အိမ်အဝေးမှာ ရောက်နေပီး သားတွေကို လွမ်းနေပေမဲ့ ခိုလှုံရာ အရပ်က ကလေးတွေဆော့ကစားနေတာ မြင်ရတာက သားအရင်း တွေမြင် ရသလိုပါပဲ လို့ ပြောလာတဲ့ ဒါရိုက်တာ ကိုပေါက်
ဘာလိုလိုနဲ့ နှစ်တစ်နှစ်နဲ့ နောက်ဆုံးလကို ရောက်လာပြီ။ ဒီဇင်ဘာမှာ မြူနှင်းဖွဲဖွဲမှုန်တဲ့အခါ အိမ်နဲ့ဝေးနေကြရသူတို့ခမျာလည်း အလွမ်းတွေ ဝေ ကြရတယ်။ အဲဒီလို လွမ်းနေရသူတွေထဲမှာ ပြည်သူ့ဘက်တော်သား ဒါရိုက်တာ ကိုပေါက်လည်း တစ်ယောက် အပါအဝင်ပေါ့။
အရာအားလုံးကို ကျောခိုင်းထားခဲ့ရပေမဲ့ ဖခင်တစ်ယောက်အနေနဲ့ သားတွေကို လွမ်းဆွတ်တဲ့ ဝေဒနာကိုတော့ ဘယ်အပျော်ကမှ ကုစား ပေးနိုင်မယ် မထင်ပါဘူး။ ဒီနေ့မနက်ပဲ ဒါရိုက်တာ ကိုပေါက်ဟာ သူ့ရဲ့ facebook စာမျက်နှာမှာ လွမ်းသမျှကို ခုလို စာရေးဖွဲ့ထားပါတယ်။
“ကျန်တဲ့ နေရေး ထိုင်ရေး စားရေး သောက်ရေး အားလုံး အဆင်ပြေအောင် ကျနော် နေတတ်ပါတယ်။ ဒါပေမယ့် မိသားစုကို လွမ်းရတဲ့အခါ ကျနော် အဆင်မပြေဘူး။” 
သားတွေနဲ့ ဝေးနေရတာ ကြာပြီဆိုတော့လည်း ကိုပေါက်ခမျာ ဝမ်းနည်း ပူဆွေးနေရတယ်။ ဒါပေမဲ့ နှလုံးသားကြီးမားသူ ဖြစ်တဲ့အတွက် ရောက်ရာအရပ်မှာ ပျော်အောင် နေတတ်ပါတယ်။ အဲဒီအရပ်က ကလေးတွေနဲ့ ဆော့ကစားရင်း သူတို့ပျော်တာ မြင်ရတဲ့အခါ သူ့သားအ ရင်းတွေကို မြင်ရသလိုပါပဲလို့ သူက ရင်ဖွင့်ထားပါတယ်။
Advertisement
“အံကို တင်းပြီး လက်သီးဆုပ်ထားတယ်
ရင်ကိုကော့ပြီး ခေါင်းမော့ထားပါတယ်။”
ဒါကတော့ ကိုပေါက်ရဲ့ အားတင်းစကားသံ ဖြစ်ပါတယ်။ ကိုပေါက်လည်း သားများနဲ့ အမြန်ဆုံး ပြနါတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။
[zawgyi]
Advertisement
Advertisement
Advertisement
Be the first to comment
Leave a Reply
Your email address will not be published.
*