သမိုင်းသင်ခန်းစာတွေမှာ မတွေ့နိုင်တဲ့ အံ့မခန်းအတိတ်ပုံရိပ်များ

သမိုင်းသင်ခန်းစာတွေမှာ မတွေ့နိုင်တဲ့ အံ့မခန်းအတိတ်ပုံရိပ်များ

သမိုင်းသင်ခန်းစာတွေဟာ ဒီကမ္ဘာကြီးမှာ ဖြစ်ပျက်ခဲ့သမျှ အရာရာကိုတော့ သင်ကြားမှာမဟုတ်ပါဘူး။ သင်ပုန်းဖတ်စာရေးဆွဲတဲ့သူတွေက အရေးပါတယ်လို့ သတ်မှတ်တဲ့ အရာတွေလောက်ကိုပဲ ပြန်လည်သင်ကြားကြမှာ ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ တို့အတွက် ဒီတစ်ခါဖော်ပြပေးချင်တာကတော့ ဘယ်သမိုင်းစာအုပ်မှာမှ မြင်ရမှာမဟုတ်တဲ့ သမိုင်းထဲက ကမ္ဘာ့ထူးဆန်းအံ့ဖွယ် ပုံရိပ်တစ်ချို့ပါပဲ။

၁. ဒီမြင်ကွင်းကို ကြည့်လိုက်ရင် ရှေးခေတ်က ရထား သို့မဟုတ် သင်္ဘောလိုမျိုး ယာဉ်တစ်ခုခုရဲ့ အတွင်းပိုင်းလို့ ထင်ရမယ်။ သင်လုံးလုံးတော့မမှားပါဘူး။ ဒါဟာ ၁၉၃၀ ခုနှစ်တုန်းက ခရီးသည်တင်လေယာဉ်ပျံ တစ်စီးရဲ့ အတွင်းပိုင်းပါ။ လေယာဉ်အတက်အဆင်းချိန်တွေမှာ တော်တော်ကို ဒုက္ခရောက်ခဲ့ကြမှာ မှန်းကြည့်လို့ ရပါတယ်။

၂. ဘာကောင်ကြီးလဲလို့ အံ့သြသွားစေမယ့် ပုံရိပ်ကတော့ ၁၉၃၀ ခုနှစ်ဝန်းကျင်ကပဲ ဂျာမန်နိုင်ငံ ဘာလင်မြို့ တိရစ္ဆာန်ရုံထဲမှာ ရိုက်ကူးခဲ့တာပါ။ ပေါင်လေးထောင် အလေးချိန်ရှိတဲ့ ရိုလန် အမည်ရ ဖျံဆင် (Elephant Seal) ကြီးကို နှင်းနဲ့ ရေချိုးသန့်စင်ပေးနေတာ ဖြစ်ပါတယ်။ ဒီလိုသတ္တဝါကြီးတွေ ရှိခဲ့ပါလားဆိုတာ အံ့သြစရာပါပဲ။

၃. တွင်းတူးလုပ်သားတွေရဲ့ ဘဝဟာ ဘယ်တုန်းကမှ မချောမွေ့ခဲ့ပါဘူး။ ဟိုးအရင်က ပိုဆိုးခဲ့ပါတယ်။ ၁၉၀၀ ပြည့်နှစ်တွေမှာ ဘယ်လ်ဂျီယံနိုင်ငံက ကျောက်မီးသွေးတွင်းလုပ်သားတွေကို အလုပ်ပြီးလို့ တွင်းထဲကနေ စက်လှေကားနဲ့ အပေါ်ကိုတက်ပြီး အိမ်ပြန်မယ့်ပုံကို တွေ့ရစဉ်ပါ။ လူတိုင်း ဒီတွင်းကြီးထဲကထွက်ပြီး အိမ်စောစောပြန်ချင်ကြတာပဲမို့ သူတို့ရဲ့ စက်လှေကားထဲမှာ ကြပ်သိတ်လိုက်ရပုံဟာ မြင်သူတိုင်း အသက်ရှုကြပ်စေမှာ ဖြစ်ပါတယ်။

၎. ပထမကမ္ဘာစစ်တုန်းက ဂျာမာန်ခံစစ်တစ်ခုကို မဟာမိတ်တွေ ဝင်ရောက်တိုက်ခိုက်ပြီး မဟာမိတ်စခန်းဘက်မှာ တွေ့ရတဲ့ ၁၀၅ မီလီမီတာ အမြှောက်ဆန်အခွံတွေပါ။ စစ်ပွဲတစ်ပွဲဟာ ဘယ်လောက် ကုန်ကျစရိတ်များတယ်ဆိုတာကို အလွယ်တကူမြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

၅. အာဖရိကတိုက်မှာ နေထိုင်နေတဲ့ လူမျိုးစုတွေဟာ သူတို့နေအိမ်ကနေ နယ်ချဲ့ကိုလိုနီတွေ အတင်းအဓမ္မ ခေါ်ဆောင်နှင်ထုတ်လာတာ ခံရပြီးနောက် အမေရိကန်နိုင်ငံသို့ လူမည်းကျွန်တွေအဖြစ် အစုလိုက်အပြုံလိုက် ရောင်းချခြင်းခံခဲ့ရပါတယ်။ ပုံထဲမှာမြင်ရတာတော့ ၁၉၂၀ ခုနှစ်မှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံဖြစ်ပြီး အတ္တလန်တစ် ကျွန်ကုန်ကူးမှုကြီးရဲ့ နောက်ဆုံးရှင်သန်ကျန်ရစ်သူ ကူဂျိုးကာဇူးလာလူးဝစ် ဖြစ်ပါတယ်။

၆. လူသားတွေအတွက် ယနေ့တိုင်ကောင်းကျိုးပြုနေတဲ့ ပုဂ္ဂိုလ်ကြီးနှစ်ဦးကို တွေ့ရစဉ်ဖြစ်ပါတယ်။ တစ်ယောက်က တွမ်ဆောယား စွန့်စားခန်းများ အပါအဝင် ဂန္တဝင်စာပေတွေ ရေးသားခဲ့တဲ့ စာရေးဆရာကြီး မာ့ခ်တွိန်း ဖြစ်ပြီး နောက်တစ်ယောက်ကတော့ လျှပ်စစ်ဓါတ်အား အပါအဝင် ခမ်းနားကြီးကျယ်တဲ့ တီထွင်မှုများစွာ ပြုလုပ်ခဲ့သလို လူသားမျိုးနွယ်ရဲ့ ကောင်းကျိုးကိုသာ ရှေ့ရှုခဲ့တဲ့ တီထွင်ပညာရှင် နီကိုလာတက်စလာပဲ ဖြစ်ပါတယ်။

၇. နောင်တချိန်မှာ ဒဏ္ဍာရီပုံရိပ်တစ်ခုသဖွယ် ကျော်ကြားလာမယ့် ရော့ခ်စတား ဂျင်မီဟန်းဒရစ် (Jimi Hendrix) ကို ၁၉၆၂ ခုနှစ်က သူတာဝန်ထမ်းဆောင်ခဲ့တဲ့ အမှတ် ၁၀၁ လေတပ်ထဲမှာ တပ်သားအဖြစ် အားလပ်ချိန်မှာ တီးမှုတ်နေတာကို မြင်ရစဉ်ဖြစ်ပါတယ်။

၈. အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီး အဲလိဇဘက်ကို ဒုတိယကမ္ဘာစစ်အတွင်းက မော်တော်ယာဉ်ပြုပြင်သူအဖြစ် တာဝန်ထမ်းဆောင်နေတာကို တွေ့ခဲ့ရစဉ်ဖြစ်ပါတယ်။ ဓါတ်ပုံကို ရိုက်ကူးခဲ့ချိန်က ၁၉၃၉ ခုနှစ်ပါ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.