ညသန်းခေါင်ကနေ မိုးလင်းပေါက်ထိ ရုပ်ရှင်ရိုက်ဖို့ ရှုတင်ကို အမေတကောလာရင်း Live လွှင့်ခဲ့တဲ့ အူဝဲ

ညသန်းခေါင်ကနေ မိုးလင်းပေါက်ထိ ရုပ်ရှင်ရိုက်ဖို့ ရှုတင်ကို အမေတကောလာရင်း Live လွှင့်ခဲ့တဲ့ အူဝဲ

ပရိသတ်တွေချစ်တဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က ဆယ်စုနှစ်တစ်စုကျော်စာ အနုပညာလောကမှာ အောင်အောင်မြင်မြင် ရပ်တည်နေနိုင်သူတစ်ဦးပါ။ သူမရဲ့ သရုပ်ဆောင်ကောင်းမှုနဲ့ ကျရာဇာတ်ရုပ်ကို စိတ်ရောကိုယ်ပါ အတိအကျနှစ်ပြီး သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင်အချင်းချင်းကတောင် အားပေးချစ်ခင်ကြပါတယ်။ အဲ့လို အပိုအလိုမရှိ သရုပ်ဆောင်မှုတွေကြောင့် အိန္ဒြာကျော်ဇင်က အကယ်ဒမီဆုကြီးတွေကိုလဲ လက်ဝယ်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

မတ်လ(၁)ရက်နေ့မှာတော့ အိန္ဒြာကျော်ဇင်က “ကျွန်မအချစ်ဆုံးယောက်ျားသုံးယောက်” Press Show ပွဲကို တက်ရောက်ခဲ့ပါတယ်။ ထိုပွဲကနေအပြန် သူမရဲ့ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “လရဲ့အောက်ဖက် မိုင်အဝေးမှာ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့ ရှုတင်ကို အပြေးလေးသွားရင်း Live လွှင့်ခဲ့ပါတယ်။

အလုပ်တွေ မရပ်မနားလုပ်နေရတဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်

အနုပညာရှင်ဆိုတာ အမြင်အရ ကြော့ကြော့လေးနေရတယ်လို့ ထင်ရပေမယ့် တကယ့်တကယ်တော့ အားလပ်ချိန်ဆိုတာ မရှိလောက်အောင် ပင်ပန်းခက်ခဲလွန်းပါတယ်။

ပရိသတ်ချစ်တဲ့ မင်းသမီးချေ အိန္ဒြာကျော်ဇင်ကတော့ သူမရဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလဲ အိန္ဒြာကျော်ဇင်ကို အခုထက်ပိုပြီး ချစ်ပေး အားပေးကြဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.