သမီးမော်ဒယ်လေးအတွက် အထုတ်ဆွဲပေးဖို့အတွက် ငပလီသွားနေတဲ့ စမိုင်းလ်

သမီးမော်ဒယ်လေးအတွက် အထုတ်ဆွဲပေးဖို့အတွက် ငပလီသွားနေတဲ့ စမိုင်းလ်

အပြုံးချိုချိုလေးတွေရဲ့ ပိုင်ရှင်စမိုင်းလ်က ပရိသတ်တွေ အားကျရတဲ့ သာယာအေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပါ။ စမိုင်းလ်က အလိုလိုက်ပြီး မျက်နှာအညှိုးမခံတဲ့ ခင်ပွန်း၊ နိုင်ငံခြားသူလေးတွေလို လှပချစ်စရာကောင်းတဲ့ သမီးနှစ်ဦးနဲ့ ပျော်စရာကောင်းတဲ့ နေ့ရက်တွေကို ကုန်ဆုံးနေတာပဲဖြစ်ပါတယ်။စမိုင်းလ်က အနုပညာလုပ်ငန်းတွေ အရင်လောက်မလုပ်ကိုင်ပေမယ့် ပရိသတ်တွေကတော့ သူမကိုချစ်ခင်အားပေးလျက်ပါပဲ။

စမိုင်းလ်ရဲ့ သမီးကြီးဖြစ်သူ ပေါ်ရှာကလဲ အမေလိုပဲ ညိုချောလေးမို့ ပရိသတ်တွေက ချစ်ခင်ကြပါတယ်။

ဒီနေ့မှာတော့ စမိုင်းလ်ရဲ့ သမီးလေး ပေါ်ရှာက မဂ္ဂဇင်းကြော်ငြာတစ်ခုရိုက်ဖို့အတွက် ငပလီကသွားနေတာပဲ ဖြစ်ပါတယ်။ မေမေစမိုင်းလ်ကလဲ သမီးလေးအတွက် အထုတ်ဆွဲပေးဖို့ ငပလီကိုလိုက်ပါသွားပြီလို့ သိရပါတယ်။

“သမီးကြီး magazine cover ရိုက် မေမေအထုတ်ဆွဲရန်သွားပါပြီ ငပလီ” ဆိုတဲ့ စမိုင်းလ်

ပေါ်ရှာကလဲ မေမေနဲ့တူလို့ အရမ်းလှတာပဲနော်။ သမီးလေးကို ပါရမီဖြည့်ပေးတဲ့ မေမေစမိုင်းလ်ကလဲ မိခင်ကောင်းတစ်ယောက်တကယ် ပီသပါတယ်။ ငပလီမှာ ပေါ်ရှာလေး ဘယ်လိုပုံတွေရိုက်လာဦးမလဲဆိုတာ အတူတူစောင့်ကြည့်ကြမယ်နော် ပရိသတ်ကြီးရေ…

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.