အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ်မှာ လက်နက်ကြီးတွေနဲ့ တိုက်ပွဲတွေ ဖြစ် ၊ ထိခိုက်ကျဆုံးမှူများ ရှိလာ

အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ်မှာ လက်နက်ကြီးတွေနဲ့ တိုက်ပွဲတွေ ဖြစ် ၊ ထိခိုက်ကျဆုံးမှူများ ရှိလာ

အိန္ဒိယနဲ့ ပါကစ္စတန်ဟာ နယ်စပ်ထိန်းချုပ်မျဉ်းမှာ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ တိုက်ပွဲဖြစ်ပြီး ခုနစ်ဦး သေဆုံးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အငြင်းပွားကက်ရှ်မီးယားဒေသနဲ့ ရှေ့တန်းနယ်စပ်မှာ အိန္ဒိယနဲ့ ပါကစ္စတန်စစ်သားတွေ အပြန်အလှန်စစ်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး အရပ်သား ငါးဦးနဲ့ စစ်သားနှစ်ဦးသေဆုံးကာ တော်တော်များများ ဒဏ်ရာရတယ်လို့ နှစ်ဖက်စလုံးက ပြေပါတယ်။

ပါကစ္စတန်က ပစ်ချလိုက်တဲ့ အိန္ဒိယလေသူရဲကို ငြိမ်းချမ်းရေးသရုပ်အဖြစ် ပြန်လည်လွှတ်ပေးခဲ့ပေမယ့် နျူကလီးယားပိုင် ဒီနှစ်နိုင်ငံကြား မော်တာကျည်နဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာပါ။ စနေနေ့ ညပိုင်းမှာ စတိုက်ကြတာဖြစ်ပြီး နောက်တစ်နေ့ နံနက်အထိ တိုက်ပွဲဖြစ်နေရာမှာ အိန္ဒိယဖက်ခြမ်းက ကက်ရှ်မီးယားမှာ ကလေးငယ်နှစ်ဦးနဲ့ ၎င်းတို့ရဲ့ မိခင် သေဆုံးပါတယ်။

ါကစ္စတန်စစ်သားတွေရဲ့ အမြောက်ပစ်ခတ်မှုကြောင့် ၎င်းတို့ သုံးဦး သေဆုံးရတာ ဖြစ်တယ်လို့ ရဲက ဆိုပါတယ်။ “ညနေ ခြောက်နာရီမှာ ပါကစ္စတန်ဖက်က စပစ်တယ်။ သုါံ်နာရီလောက်ကြာတယ်။ လက်နက်ကျည် အိမ်တစ်လုံးပေါ် ကျမှန်ပြီး အပစ်မဲ့ကလေးငယ်နှစ်ဦးနဲ့ မိခင်ဖြစ်သူတို့ သေဆုံးရတယ်။”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အိန္ဒိုယဖက်က ပစ်ခတ်မှုမှာ စစ်သားနှစ်ဦး ကျဆုံးကြောင်း ပါကစ္စတန်စစ်တပ်ဖက်က ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ကက်ရှ်မီးယားက အိန္ဒိယယာဉ်တန်းကို တိုက်ခိုက်လို့ အရံတပ်သား ၄၀ ကျဆုံးပြီးနောက်မှာ နှစ်နိုင်ငံကြား တင်းမာလာခဲ့တာဖြစ်ပါတယ်။ ပါကစ္စတန်မှာ အခြေစိုက်တဲ့ စစ်သွေးကြွအဖွဲ့က ကျူးလွန်တဲ့ ဒီတိုက်ခိုက်မှုကို အိန္ဒိယဖက်က ပါကစ္စတန်ပိုင်နက်ထဲ စစ်သွေးကြွစခန်းတွေကို ချေမှုန်းရင်း လက်တုံ့ပြန်ခဲ့ရာက တင်းမာမှု မြင့်တက်ခဲ့ပါတယ်။

အဲဒီ လေကြောင်းစစ်ဆင်ရေးမှာ အသေအဆုံးများပြားတယ်လို့ အိန္ဒိယက ပြောပေမယ့် သက်သေထုတ်ပြန်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ပါကစ္စတန်ကတော့ အိန္ဒိယရဲ့ အဲဒီလေကြောင်းထိုးစစ်မှာ ပျက်စီးဆုံးရှုံးမှု မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။

အိန္ဒိယရဲ့ ဒီလို ပိုင်နက်ကျူးကျော် တိုက်ခိုက်မှုကို ပါကစ္စတန်က လက်တုံ့ပြန်ပြီး အိန္ဒိယတိုက်လေယာဉ်နှစ်စီးကို ပစ်ချလိုက်ပါတယ်။ ဖမ်းဆီးရမိတဲ့ လေယာဉ်မှူးကို ငြိမ်းချမ်းရေးအထိမ်းအမှတ်အတွက် ပြန်လည်လွှတ်ပေးလိုက်တာဖြစ်ပေမယ့် နှစ်နိုင်ငံကြား နယ်စပ်မှာ ထိပ်တိုက်တွေ့မှုတွေ ဖြစ်တည်နေဆဲပဲ ဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Rf; Aljazeera
Writer_မောင်သံဆင့် ( Daily Hot News )

Comments are closed.