မင်းသွေးရဲ့ အသစ်ထွက်ရှိမယ့် သီချင်းခွေလေးကို ဝန်းရံပေးလိုက်တဲ့ နေတိုး

မင်းသွေးရဲ့ အသစ်ထွက်ရှိမယ့် သီချင်းခွေလေးကို ဝန်းရံပေးလိုက်တဲ့ နေတိုး

ပရိသတ်တွေချစ်တဲ့ သရုပ်ဆောင်နှင့် အဆိုတော် မင်းသွေးက သူချစ်တဲ့ ပရိသတ်တွေနဲ့ မိသားစုတွေကို ခွဲခွာသွားတာ ၅ လ တင်းတင်းရှိပြီဖြစ်ပါတယ်။ ဒါပေမယ့် ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကတော့ မင်းသွေးကို ဒီနေ့ဒီအချိန်ထိ မေ့လို့မရသေးပါဘူး။ မင်းသွေးရဲ့ အစ်ကိုအရင်းဖြစ်သူ နေတိုးလဲ မင်းသွေးအတွက် စိတ်မကောင်းဖြစ်နေတုန်းဆိုတာ အသေအချာပါပဲ။

မင်းသွေးက သူမကွယ်လွန်ခင် သူ့ရဲ့ သီချင်းအယ်လ်ဘမ်အသစ်ဖြစ်တဲ့ “ပထမသုံး” ဆိုတဲ့ အယ်လ်ဘမ်ကို ပြုလုပ်နေတာဖြစ်ပါတယ်။ ထိုအယ်လ်ဘမ်မှာတော့ မင်းသွေးနဲ့အတူတူ ရခိုင်တိုင်းရင်းသားတွေဖြစ်တဲ့ ညီမင်းခိုင်၊ သားငယ်တို့ကလဲ ပါဝင်သီဆိုထားတာဖြစ်ပါတယ်။

ထို “ပထမသုံး” ဆိုတဲ့ အယ်လ်ဘမ်လေးကို လာမယ့် မတ်လ(၁၀)ရက်နေ့မှာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ နေတိုးကလဲ ညီလေးငယ်မင်းသွေးအတွက် “ပထမသုံး” ဆိုတဲ့ အယ်ဘ်ဘမ်လေးကို ဝန်းရံပေးလိုက်ပြီး “ပထမသုံးအတွက် စကားလုံးတွေမလိုပါဘူး” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒီအခွေလေးကို ပရိသတ်တွေလက်ထဲရောက်ဖို့ မတ်လ(၁၀)ရက်နေ့မှာ စတင်ဖြန့်ချီမှာဖြစ်ပါတယ်။

နေတိုးနဲ့ မင်းသွေးတို့ရဲ့ သံယောဇဉ်ကတော့ တကယ်ကြီးရှာပါတယ်။ ပရိသတ်ကြီးလဲ မင်းသွေး၊ သားငယ်၊ ညီမင်းခိုင်တို့ရဲ့ “ပထမသုံး” ဆိုတဲ့ အယ်လ်ဘမ်ကို အားပေးဖို့ မမေ့ကြပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.