မဟုတ်တာလုပ်ရင်တည့်ကြတယ်ဆိုတဲ့ အိမ့်ချစ်နဲ့ ဂျူနီယာချစ်ကောင်း

မဟုတ်တာလုပ်ရင်တည့်ကြတယ်ဆိုတဲ့ အိမ့်ချစ်နဲ့ ဂျူနီယာချစ်ကောင်း

ချစ်ကောင်းလို့ ပြောလိုက်တာနဲ့ ပရိသတ်တော်တော်များများ အားပေးပြီးသား ခပ်မိုက်မိုက် အဆိုတော်ကြီး ဆိုတာကို သိကြမှာပါ။ ချစ်ကောင်းကတော့ သူတယောက်ထဲ နာမည်ကြီးရုံနဲ့ မပြီးသေးပဲ သူ့သမီးအိမ့်ချစ်ကိုပါ နာမည်ကြီးစေခဲ့ပါတယ်။ အဆိုတော်အိမ့်ချစ်ကလည်း တကယ်ကို ကြိုးစားပြီး သီချင်းကောင်းတွေအများကြီး ထွက်ခဲ့တာကြောင့် နာမည်ရခဲ့ပါတယ်။ လက်ရှိမှာတော့ အိမ့်ချစ်အပြင် သူ့ရဲ့သား ဂျူနီယာချစ်ကောင်းကလည်း အနုပညာလောကထဲ ဝင်လာပြီး အစ်မနဲ့ သီချင်းတွေ တွဲလုပ်နေပြီ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး အနုပညာလုပ်တဲ့ အတွေ့အကြုံလေးတွေကိုတော့ ပြောပြထားပါတယ်။

Myanmar Platform နဲ့ အင်တာဗျူးမှာတော့ မောင်နှမနှစ်ယောက် အတွဲညီညီ သီချင်းဆိုဖြစ်တာနဲ့ ပတ်သက်ပြီး အိမ့်ချစ်က “အစကတော့ အဆင်မပြေပါဘူး။ အိမ့်ချစ်နဲ့ အဖေနဲ့ ဆိုတုန်းကလိုပေါ့။ သူနဲ့လည်း အစကတော့ အဲ့လိုပါပဲ။ ကိုယ်ကသူ့ကိုလိုက်ကြည့် သူကလိုက်မကြည့်ဘူး။ ကိုယ့်မှာ အရူးကြီးလိုပဲ။ အခုတော့ သူလည်းဆိုလာတာ အချိန်ရလာပြီဆိုတော့ အဆင်ပြေလာပါပြီ။ သူက အစက လူတွေကြောက်တတ်တယ်။ နောက်ပိုင်းမှာ အဆင်ပြေလာတာပါ”

အစ်မဖြစ်သူနဲ့ သီချင်းတူတူဆိုရတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး “ပျော်ပါတယ်။ စစဆိုချင်းတုန်းကတော့ ကြောက်တယ်ပေါ့။ ပရိသတ်ကိုလည်းကြောက်ပေါ့။ နောက်ပိုင်းမှာတော့ ဆိုရင်းဆိုရင်းနဲ့ ပျော်လာပါတယ်။ သူလည်း သင်တော့သင်ပေးပါတယ်။ နောက်ပိုင်းတော့လည်း သိပ်မသင်ပေးတော့ဘူးလေ။ ကိုယ်မှားရင် ကိုယ်ခံရမှာဆိုတော့ လက်တွေ့ကျကျပဲ သင်ယူရမှာပေါ့”

မောင်နှမနှစ်ယောက်ပေါင်းပြီး အခွေထုတ်ဖို့ရှိလားဆိုတဲ့ အပေါ်မှာတော့ “ရှိပါတယ်။ နှစ်ယောက်တွဲပြီးတော့ သီချင်းတွေထုတ်ဖို့ရှိပါတယ်။ အဖေနဲ့လည်း ပွဲအကြီးကြီးတွေ လုပ်နိုင်အောင် ကြိုးစားနေပါတယ်။ အခွေလုပ်ပြီးမှ ရှိုးပွဲလုပ်ဖြစ်မှာပေါ့။ သူ့အတွက်လည်း နာမည်ရအောင် နည်းနည်းအချိန်ပေးပြီး လုပ်ရဦးမယ်လေ”

မောင်နှမနှစ်ယောက် မတည့်တဲ့အချိန်တွေ ရှိလားဆိုတဲ့ အပေါ်မှာတော့ “မဟုတ်တာကို တူတူလုပ်လို့ရှိရင် တည့်တယ်။ တယောက်က သွားပျော်ပါးနေပြီး ကိုယ့်ကို မခေါ်ဘူးဆိုရင် အမေ့ကို တိုင်တာပေါ့။ နှစ်ယောက်တူတူသွားရင်တော့ အဆင်ပြေပါတယ်။ မသွားရရင်တော့ တယောက်ကို တယောက်တိုင်ကြတာပေါ့” ဟု ပြောကြားသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.