ဗိုလ်မှုး၏ ဇနီးအားသေဆုံးစေခဲ့သည်မှာ ပစ္စည်းကို “မ”ယူစဉ် ပေါက်ကွဲအောင် စီမံထားသည့်ဒေသန္တရလက်လုပ်မိုင်း ဖြစ်ကြောင်းတပ်မတော်ထုတ်ပြန်

ဗိုလ်မှုး၏ ဇနီးအားသေဆုံးစေခဲ့သည်မှာ ပစ္စည်းကို “မ”ယူစဉ် ပေါက်ကွဲအောင် စီမံထားသည့်ဒေသန္တရလက်လုပ်မိုင်း ဖြစ်ကြောင်းတပ်မတော်ထုတ်ပြန်

cရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၊ နယ်မြေခံတပ်ဌာနချုပ်တွင် ဗိုလ်မှုး၏ဇနီးအားသေဆုံးစေခဲ့သည်မှာပစ္စည်းကို”မ”ယူစဉ် ပေါက်ကွဲအောင် စီမံထားသည့်ဒေသန္တရလက်လုပ်မိုင်း ဖြစ်ကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကထုတ်ပြန်လိုက်သည်။ဖေဖော်ဝါရီလ ၂၆ ရက်နံနက် ၈ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရာရှိ၏ဇနီးမှာ ပေါက်ကွဲမှု ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးခဲ့ကာ ပေါက်ကွဲမှု အရှိန်ကြောင့် နေအိမ် မျက်နှာကြက်များနှင့် ပြတင်းပေါက်မှန်တံခါးများ ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုနှင့်ပတ်သက်၍ အသေးစိတ်စစ်ဆေးခဲ့ရာ ပေါက်ကွဲပြီး မိုင်းပစ္စည်းအစအနများ အနေဖြင့် ပလပ်စတစ် ကွန်ကြူးပိုက်အစအနများ အလျား ၂ လက်မ၊ အနံ ၁ လက်မခွဲခန့် ဆားကစ်ပြား ၁ ခု၊ ကြွခလုတ်အပိုင်းအစ ၁ ခု၊ Panasonic Alkaline AA Size ဓာတ်ခဲ ၂ လုံးတွဲသုံး လျှပ်စစ်ဓာတ်အားပေးပိုင်း ၂ ခု၊ စတီးလ်ဘောစေ့အလုံး ၁၆၀၀ ခန့်ကို ရှာဖွေ တွေ့ရှိခဲ့ရာ အချင်း ၃ လက်မ၊ အရှည် ၅ လက်မခန့် ကွန်ကြူးပိုက်တွင် ပင်တိုပလပ်စ် အမျိုးအစား ယမ်းများနှင့် စတီးလ်ဘောစေ့ ၂၀၀၀ ခန့်ထည့်၍ လေလုံအောင် ထုပ်ပိုးကာ စနက်တံကို ကြွခလုတ်ဖြင့် ဆက်ထားပြီး ပစ္စည်းကို “မ”ယူစဉ် ပေါက်ကွဲအောင် စီမံထားသော ဒေသန္တရလက်လုပ်မိုင်း အမျိုးအစားဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ဗိုလ်မှူး ကျော်စွာနှင့်နန်းမို့မို့ဇော်တို့မှာ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၄ ရက်ကမင်္ဂလာဧည့်ခံပွဲ ပြုလုပ်ခဲ့ပြီး ယင်းတို့ဇနီးမောင်နှံ၏ အိမ်ထောင်ပရိဘောဂပစ္စည်းများကို MDY-9M 1203 ၄-တန်ခွဲ ဖောယာဉ်ဖြင့် နေပြည်တော်မှ ဘူးသီးတောင်သို့ပို့ဆောင်စေရာတွင် ဦးရဲထွန်း ၅၃ နှစ်ကမောင်းနှင်ပြီး ယာဉ်နောက်လိုက် အဖြစ် ဦးတိုးတိုးစံ ၂၉ နှစ် လိုက်ပါခဲ့ကြောင်းသိရသည်။

ယာဉ်သည် ဖေဖော်ဝါရီလ ၂၅ ရက် ညနေ ၄ နာရီခန့် အချိန် (ရသေ့တောင်-ဘူးသီးတောင် လမ်းခွဲ)မှဆက်သွားရသောကျောက်တန်းကျေးရွာဝန်းကျင်သို့အရောက်တွင်အရပ်ဝတ် ၀တ်ဆင်ထားသောလူ၂ ဦးက မော်တော်ယာဉ်ကို ရပ်တန့်စေ၍ ကားလမ်း၏အရှေ့ဘက် တောတွင်းတစ်နေရာသို့ မောင်းနှင်စေကာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းနေရာသို့ လက်နက်ကိုင်ထားသော အရပ်ဝတ်ဖြင့် ၆ ဦးခန့်ရောက်ရှိလာပြီး ယာဉ်ပေါ်သို့ တက်ရောက်ရှာဖွေခဲ့ပြီးယင်းလက်နက်ကိုင်အဖွဲ့က ယာဉ်ကိုည ၈ နာရီခန့်အချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၇ နာရီခန့်တွင် ဗိုလ်မှူး ကျော်စွာ၏ နေအိမ်သို့ မော်တော်ယာဉ် ရောက်ရှိကာ ဗိုလ်မှူး ကျော်စွာနှင့် စစ်သည်များက မော်တော်ယာဉ်ပေါ်မှ ပစ္စည်းများကို နေအိမ်အတွင်းသို့ ချနေစဉ် အရာရှိ၏ဇနီးဖြစ်သူက အိမ်ထောင်ပရိဘောဂပစ္စည်းများကို ထုတ်ယူကြည့်ရှုစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုအခါ အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်း နယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားပြီး တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.