နိုင်းဝမ်းရဲ့ ဖျော်ဖြေမှုမှာ အပီအပြင်ဒွန့်နေတဲ့ ဘားအံတက္ကသိုလ်မှ ကျောင်းသူလေးရဲ့ ဗီဒီယို

နိုင်းဝမ်းရဲ့ ဖျော်ဖြေမှုမှာ အပီအပြင်ဒွန့်နေတဲ့ ဘားအံတက္ကသိုလ်မှ ကျောင်းသူလေးရဲ့ ဗီဒီယို

မကြာခင်အချိန်မှာ ကျရောက်လာတော့မယ့် သင်္ကြန်ပွဲတော်အတွက် တစ်နိုင်ငံလုံး ရင်ခုန်စွာ စောင့်မျှော်နေကြမှာ အသေအချာပါပဲ။ တက္ကသိုလ်ကျောင်းတွေကလဲ စာမေးပွဲမစစ်ခင် ကျောင်းသား ကျောင်းသူတွေကို ပျော်ပွဲရွှင်ပွဲ အနေနဲ့ ကျောင်းသင်္ကြန်ပွဲကို ကျင်းပပေးတာဖြစ်ပါတယ်။ နာမည်ကြီး အဆိုတော်တွေနဲ့ စတုဒိသာမဏ္ဍပ်တွေနဲ့ ကျောင်းသင်္ကြန်ပွဲတွေကို တစ်နိုင်ငံလုံးက တက္ကသိုလ်ကျောင်းတွေမှာ ကျင်းပကြပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့ရှိ ဘားအံ့တက္ကသိုလ်မှာလဲ ဒီကနေ့ ကျောင်းသင်္ကြန်ပွဲကို ကျင်းပခဲ့ပြီး နိုင်ငံကျော်အဆိုတော်တွေများစွာ သွားရောက်ဖျော်ဖြေခဲ့ကြပါတယ်။

လူငယ်ကြိုက်အဆိုတော် နိုင်းဝမ်းရဲ့ သီဆိုဖျော်ဖြေမှုမှာတော့ ကျောင်းသားကျောင်းသူတွေ အားလုံးပျော်ရွှင်ခဲ့ကြပြီး ကျောင်းသူလေးတစ်ယောက်ကလဲ ပျော်ရွှင်လွတ်လပ်စွာ ကနေတဲ့ ဗီဒီယိုလေးကလဲ လူမှုကွန်ယက်မှာ ပျံ့နှံ့လို့လာပါတယ်။

ပျော်စရာကောင်းတဲ့ ကျောင်းသားဘဝ

အဆိုတော် နိုင်းဝမ်းကလဲ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ “အူးနိုင်းနဲ့တွေ့တော့ အကုန်ဒွန့်🤩🤩🤩ဒါနဲ့…ဆရာမ အရမ်းမိုက်ပါတယ်လို့😍😍😍” လို့ဆိုပြီး ကျောင်းသူလေးကို အသိအမှတ်ပြု ချီးကျူးထားပါတယ်။

စာမေးပွဲကြီး မဖြေခင် ကျောင်းသားကျောင်းသူတွေအတွက် တစ်နှစ်မှတစ်ခါသာ ကြုံရတဲ့ ပျော်ပွဲရွှင်ပွဲကြီးမို့ အရမ်းပျော်နေကြတာပဲ ဖြစ်ပါတယ်။ ထိုကျောင်းသူလေးကလဲ ပျော်ပျော်နေတတ်တဲ့ လူငယ်လေးမို့ အပြစ်မဆိုသာပဲ ချစ်စရာကောင်းနေတာကို တွေ့ရပါတယ်။ ကျောင်းသား ကျောင်းသူတွေလဲ မကြာခင်ဖြေဆိုကြရတော့မယ့် စာမေးပွဲကြီးမှာ ဘာသာရပ်တိုင်း အောင်မြင်စွာဖြေဆိုနိုင်ကြပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.