေကို 8DAYS နဲ့အင်တာဗျူး တစ်ခုမှာပြောပြသွားခဲ့ပါတယ်။ သူပြောပြသွားတဲ့အကြောင်းအရာတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးကို ပြန်ပြောပြလိုက်ပါတယ်နော်။

Naked Ghost ရုပ်ရှင်ကိုလက်ခံဖြစ်တဲ့အကြောင်းကို “ လက်ခံဖြစ်တာက အိမ်စည် သရုပ်ဆောင်ပိုင်းမှာ အိမ်စည်သိပ်မလုပ်ဖြစ်သေးဘူးပေါ့နော် ။မလုပ်ဖြစ်သေးဘူးဆိုပေမယ့်ဒီကားလေးက အိမ်စည့်ကို အဓိကရည်ရွယ်ချက်က ယုံကြည်ပြီးတော့ပေါ့နော် အိမ်စည်ကို ဒီကာရိုက်တာပေးထားတာပေါ့ ။ခက်ခဲတဲ့ ကာရိုက်တာလည်းဖြစ်တယ် ။ ပြီးတော့ Challenging လည်းဖြစ်တယ်။ အိမ်စည်လည်းတစ်ခါမှမလုပ်ဖူးဘူး ။ အိမ်စည်လည်းတစ်ခါမှမလုပ်ဖူးတဲ့ကာရိုက်တာပေါ့နော်။ဆိုတော့ အဲ့ဒီလို Challenging ဖြစ်တဲ့ ကာရိုက်တာတစ်ခုကို အပ်နှံတဲ့အတွက် ကြောင့် သြော်လို့ ဒီ Effect တော်တော်ထည့်ဖို့ Plan ရှိတဲ့ပုံပဲ လို့ အိမ်စည်ကိုလည်းဘာပဲပြောပြောဒီအတိုင်းလွှတ်ပေးထားတာမဟုတ်ဘူး ။ကောင်းကောင်းမွန်မွန်လေးTrain လုပ်ပြီးတော့ သူတို့လိုချင်တဲ့ပုံစံခွက်ထဲရောက်အောင်လုပ်ပေးမှာပဲဆိုပြီးတော့ ယုံကြည်တာပေါ့နော်။ မဂွမ်းသွားဘူးပေါ့ သူတို့သင်ကြားပြသမှုနဲ့ဆို အဆင်ပြေမှာပါဆိုပြီး အိမ်စည်လက်ခံဖြစ်တာပါ။ ကာရိုက်တာလေးက လည်းအရမ်းမိုက်ပါတယ်။

ဝတ်လစ်စလစ်ပုံစံမျိုးနဲ့သရုပ်ဆောင်မှာလားဆိုတဲ့မေးခွန်းကိုလည်း “ ဝတ်လစ်စလစ်တော့ဘယ်ဟုတ်မလဲပေါ့နော် ဒါပေမယ့် ဝတ်လစ်စလစ်ဆိုတော့လည်း အဲ့ဒီလိုပုံစံမျိုးဖြစ်အောင် လို့တော့ရိုက်မှာပေါ့နော်။ ဒါကတော့ အနုပညာသဘောအရပဲ အိမ်စည်ကို ကိုယ်တုံးလုံးကြီး မြင်နေရမှာမှမဟုတ်တာ(ရယ်လျက်) မြင်ချင်ရင်တောင်မှမြင်ရမှာမဟုတ်ဘူး ဆင်ဆာကပေးမှာမဟုတ်ဘူး ။ဒါကစကားအရပေါ့ ။ ပြီးတော့ Contrast ကလည်းပါတာပေါ့ Contrast ကဘာလဲဆိုတော့ အရှေ့မှာကြတော့ အရမ်းကို (စဉ်းစားလျက်)မြန်မာဆန်သောမိန်းကလေးပေါ့နော် ။ မြန်မာဝတ်စုံလေးတွေနဲ့ပဲဝတ်သွားမှာ ယဉ်ယဉ်ကျေးကျေးလေးပေါ့။ ပြီးတော့မှ အဲ့ဒီလိုဆိုတော့ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။”ဆိုပြီးပြေပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.