ပထမဦးဆုံးမို့လို့ သည်းခံပြီး ဖတ်ကြည့်ပေးပါ အသက်တော့ မမေးခဲ့ရဘူး ၅ တန်းဖြေထားပြီး ၆ တန်းတက်မှာတဲ့

ပထမဦးဆုံးမို့လို့ သည်းခံပြီး ဖတ်ကြည့်ပေးပါ အသက်တော့ မမေးခဲ့ရဘူး ၅ တန်းဖြေထားပြီး ၆ တန်းတက်မှာတဲ့

ကိုယ့် wall ထဲ တစ်ခါမှ မတင်ဖူး ဘူး ပထမဦးဆုံးမို့လို့ သည်းခံပီး ဖတ်ကျိပေးပါ အသက်တော့ မမေးခဲ့ရဘူး 5တန်းဖြေထားတယ်တဲ့ 6တန်းတက်မှာတဲ့ 

နေတာက 7မိုင် ကတဲ့ အဖေက မရှိတော့ဘူး မနက်ဆိုလဲ အစောကြီး 4နာရီခွဲလောက် ထရပီး 7မိုင်ကနေ ကြည့်မြင်တိုင် ငါးဈေးကို ငါးသွားဝယ်ရတယ်တဲ့ လိုင်းကားနဲ့ဆို နံမှာဆိုးလိုးလား မေးတော့ မမေးခဲ့ လိုက်ဘူး နေ့လည် ဆို တစ်ချိန် သွားဝယ်ရတယ်တဲ့ တွေ့ခဲ့ တဲ့စက်ဘီးလေးနဲ့ ကိုယ်ကို မေးရှာတယ် ကိုကြီး ပြည်လမ်းက စက်ဘီးတွေ မဖမ်းပါဘူးတဲ့ နော်တဲ့ ဦးထုပ်လည်း မပါဘူး ဖိနပ် ကလဲ ပေါက်နေလို့ ခြေထောက်တွေနာလို့ မစီးနိုင်ဘူးတဲ့ ခြေပြောင်လေးနဲ့ နင်းနေတာ

ညီလေး နေ့ခင်းဘက် ပူတယ် စက်ဘီးဦးထုပ်ဆောင်း လို့ ပြောတော့ မဝယ်နိုင် သေးပါဘူး ကိုကြီးရယ်တယ့် စက်ဘီးလေးတောင် ပိုက်ဆံလေး မနည်းစု ပီး ဝယ်ထားရတာတဲ့ အမေက ငါးရောင်းတော့သူကိုလည်း သိပ် မပူဆာချင်ဘူးတယ့် ကိုယ်ပါ မျက်ရည် ဝဲတယ် သူအသက်အရွယ်နဲ့ မလိုက်အောင် ရုန်းကန်နေရရှာတယ် ကိုယ်မှာလည်း လကုန်ရက်ဆိုတော့ လခကမထုတ်သေး ပိုက်ဆံက မရှိ သူအတွက် ဝယ်ပေးချင်တာ ပြောချင်တာက အဲကလေး ကလေး ကိုတွေ့ရင် ကားမောင်း နေတာပဲ ဖစ်ဖစ် ဒီအတ်ုင်း ရှောင်ပီး မောင်းမေးကြပါ ဗျာ

နောက်ပီး ကလေးနဲ့ မလိုက်တဲ့ အရွယ်လေး မို့လို့ သူခဗျာ လှည်းတန်း မီးပွိုင့်ကို မကူးရဲရှာဘူး ကိုယ်နောက်က နေ အသက်ကုန် နင်းပီး လိုက်ရှာတာ သူ အရွယ်လေး နဲ့ လောကဓံ ကို အံတုနေတာ နောက်တစ်ခါ တွေ့ပါစေလို့ ဆုတောင်းတယ် စက်ဘီးစီး ဦးထုပ်လေးရယ် ဖိနပ်လေးရယ် သွားဝယ်ပေး မို့. ဒါပါပဲ ဖတ်ကျိပေးတာ ကျေးဇူး တင်ပါတယ် 

(မှတ်ချက် ဓါတ်ပုံရိုက်တာ သူမတိပါဘူး ကျနော်ကို မေးနေတာကို ခိုးပီး ရိုက်လာတာပါ)

Credit-Wai Yan Tun

Comments are closed.